
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဂျာမနီအသင်းဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ အက်ဖ်ဖင်ဘက်က ယူရို-၂၀၂၀ ပြိုင်ပွဲတစ်လျှောက် ဂျာမနီအသင်းရင်ဆိုင်ရတဲ့အသင်းတွေထဲမှာ အင်္ဂလန်အသင်းဟာ အလွယ်ကူဆုံးပြိုင်ဘက်ဖြစ်တယ်လို့ လှောင်ပြောင်ပြောဆိုခဲ့ပါတယ်။
ဂျာမနီအသင်းဟာ ယူရို-၂၀၂၀ပြိုင်ပွဲရဲ့ Group Of Death မှာ ကျရောက်ခဲ့ပေမယ့် (၄)မှတ်နဲ့အုပ်စုဒုတိယအဖြစ် ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး မနက်ဖြန်ကျရင် ဝင်ဘလေကွင်းမှာ သူတို့ရဲ့အစဉ်အလာပြိုင်ဘက် အင်္ဂလန်အသင်းနဲ့ ရင်ဆိုင်ကစားရမှာပါ။
အင်္ဂလန်အသင်းကတော့ အုပ်စုတွင်းမှာ ခရိုအေးရှားကို (၁-ဝ)ဂိုးနိုင်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ရှုံးကြွေးပြန်ဆပ်ခဲ့သလို စကော့တလန်နဲ့ ဂိုးမရှိသရေ၊ ချက်အသင်းကို (၁-ဝ)ဂိုးနဲ့အနိုင်ယူပြီးတော့ အုပ်စုပထမအဖြစ် နောက်တစ်ဆင့်တက်ခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲကို ဝင်ဘလေကွင်းမှာကစားရတာဖြစ်လို့ အိမ်ကွင်းအားသာချက်ရှိနေပေမယ့် အက်ဖ်ဖင်ဘက်ကတော့ အင်္ဂလန်ကို ဂျာမနီအသင်း အနိုင်ယူကျော်ဖြတ်နိုင်မယ်လို့ အခိုင်အမာပြောခဲ့တာပါ။
“ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဂျာမနီအသင်းရင်ဆိုင်ခဲ့ရတဲ့အသင်းတွေထဲမှာ အင်္ဂလန်က အလွယ်ကူဆုံးပြိုင်ဘက်လို့ ကျွန်တော်ယူဆပါတယ်။
အုပ်စုတွင်းမှာတုန်းက ကျွန်တော်တို့အသင်းဟာ ကမ္ဘာ့ချန်ပီယံပြင်သစ်၊ ယူရိုချန်ပီယံပေါ်တူဂီနဲ့သာမက ကစားရခက်တဲ့ ဟန်ဂေရီတို့နဲ့အတူ ကျရောက်ခဲ့ပြီး အဲဒီအုပ်စုကနေ နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။
အင်္ဂလန်အသင်းကတော့ အခုအချိန်အထိ ခက်ခဲတဲ့ပြိုင်ဘက်မျိုးနဲ့မဆုံတွေ့ရသေးဘဲ တိုက်စစ်အတွက် ဟယ်ရီကိန်းတစ်ယောက်တည်းအပေါ် ဦးတည်ကစားနေပြီး သူကလည်း ခြေစွမ်းမပြနိုင်သေးပါဘူး။
အဲဒါကြောင့် ဒီပွဲမှာ ကျွန်တော်တို့အသင်းအနိုင်ရမယ်လို့ သေချာပေါက်ပြောရဲပြီး ဖိအားရှိနေတာက အင်္ဂလန်အသင်းပဲဖြစ်ပါတယ်။
အိမ်ကွင်းမှာကစားရရင် လူငယ်အသင်းပဲဖြစ်ပါစေ ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ ဖိအားရှိနေလို့ပါပဲ”။
အင်္ဂလန်နဲ့ ဂျာမနီအသင်းတို့ဟာ အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ (၁၁)ကြိမ်မြောက်အဖြစ် ဆုံတွေ့ရမှာဖြစ်ပြီး ယူရိုနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုပေါင်းမှာ (၈)ကြိမ်မြောက်ဆုံတွေ့တာဖြစ်သလို အက်ဖ်ဖင်ဘက်က အဲဒီ(၁၁)ပွဲမှာ (၇)ပွဲအထိပါဝင်ကစားခဲ့သူဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
လက္ရွိယူ႐ိုၿပိဳင္ပြဲမွာ အဂၤလန္က ဂ်ာမနီတို႔အတြက္ အလြယ္ကူဆုံးၿပိဳင္ဘက္လို႔ ဂ်ာမန္ဂႏၴဝင္ေလွာင္ေျပာင္
ဂ်ာမနီအသင္းဂႏၴဝင္ကစားသမားတစ္ဦးျဖစ္တဲ့ အက္ဖ္ဖင္ဘက္က ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲတစ္ေလွ်ာက္ ဂ်ာမနီအသင္းရင္ဆိုင္ရတဲ့အသင္းေတြထဲမွာ အဂၤလန္အသင္းဟာ အလြယ္ကူဆုံးၿပိဳင္ဘက္ျဖစ္တယ္လို႔ ေလွာင္ေျပာင္ေျပာဆိုခဲ့ပါတယ္။ ဂ်ာမနီအသင္းဟာ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲရဲ႕ Group Of Death မွာ က်ေရာက္ခဲ့ေပမယ့္ (၄)မွတ္နဲ႔အုပ္စုဒုတိယအျဖစ္ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီး မနက္ျဖန္က်ရင္ ဝင္ဘေလကြင္းမွာ သူတို႔ရဲ႕အစဥ္အလာၿပိဳင္ဘက္ အဂၤလန္အသင္းနဲ႔ ရင္ဆိုင္ကစားရမွာပါ။
အဂၤလန္အသင္းကေတာ့ အုပ္စုတြင္းမွာ ခ႐ိုေအးရွားကို (၁-ဝ)ဂိုးႏိုင္ၿပီး ၂၀၁၈ ကမာၻ႔ဖလားဆီမီးဖိုင္နယ္ရႈံးေႂကြးျပန္ဆပ္ခဲ့သလို စေကာ့တလန္နဲ႔ ဂိုးမရွိသေရ၊ ခ်က္အသင္းကို (၁-ဝ)ဂိုးနဲ႔အႏိုင္ယူၿပီးေတာ့ အုပ္စုပထမအျဖစ္ ေနာက္တစ္ဆင့္တက္ခဲ့တာျဖစ္ပါတယ္။
အဂၤလန္အသင္းဟာ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲကို ဝင္ဘေလကြင္းမွာကစားရတာျဖစ္လို႔ အိမ္ကြင္းအားသာခ်က္ရွိေနေပမယ့္ အက္ဖ္ဖင္ဘက္ကေတာ့ အဂၤလန္ကို ဂ်ာမနီအသင္း အႏိုင္ယူေက်ာ္ျဖတ္ႏိုင္မယ္လို႔ အခိုင္အမာေျပာခဲ့တာပါ။ “ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ဂ်ာမနီအသင္းရင္ဆိုင္ခဲ့ရတဲ့အသင္းေတြထဲမွာ အဂၤလန္က အလြယ္ကူဆုံးၿပိဳင္ဘက္လို႔ ကြၽန္ေတာ္ယူဆပါတယ္။
အုပ္စုတြင္းမွာတုန္းက ကြၽန္ေတာ္တို႔အသင္းဟာ ကမာၻ႔ခ်န္ပီယံျပင္သစ္၊ ယူ႐ိုခ်န္ပီယံေပၚတူဂီနဲ႔သာမက ကစားရခက္တဲ့ ဟန္ေဂရီတို႔နဲ႔အတူ က်ေရာက္ခဲ့ၿပီး အဲဒီအုပ္စုကေန ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့ပါတယ္။ အဂၤလန္အသင္းကေတာ့ အခုအခ်ိန္အထိ ခက္ခဲတဲ့ၿပိဳင္ဘက္မ်ိဳးနဲ႔မဆုံေတြ႕ရေသးဘဲ တိုက္စစ္အတြက္ ဟယ္ရီကိန္းတစ္ေယာက္တည္းအေပၚ ဦးတည္ကစားေနၿပီး သူကလည္း ေျခစြမ္းမျပႏိုင္ေသးပါဘူး။
အဲဒါေၾကာင့္ ဒီပြဲမွာ ကြၽန္ေတာ္တို႔အသင္းအႏိုင္ရမယ္လို႔ ေသခ်ာေပါက္ေျပာရဲၿပီး ဖိအားရွိေနတာက အဂၤလန္အသင္းပဲျဖစ္ပါတယ္။ အိမ္ကြင္းမွာကစားရရင္ လူငယ္အသင္းပဲျဖစ္ပါေစ ခ်န္ပီယံျဖစ္ရမယ္ဆိုတဲ့ ဖိအားရွိေနလို႔ပါပဲ”။ အဂၤလန္နဲ႔ ဂ်ာမနီအသင္းတို႔ဟာ အဓိကႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြမွာ (၁၁)ႀကိမ္ေျမာက္အျဖစ္ ဆုံေတြ႕ရမွာျဖစ္ၿပီး ယူ႐ိုနဲ႔ကမာၻ႔ဖလားၿပိဳင္ပြဲႏွစ္ခုေပါင္းမွာ (၈)ႀကိမ္ေျမာက္ဆုံေတြ႕တာျဖစ္သလို အက္ဖ္ဖင္ဘက္က အဲဒီ(၁၁)ပြဲမွာ (၇)ပြဲအထိပါဝင္ကစားခဲ့သူျဖစ္ပါတယ္။