
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လက်ရှိချန်ပီယံနဲ့ ချန်ပီယံဟောင်းတွေ အပြိုင်နွှဲမယ့် မရဏ အုပ်စု F
======================================
ပေါ်တူဂီ
======
လက်ရှိချန်ပီယံဖြစ်တဲ့ ပေါ်တူဂီဟာ ၂၀၁၆ ပြိုင်ပွဲမှာတုန်းကလောက် ခြေစွမ်းပိုင်း အမြင့်ဆုံးမှာ ရှိမနေတော့ပါဘူး။
အဓိက ကစားသမား စီရော်နယ်ဒို အသက်အရွယ်ရလာပြီး လူငယ်တိုက်စစ်မှုးတွေဖြစ်တဲ့ ၈ျာအိုဖီးလစ်နဲ့ အင်ဒရေဆေးဗားလ်တို့က လက်ရွေးစင်အသင်းမှာ ထင်သလောက် အားမကိုးရတာတွေ့ရပါတယ်။
ဒါပေမယ့် ကွင်းလယ်မှာ ဖာနန်ဒက်စ်၊ ဘာနာဒိုဆေးဗားလ်၊ ကာဗယ်ဟို တို့နဲ့ စုဖွဲမှုအားကောင်းနေပြီး အလုပ်ဖြစ်နေတယ်။
နောက်တန်းမှာ ပီပီနဲပ ဖွန်တီတို့က အသက် ၄၀ နားကပ်နေပေမယ့် ပရီးမီးယားလိဂ် အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်တဲ့ မန်စီးတီးက ရူဘင်ဒက်ဇ် ရှိပါသေးတယ်။
နည်းပြဆန်းတို့စ်က အသင်းကို တာဝန်ယူတာ ကြာပြီဖြစ်တဲ့အတွက် ကစားသမားတွေ အထာသိနေပြီး လက်ရှိချန်ပီယံအနေနဲ့ အုပ်စုက အရင်ဆုံးလွတ်အောင်
လုပ်ဖို့ဆိုရင် ပြင်သစ်ထက် ဂျာမနီနဲ့ပွဲက ပိုအရေးကြီးပါတယ်။
ပြင်သစ်
====
ကမ္ဘာ့ချန်ပီယံဖြစ်သလို ယူရိုချန်ပီယံဟောင်းလည်း ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းပါ။
ဂိုးသမားလိုရစ် နေရာမှာ အားနည်းတာကလွဲရင် ပါဗက်၊ ဗာရန်နီ၊ ဇူးမား၊ ကင်ပန်ဘီ၊ ဒီဂနီတို့ရှိတဲ့ နောက်တန်း၊
ပေါ့ဂ်ဘာ၊ ကန်တီ၊ ရာဘီယော့ခ်၊ လီမား၊ တိုလီဆို၊ ဆစ်ဆိုခိုတို့ရဲ့ အလယ်တန်းနဲ့
အကောင်းဆုံးဖြစ်တဲ့ အမ်ဘက်ပီ၊ ဂရက်ဇ်မန်း၊ ဘင်ဇီမာ၊ ဘင်ယက်ဒါ၊ ဂီရောက်ဒ့် တို့ရှိနေတဲ့ တိုက်စစ်ပိုင်းတို့ကြောင့် ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်စွမ်းရှိပါတယ်။
ဒါပေမယ့် ပြင်သစ်အသင်းမှာပါတဲ့ ကစားသမားအားလုံးက ကလပ်အသင်းတွေနဲ႔ တစ်ရာသီလုံးပွဲအများကြီး ကစားခဲ့ရတဲ့အတွက် ပွဲပန်းနေနိုင်ပါတယ်။
ခြေစွမ်းနဲ့ စိတ်ဓာတ်အပိုင်းမှာ ထိပ်ဆုံးရောက်နေတဲ့ ပြင်သစ်ဟာ ၂၀၁၆တုန်းက လွဲခဲ့တဲ့ ချန်ပီယံဆုကို မယူနိုင်ရင်တောင် ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ပါလိမ့်မယ်။
ဂျာမနီ
====
ဒီအုပ်စုမှာ ဂျာမနီကို လျှော့တွက်လို့မရသလို စုဖွဲ့မှုအရ လက်ရှိချန်ပီယံ ပေါ်တူဂီထက်တောင် ပိုတွက်ထားရမှာပါ။
နူအာနဲ့ လီနိုတို့ ဂိုးသမား၂ယောက်စလုံးက စိတ်ချရပါတယ်။
ရူဒီဂါ၊ ဆူလီ၊ ဟမ်မဲလ်၊ ကင်မစ်ချ်၊ တိုနီခရူးစ်၊ ဂန်ဒိုဂန်၊ ဆာနေး၊ ဟာဗက်ဇ်၊ တီမိုဝါနာ၊ ဗိုလန်းနဲ့ မူလာတို့ပါဝင်တဲ့ ဂျာမနီလူစာရင်းက လူကြီးလူငယ်မျှတပါတယ်။
ခြေစစ်ပွဲတွေမှာတုန်းက အကောင်းဆုံး အနေအထားပြသခဲ့ပြီး တီမိုဝါနာနဲပ ဟာဗက်ဇ်တို့ကလည်း ချဲလ်ဆီးမှာလို မဟုတ်ဘဲ ဂျာမနီမှာ အတော်လေး ခြေစွမ်းကောင်းပါတယ်။
နေရာစုံမှာ တောင့်တင်းအားကောင်းတဲ့ ဂျာမနီဟာ ပေါ်တူဂီနဲပအပြိုင် အုပ်စုတက်ဖို့ ကြိုးစားရဖွယ်ရှိနေပြီး ဗိုလ်စွဲဖို့အထိ ဖြစ်သွားနိုင်ပါတယ်။
ဟန်ဂေရီ
======
သားရဲပေါတဲ့ အုပ်စုမှာ ဟန်ဂေရီရဲ့ဘဝက အမှတ်ရှာခံရမယ့် သမင်ငယ်ပါပဲ။
အမှတ်ရှာခံရမယ့်အပြင် ဟန်ဂေရီကို အသင်းကြီး ၃သင်းက ဂိုးလည်းရသလောက် သွင်းကြမှာပါ။
ဒီအုပ်စုမှာ ရောက်နေတဲ့ ဟန်ဂေရီအတွက် စိတ်မကောင်းယုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
လက္ရွိခ်န္ပီယံနဲ႔ ခ်န္ပီယံေဟာင္းေတြ အၿပိဳင္ႏႊဲမယ့္ မရဏ အုပ္စု F
======================================
ေပၚတူဂီ
======
လက္ရွိခ်န္ပီယံျဖစ္တဲ့ ေပၚတူဂီဟာ ၂၀၁၆ ၿပိဳင္ပြဲမွာတုန္းကေလာက္ ေျခစြမ္းပိုင္း အျမင့္ဆုံးမွာ ရွိမေနေတာ့ပါဘူး။ အဓိက ကစားသမား စီေရာ္နယ္ဒို အသက္အ႐ြယ္ရလာၿပီး လူငယ္တိုက္စစ္မႈးေတြျဖစ္တဲ့ ၈်ာအိုဖီးလစ္နဲ႔ အင္ဒေရေဆးဗားလ္တို႔က လက္ေ႐ြးစင္အသင္းမွာ ထင္သေလာက္ အားမကိုးရတာေတြ႕ရပါတယ္။ ဒါေပမယ့္ ကြင္းလယ္မွာ ဖာနန္ဒက္စ္၊ ဘာနာဒိုေဆးဗားလ္၊ ကာဗယ္ဟို တို႔နဲ႔ စုဖြဲမႈအားေကာင္းေနၿပီး အလုပ္ျဖစ္ေနတယ္။
ေနာက္တန္းမွာ ပီပီနဲပ ဖြန္တီတို႔က အသက္ ၄၀ နားကပ္ေနေပမယ့္ ပရီးမီးယားလိဂ္ အေကာင္းဆုံးေနာက္ခံလူတစ္ဦးျဖစ္တဲ့ မန္စီးတီးက ႐ူဘင္ဒက္ဇ္ ရွိပါေသးတယ္။ နည္းျပဆန္းတို႔စ္က အသင္းကို တာဝန္ယူတာ ၾကာၿပီျဖစ္တဲ့အတြက္ ကစားသမားေတြ အထာသိေနၿပီး လက္ရွိခ်န္ပီယံအေနနဲ႔ အုပ္စုက အရင္ဆုံးလြတ္ေအာင္
လုပ္ဖို႔ဆိုရင္ ျပင္သစ္ထက္ ဂ်ာမနီနဲ႔ပြဲက ပိုအေရးႀကီးပါတယ္။
ျပင္သစ္
====
ကမာၻ႔ခ်န္ပီယံျဖစ္သလို ယူ႐ိုခ်န္ပီယံေဟာင္းလည္း ျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲမွာလည္း ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံး အသင္းပါ။ ဂိုးသမားလိုရစ္ ေနရာမွာ အားနည္းတာကလြဲရင္ ပါဗက္၊ ဗာရန္နီ၊ ဇူးမား၊ ကင္ပန္ဘီ၊ ဒီဂနီတို႔ရွိတဲ့ ေနာက္တန္း၊ ေပါ့ဂ္ဘာ၊ ကန္တီ၊ ရာဘီေယာ့ခ္၊ လီမား၊ တိုလီဆို၊ ဆစ္ဆိုခိုတို႔ရဲ႕ အလယ္တန္းနဲ႔ အေကာင္းဆုံးျဖစ္တဲ့ အမ္ဘက္ပီ၊ ဂရက္ဇ္မန္း၊ ဘင္ဇီမာ၊ ဘင္ယက္ဒါ၊ ဂီေရာက္ဒ့္ တို႔ရွိေနတဲ့ တိုက္စစ္ပိုင္းတို႔ေၾကာင့္ ၿပိဳင္ဘက္တိုင္းကို အႏိုင္ယူႏိုင္စြမ္းရွိပါတယ္။
ဒါေပမယ့္ ျပင္သစ္အသင္းမွာပါတဲ့ ကစားသမားအားလုံးက ကလပ္အသင္းေတြနဲပ တစ္ရာသီလုံးပြဲအမ်ားႀကီး ကစားခဲ့ရတဲ့အတြက္ ပြဲပန္းေနႏိုင္ပါတယ္။ ေျခစြမ္းနဲ႔ စိတ္ဓာတ္အပိုင္းမွာ ထိပ္ဆုံးေရာက္ေနတဲ့ ျပင္သစ္ဟာ ၂၀၁၆တုန္းက လြဲခဲ့တဲ့ ခ်န္ပီယံဆုကို မယူႏိုင္ရင္ေတာင္ ဗိုလ္လုပြဲအထိ တက္လွမ္းႏိုင္ပါလိမ့္မယ္။
ဂ်ာမနီ
====
ဒီအုပ္စုမွာ ဂ်ာမနီကို ေလွ်ာ့တြက္လို႔မရသလို စုဖြဲ႕မႈအရ လက္ရွိခ်န္ပီယံ ေပၚတူဂီထက္ေတာင္ ပိုတြက္ထားရမွာပါ။ ႏူအာနဲ႔ လီႏိုတို႔ ဂိုးသမား၂ေယာက္စလုံးက စိတ္ခ်ရပါတယ္။ ႐ူဒီဂါ၊ ဆူလီ၊ ဟမ္မဲလ္၊ ကင္မစ္ခ်္၊ တိုနီခ႐ူးစ္၊ ဂန္ဒိုဂန္၊ ဆာေနး၊ ဟာဗက္ဇ္၊ တီမိုဝါနာ၊ ဗိုလန္းနဲ႔ မူလာတို႔ပါဝင္တဲ့ ဂ်ာမနီလူစာရင္းက လူႀကီးလူငယ္မွ်တပါတယ္။ ေျခစစ္ပြဲေတြမွာတုန္းက အေကာင္းဆုံး အေနအထားျပသခဲ့ၿပီး တီမိုဝါနာနဲပ ဟာဗက္ဇ္တို႔ကလည္း ခ်ဲလ္ဆီးမွာလို မဟုတ္ဘဲ ဂ်ာမနီမွာ အေတာ္ေလး ေျခစြမ္းေကာင္းပါတယ္။ ေနရာစုံမွာ ေတာင့္တင္းအားေကာင္းတဲ့ ဂ်ာမနီဟာ ေပၚတူဂီနဲပအၿပိဳင္ အုပ္စုတက္ဖို႔ ႀကိဳးစားရဖြယ္ရွိေနၿပီး ဗိုလ္စြဲဖို႔အထိ ျဖစ္သြားႏိုင္ပါတယ္။
ဟန္ေဂရီ
======
သားရဲေပါတဲ့ အုပ္စုမွာ ဟန္ေဂရီရဲ႕ဘဝက အမွတ္ရွာခံရမယ့္ သမင္ငယ္ပါပဲ။ အမွတ္ရွာခံရမယ့္အျပင္ ဟန္ေဂရီကို အသင္းႀကီး ၃သင္းက ဂိုးလည္းရသေလာက္ သြင္းၾကမွာပါ။ ဒီအုပ္စုမွာ ေရာက္ေနတဲပ ဟန္ေဂရီအတြက္ စိတ္မေကာင္းယုံကလြဲၿပီး ဘာမွမတတ္ႏိုင္ပါဘူး။