လက်ရှိရာသီ လီဗာပူးရဲ့ အားနည်းချက်ကို ထောက်ပြခဲ့တဲ့ အာဆင်ဝင်းဂါး

ပြီးခဲ့တဲ့ရာသီက ( ၁၉၉၀ ) နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိခဲ့တဲ့ လီဗာပူးအသင်းဟာ ဒီရာသီမှာ အမှတ်ပေးဇယား အဆင့် ( ၄ ) နေရာတွင် ရပ်တည်နေပြီး အဆင့် ( ၁ ) နေရာက မန်စီးတီးအသင်းအောက် ( ၁၃ ) မှတ်လျော့နည်းလျက်ရှိပါတယ်။ မန်စီးတီးအသင်းက လက်ရှိမှာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ( ၁၁ ) ပွဲဆက် ရှံုးပွဲမရှိသေးပဲ ယူနိုက်တက် ၊ လက်စတာ ၊ လီဗာပူး စတဲ့ အသင်းတွေအောက် တစ်ပွဲလျော့ ကစားထားပါတယ်။

ယာဂန်ကလော့က လက်စတာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်အပြီး “ အရိုးသားဆုံးပြောရရင် ကျွန်တော်တို့အနေနဲ့ ဒီရာသီ အမှတ်ကွာဟမှုကို ကျဥ်းမြောင်းအောင် လုပ်နိုင်တော့မယ်လို့ မထင်ပါဘူး” ဟု ဝန်ခံပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းက လက်ရှိမှာ ပရီးမီးယားလိဂ် ( ၃ ) ပွဲဆက် ရှုံးနိမ့်ထားပြီး နောက်ဆုံးကစားခဲ့တဲ့ ( ၁၀ ) ပွဲမှာ ( ၂ ) ပွဲသာ အနိုင်ရရှိထားပါတယ်။

အာဆင်နယ် နည်းပြဟောင်း အာဆင်ဝင်းဂါးက beIN Sports နဲ့ တွေ့ဆုံရာမှာ “ ဒီရာသီ လီဗာပူးရုန်းကန်နေရတဲ့ အဓိက အကြောင်းပြချက်တွေထဲက တစ်ခုတော့ သူတို့အနေနဲ့ ဗာဂျယ် ဗန်ဒိုက်ကို ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်” ဟု ေပြာဆိုခဲ့ပါတယ်။ “ ဟန်ဒါဆန်နှင့် မီလ်နာက ကွင်းလယ်မှာ ကစားတဲ့အခါ ဘောလုံးကို တိုက်စစ်မှာပဲ လုယူနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် ဟန်ဒါဆန်က နောက်တန်းကို ပြောင်းကစားရတဲ့အခါ အဆိုပါ စွမ်းဆောင်ရည်ပါ ဆုံးရှုံးသွားပါတယ်”

“ ယခင်က လီဗာပူးမှာ ပြိုင်ဘက်အသင်းကို အချိန်ခဏတာပဲ ဘောလုံးကိုင်ကစားခွင့်ပြုပြီး အဆိုပါ ကစားပုံက အလုပ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ ဖွဲ့စည်းပုံကို ပြောင်းလဲလိုက်တဲ့အခါ ပြိုင်ဘက် အသင်းကို ဘောလုံးကိုင်ကစားခွင့် ပိုပေးလိုက်သလို ဖြစ်သွားပါတယ်”

“သူတို့က ဘောလုံးကို ရှေ့မှာပဲ ရအောင်လုယူပြီး တိုက်စစ်မှူးတွေထံ အလျင်အမြန် ပေးပို့‌ေလ့ရှိခဲ့တယ်။ ဒါက သူတို့ အောင်မြင်မှုရရှိတဲ့ အဓိက အကြောင်းပြချက် ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာ အဆိုပါအချက်တွေ အနည်းငယ် ေပျာက်ဆုံးနေပါတယ်” လီဗာပူးဟာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ်မတိုင်မီ လာမယ့် အင်္ဂါနေ့ညမှာ လိုက်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ် ကစားရဖို့ ရှိနေပါတယ်။

Zawgyi

လက္ရွိရာသီ လီဗာပူးရဲ႕ အားနည္းခ်က္ကို ေထာက္ျပခဲ့တဲ့ အာဆင္ဝင္းဂါး

ၿပီးခဲ့တဲ့ရာသီက ( ၁၉၉၀ ) ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ရရွိခဲ့တဲ့ လီဗာပူးအသင္းဟာ ဒီရာသီမွာ အမွတ္ေပးဇယား အဆင့္ ( ၄ ) ေနရာတြင္ ရပ္တည္ေနၿပီး အဆင့္ ( ၁ ) ေနရာက မန္စီးတီးအသင္းေအာက္ ( ၁၃ ) မွတ္ေလ်ာ့နည္းလ်က္ရွိပါတယ္။ မန္စီးတီးအသင္းက လက္ရွိမွာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ( ၁၁ ) ပြဲဆက္ ရွံုးပြဲမရွိေသးပဲ ယူႏိုက္တက္ ၊ လက္စတာ ၊ လီဗာပူး စတဲ့ အသင္းေတြေအာက္ တစ္ပြဲေလ်ာ့ ကစားထားပါတယ္။

ယာဂန္ကေလာ့က လက္စတာအသင္းကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီး “ အ႐ိုးသားဆုံးေျပာရရင္ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီရာသီ အမွတ္ကြာဟမႈကို က်ဥ္းေျမာင္းေအာင္ လုပ္ႏိုင္ေတာ့မယ္လို႔ မထင္ပါဘူး” ဟု ဝန္ခံေျပာၾကားခဲ့ပါတယ္။ လီဗာပူးအသင္းက လက္ရွိမွာ ပရီးမီးယားလိဂ္ ( ၃ ) ပြဲဆက္ ရႈံးနိမ့္ထားၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ေနာက္ဆုံးကစားခဲ့တဲ့ ( ၁၀ ) ပြဲမွာ ( ၂ ) ပြဲသာ အႏိုင္ရရွိထားပါတယ္။

အာဆင္နယ္ နည္းျပေဟာင္း အာဆင္ဝင္းဂါးက beIN Sports နဲ႔ ေတြ႕ဆုံရာမွာ “ ဒီရာသီ လီဗာပူး႐ုန္းကန္ေနရတဲ့ အဓိက အေၾကာင္းျပခ်က္ေတြထဲက တစ္ခုေတာ့ သူတို႔အေနနဲ႔ ဗာဂ်ယ္ ဗန္ဒိုက္ကို ဆုံးရႈံးလိုက္ရတာ ျဖစ္ပါတယ္” ဟု ေျပာဆိုခဲ့ပါတယ္။ “ ဟန္ဒါဆန္ ႏွင့္ မီလ္နာက ကြင္းလယ္မွာ ကစားတဲ့အခါ ေဘာလုံးကို တိုက္စစ္မွာပဲ လုယူႏိုင္စြမ္း ရွိပါတယ္။ ဒါေပမယ့္ ဟန္ဒါဆန္က ေနာက္တန္းကို ေျပာင္းကစားရတဲ့ အခါ အဆိုပါ စြမ္းေဆာင္ရည္ပါ ဆုံးရႈံးသြားပါတယ္”

“ ယခင္က လီဗာပူးမွာ ၿပိဳင္ဘက္အသင္းကို အခ်ိန္ခဏတာပဲ ေဘာလုံးကိုင္ကစားခြင့္ျပဳၿပီး အဆိုပါ ကစားပုံက အလုပ္ျဖစ္ခဲ့တယ္။ ဒါေပမယ့္ သူတို႔ရဲ႕ ဖြဲ႕စည္းပုံကို ေျပာင္းလဲလိုက္တဲ့အခါ ၿပိဳင္ဘက္ အသင္းကို ေဘာလုံးကိုင္ကစားခြင့္ ပိုေပးလိုက္သလို ျဖစ္သြားပါတယ္” “သူတို႔က ေဘာလုံးကို ေရွ႕မွာပဲ ရေအာင္လုယူၿပီး တိုက္စစ္မႉးေတြထံ အလ်င္အျမန္ ေပးပို႔‌ေလ့ရွိခဲ့တယ္။ ဒါက သူတို႔ ေအာင္ျမင္မႈရရွိတဲ့ အဓိက အေၾကာင္းျပခ်က္ ျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔မွာ အဆိုပါအခ်က္ေတြ အနည္းငယ္ ေပ်ာက္ဆုံးေနပါတယ္”

လီဗာပူးဟာ အဲဗာတန္အသင္းနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္မတိုင္မီ လာမယ့္ အဂၤါေန႔ညမွာ လိုက္ဇစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ကစားရဖို႔ ရွိေနပါတယ္။