





မန်ယူကွင်းလယ်လူအဲရစ်ဆင်ဟာ ကလပ်ရဲ့လက်ရှိကွင်းလယ်မှာ
အကောင်းဆုံးက ဘယ်သူဆိုတာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။





အဲဒီဒိန်းမတ်ပလေးမိတ်ကာဟာ ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်ကို
အလွတ်ပြောင်းလာခဲ့တာပါ။ သူဟာ မန်ယူအတွက် ပြိုင်ပွဲအရပ်ရပ်
ပွဲ ၂၀ ကစားပေးထားပြီး ၆ ဂိုးဖန်တီးထားကာ အချိန်တိုလေးအတွင်းမှာ





အသင်းပရိသတ်တွေရဲ့ဖေးဘရိတ်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
အဲရစ်ဆင်ဟာ ကမ္ဘာ့ဖလားမတိုင်ခင် ဖူလ်ဟမ်နဲ့ပွဲမှာလည်း





မန်ယူကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရရှိခဲ့တာပါ။
မန်ယူအသင်းဝက်ဘ်ဆိုဒ်နဲ့အင်တာဗျူးမှာ ကလပ်က လက်ရှိ
အကောင်းဆုံးကွင်းလယ်လူကို ရွေးခိုင်းတော့ အဲရစ်ဆင်က





ကက်စမဲရိုးနာမည်ကို ဖွင့်ပြောခဲ့ပါတယ်။ ကက်စမဲရိုးဟာလည်း
သူ့လိုပဲ ပြီးခဲ့တဲ့နွေရာသီမှာမှ မန်ယူကို ရောက်လာခဲ့တာပါ။





အဲဒီဘရာဇီးသားဟာ အသင်းနဲ့အထိုင်ကျဖို့အတွက် အချိန်ယူခဲ့ရပြီး
အခုတော့ တန်ဟက်ရဲ့အသင်းအတွက် အရေးပါသူတစ်ယောက်
ဖြစ်လာပါတယ်။ အတူတွဲကစားခွင့်ရတာ ဘာမှမကြာသေးပေမယ့်





ကက်စမဲရိုးဟာ အဲရစ်ဆင်အတွက် အထင်ကြီးစရာဖြစ်ခဲ့တာပါ။
”ကစားသမားတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် စတိုင်မတူကြသလို





အရည်အသွေးလည်း မတူကြပါဘူး။ မန်ယူမှာဆိုရင်တော့
ကက်စမဲရိုးလို့ ကျွန်တော်ပြောမှာပါ။ သူက ချန်ပီယံလိဂ်မှာလည်း
အကြိမ်အများကြီးဗိုလ်စွဲထားတာဆိုတော့ သူပဲဖြစ်သင့်ပါတယ်”လို့





အဲရစ်ဆင်က မန်ယူအသင်းဝက်ဘ်ဆိုဒ်ကို ပြောခဲ့ပါတယ်။
ဆွစ်ဇာလန်နဲ့ပွဲအပြီးမှာ တစ်လုံးတည်းသောအနိုင်ဂိုးသွင်းခဲ့တဲ့





ကက်စမဲရိုးကို သူ့ဘရာဇီးအသင်းဖော်နေမာကလည်း
ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူလို့ ချီးကျူးထားတာပါ။





zawgyi
လက္ရွိမန္ယူကြင္းလယ္မွာ ဘယ္သူက အေကာင္းဆုံးလဲဆိုတာ ဖြင့္ဟလိုက္တဲ့အဲရစ္ဆင္





မန္ယူကြင္းလယ္လူအဲရစ္ဆင္ဟာ ကလပ္ရဲ႕လက္ရွိကြင္းလယ္မွာ
အေကာင္းဆုံးက ဘယ္သူဆိုတာ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
အဲဒီဒိန္းမတ္ပေလးမိတ္ကာဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ယူႏိုက္တက္ကို





အလြတ္ေျပာင္းလာခဲ့တာပါ။ သူဟာ မန္ယူအတြက္ ၿပိဳင္ပြဲအရပ္ရပ္
ပြဲ ၂၀ ကစားေပးထားၿပီး ၆ ဂိုးဖန္တီးထားကာ အခ်ိန္တိုေလးအတြင္းမွာ





အသင္းပရိသတ္ေတြရဲ႕ေဖးဘရိတ္ကစားသမားတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။
အဲရစ္ဆင္ဟာ ကမာၻ႔ဖလားမတိုင္ခင္ ဖူလ္ဟမ္နဲ႔ပြဲမွာလည္း
မန္ယူကစားသမားဘ၀ ပထမဆုံးသြင္းဂိုးကို ရရွိခဲ့တာပါ။





မန္ယူအသင္းဝက္ဘ္ဆိုဒ္နဲ႔အင္တာဗ်ဴးမွာ ကလပ္က လက္ရွိ
အေကာင္းဆုံးကြင္းလယ္လူကို ေ႐ြးခိုင္းေတာ့ အဲရစ္ဆင္က





ကက္စမဲ႐ိုးနာမည္ကို ဖြင့္ေျပာခဲ့ပါတယ္။ ကက္စမဲ႐ိုးဟာလည္း
သူ႔လိုပဲ ၿပီးခဲ့တဲ့ေႏြရာသီမွာမွ မန္ယူကို ေရာက္လာခဲ့တာပါ။
အဲဒီဘရာဇီးသားဟာ အသင္းနဲ႔အထိုင္က်ဖို႔အတြက္ အခ်ိန္ယူခဲ့ရၿပီး





အခုေတာ့ တန္ဟက္ရဲ႕အသင္းအတြက္ အေရးပါသူတစ္ေယာက္
ျဖစ္လာပါတယ္။ အတူတြဲကစားခြင့္ရတာ ဘာမွမၾကာေသးေပမယ့္





ကက္စမဲ႐ိုးဟာ အဲရစ္ဆင္အတြက္ အထင္ႀကီးစရာျဖစ္ခဲ့တာပါ။
”ကစားသမားတိုင္းဟာ တစ္ေယာက္နဲ႔တစ္ေယာက္ စတိုင္မတူၾကသလို
အရည္အေသြးလည္း မတူၾကပါဘူး။ မန္ယူမွာဆိုရင္ေတာ့





ကက္စမဲ႐ိုးလို႔ ကြၽန္ေတာ္ေျပာမွာပါ။ သူက ခ်န္ပီယံလိဂ္မွာလည္း
အႀကိမ္အမ်ားႀကီးဗိုလ္စြဲထားတာဆိုေတာ့ သူပဲျဖစ္သင့္ပါတယ္”လို႔





အဲရစ္ဆင္က မန္ယူအသင္းဝက္ဘ္ဆိုဒ္ကို ေျပာခဲ့ပါတယ္။
ဆြစ္ဇာလန္နဲ႔ပြဲအၿပီးမွာ တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းခဲ့တဲ့
ကက္စမဲ႐ိုးကို သူ႔ဘရာဇီးအသင္းေဖာ္ေနမာကလည္း





ကမာၻ႔အေကာင္းဆုံးကြင္းလယ္လူလို႔ ခ်ီးက်ဴးထားတာပါ။