
Photo Credit
Photo Credit
လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အထူးခြေစွမ်းပြနေပေမယ့် ချန်ပီယံသရဖူကာကွယ်ရမယ့် ချန်ပီယံလိဂ်မှာတော့ အကောင်းဆုံးအနေအထားတစ်ရပ်မပိုင်ဆိုင်ထားသေးပါဘူး။ နောက်ဆုံး ၂ရာသီဆက်လိုပဲ လီဗာပူးဟာ ဒီရာသီမှာလည်း နောက်ဆုံးပွဲအထိ ရှုံးထွက်အဆင့်တက်ရောက်နိုင်ရေးအတွက် အားထည့်ကစားရဦးမှာဖြစ်ပါတယ်။
Photo Credit
လီဗာပူးဟာ ၂၀၁၇-၁၈ ရာသီက အုပ်စုနောက်ဆုံးပွဲမှာ စပါးတပ်မော်စကိုနဲ့ အိမ်ကွင်းပွဲစဉ်ကစားခဲ့ရပြီး နောက်တစ်ဆင့်တက်ဖို့ အနည်းဆုံးသရေတစ်မှတ်လိုအပ်ခဲ့ပေမယ့် တကက်ကန်တော့ ၇-၀ ဂိုးနဲ့တောင် အနိုင်ရခဲ့ပါတယ်။ မနှစ်ကဆိုရင် အုပ်စုတွင်း အဝေးကွင်း ၃ပွဲစလုံးအရေးနိမ့်ခဲ့လို့ နာပိုလီနဲ့ကစားခဲ့တဲ့နောက်ဆုံးပွဲမှာ ၁-၀ ဂိုးနဲ့နိုင်ရင်နိုင်၊ မနိုင်ရင် ၂ဂိုးပြတ်အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ်။ တကယ်လည်း လိုအပ်နေတဲ့ရလဒ် ၁-၀ နဲ့အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့တဲ့အထိ ခရီးဆက်နိုင်ခဲ့ပါတယ်။
Photo Credit
ဒီနှစ်မှာလည်း အဲဒီအတိုင်းပါပဲ။ သြစတြီးယားမြေမှာ ဆဲလ်ဘတ်ကို အရေးနိမ့်လိုက်တာနဲ့ ယူရိုပါလိဂ်ဘက် ပြောင်းရနိုင်တယ်ဆိုတာ သူတို့ကောင်းကောင်းသိထားပါတယ်။ အုပ်စု E မှာ လီဗာပူးက ၁၀ မှတ်၊ နာပိုလီက ၉ မှတ်၊ ဆဲလ်ဘတ်က ၇ မှတ်နဲ့ ဂျန့်ကတော့ ၁ မှတ်ရရှိထားပါတယ်။ အခု လီဗာပူးရင်ဆိုင်ရမယ့် ဆဲလ်ဘတ်က ဒီနှစ်ချန်ပီယံလိဂ်အုပ်စုတွင်းမှာ စုစုပေါင်း ၁၆ဂိုးအထိသွင်းယူထားပြီး ၁၉နှစ်သား ဟာလန်းဆိုရင် ၅ပွဲစလုံးဂိုးသွင်းယူထားပါတယ်။
ဒီတော့ ဖြစ်နိုင်ခြေရှိတဲ့အခြေအနေတွေကို ဖော်ပြပေးချင်ပါတယ်။
Photo Credit
လီဗာပူး နိုင်နဲ့ နာပိုလီနိုင်
– အုပ်စုပထမအဖြစ် လီဗာပူးနောက်တစ်ဆင့်တက်၊ နာပိုလီက အုပ်စုဒုတိယနဲ့ ဆဲလ်ဘတ်က ယူရိုပါလိဂ်ဘက် ခရီးဆက်ရပါမယ်။
Photo Credit
လီဗာပူး နိုင်နဲ့ နာပိုလီ သရေ
– အုပ်စုပထမအဖြစ် လီဗာပူးနောက်တစ်ဆင့်တက်၊ နာပိုလီက အုပ်စုဒုတိယနဲ့ ဆဲလ်ဘတ်က ယူရိုပါလိဂ်ဘက် ခရီးဆက်ရပါမယ်။
Photo Credit
လီဗာပူး နိုင်နဲ့ ဂျန့်နိုင်
– အုပ်စုပထမအဖြစ် လီဗာပူးနောက်တစ်ဆင့်တက်၊ နာပိုလီက အုပ်စုဒုတိယနဲ့ ဆဲလ်ဘတ်က ယူရိုပါလိဂ်ဘက် ခရီးဆက်ရပါမယ်။
Photo Credit
လီဗာပူး သရေနဲ့ နာပိုလီ နိုင်
– အုပ်စုပထမအဖြစ် နာပိုလီနောက်တစ်ဆင့်တက်၊ လီဗာပူးက အုပ်စုဒုတိယနဲ့ ဆဲလ်ဘတ်က ယူရိုပါလိဂ်ဘက် ခရီးဆက်ရပါမယ်။
Photo Credit
လီဗာပူး သရေနဲ့ နာပိုလီ သရေ
– အုပ်စုပထမအဖြစ် လီဗာပူးနောက်တစ်ဆင့်တက်၊ နာပိုလီက အုပ်စုဒုတိယနဲ့ ဆဲလ်ဘတ်က ယူရိုပါလိဂ်ဘက် ခရီးဆက်ရပါမယ်။
Photo Credit
လီဗာပူး သရေနဲ့ ဂျန့် နိုင်
– အုပ်စုပထမအဖြစ် လီဗာပူးနောက်တစ်ဆင့်တက်၊ နာပိုလီက အုပ်စုဒုတိယနဲ့ ဆဲလ်ဘတ်က ယူရိုပါလိဂ်ဘက် ခရီးဆက်ရပါမယ်။
Photo Credit
လီဗာပူး ရှုံးနဲ့ နာပိုလီ နိုင် (လီဗာပူးက အဝေးကွင်းမှာ အနည်းဆုံး ၄ဂိုးသွင်းပြီး မရှုံးနိမ့်သရွေ့)
– အုပ်စုပထမအဖြစ် နာပိုလီနောက်တစ်ဆင့်တက်၊ ဆဲလ်ဘတ်က အုပ်စုဒုတိယနဲ့ လီဗာပူးက ယူရိုပါလိဂ်ဘက် ခရီးဆက်ရပါမယ်။
Photo Credit
လီဗာပူး ရှုံးနဲ့ နာပိုလီ သရေ (ထိပ်တိုက်တွေ့ဆုံမှုအရ လီဗာပူး ထွက်ရပါမယ်)
– အုပ်စုပထမအဖြစ် နာပိုလီနောက်တစ်ဆင့်တက်၊ ဆဲလ်ဘတ်က အုပ်စုဒုတိယနဲ့ လီဗာပူးက ယူရိုပါလိဂ်ဘက် ခရီးဆက်ရပါမယ်။
Photo Credit
လီဗာပူး ရှုံးနဲ့ ဂျန့် နိုင် (လီဗာပူးက အနည်းဆုံး ၄ဂိုးသွင်းပြီး မရှုံးနိမ့်သရွေ့ ဂျန့် အုပ်စုပထမရပါမယ်)
– အုပ်စုပထမအဖြစ် ဆဲလ်ဘတ်နောက်တစ်ဆင့်တက်၊ လီဗာပူးက အုပ်စုဒုတိယနဲ့ နာပိုလီက ယူရိုပါလိဂ်ဘက် ခရီးဆက်ရပါမယ်။
Photo Credit
Zawgyi
လက်ရှိချန်ပီယံ လီဗာပူး ခြေတစ်လှမ်းမှားလို့မရတဲ့ အုပ်စု E အကြောင်း သိလိုသမျှ