
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် အသင်းရဲ့နာမည်ကျော်ကစားသမား(၉)ဦး စေလွှတ်ပေးဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဆီ စာရေးသားတောင်းဆိုလိုက်ပါတယ်။
ဗြိတိန်အစိုးရက ခရီးသွားလာခွင့်ပိတ်ပင်ထားတဲ့ Red List စာရင်းဝင် နိုင်ငံတွေထဲမှာ ကိုဗစ်ရောဂါဖြစ်ပွားမှုများနေတဲ့ တောင်အမေရိကတိုက်က နိုင်ငံအများစုပါဝင်နေပြီး
Red List စာရင်းဝင်နိုင်ငံတွေအတွက် ပါဝင်ကစားမယ်ဆိုရင် ကစားသမားတွေဟာ အသင်းနဲ့ပြန်လည်ပူးပေါင်းတဲ့အခါ Quarantine (၁၀)ရက်ဝင်ရမှာဖြစ်လို့ ကလပ်အသင်းရဲ့ပွဲစဉ်တော်တော်များကို လွဲချော်မှာဖြစ်တဲ့အတွက်
ပရီးမီးယားလိဂ်ကလပ်တွေက သူတို့ကစားသမားတွေကို Red List စာရင်းဝင် နိုင်ငံအသင်းတွေမှာ ပါဝင်ကစားခွင့်မပြုဖို့ တညီတညွတ်တည်းထောက်ခံခဲ့ကြပါတယ်။
ဘရာဇီးလ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် ချီလီ၊ အာဂျင်တီးနား၊ ပီရူးတို့နဲ့ကစားရဖို့ရှိနေပြီး အဲဒီအတွက် ကစားသမားတွေစေလွှတ်ပေးဖို့ မန်ချက်စတာမြို့ခံနှစ်သင်း၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ လိဒ်စ်၊ အဲဗာတန်အသင်းတို့ကို စာရေးသားတောင်းဆိုခဲ့တာပါ။
တကယ်လို့ ကလပ်အသင်းတွေဘက်က,ကစားသမားတွေစေလွှတ်ဖို့ငြင်းဆန်နေမယ်ဆိုရင်တော့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ဖီဖာဆီ အကူအညီတောင်းခံသွားမှာဖြစ်ပြီး အဲဒီအခြေအနေရောက်သွားရင် ဖီဖာက ကလပ်အသင်းတွေကို ပြစ်ဒဏ်ချမှတ်သွားဖို့ရှိနေပါပြီ။
အက်စတွန်ဗီလာအသင်းက အာဂျင်တီးနားလက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ ဂိုးသမားမာတီနက်ဇ်နဲ့ ကွင်းလယ်လူဘွန်ဒီယာ၊ စပါးအသင်းရဲ့ အာဂျင်တီးနားကစားသမားနှစ်ဦးဖြစ်သူ
လိုဆယ်ဆို၊ ခရစ္စရှန်ရိုမဲရိုးတို့ဟာ နိုင်ငံအသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေပါဝင်ကစားကြမှာဖြစ်ပေမယ့် ဘရာဇီးလ်ကစားသမားတွေကစားနေတဲ့ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်တို့ကတော့ သူတို့ကစားသမားတွေကို လက်ရွေးစင်အသင်းဆီ စေလွှတ်ဖို့ဆန္ဒမရှိပါဘူး။
ဖီဖာဥက္ကဌအင်ဖန်တီနိုက ဗြိတိန်အစိုးရအနေနဲ့ အခုကိစ္စမှာ ပါဝင်ဖြေရှင်းပေးဖို့တောင်းဆိုထားပြီး ကစားသမားတွေ ကလပ်အသင်းဆီပြန်ရောက်လာရင် Quarantine နဲ့ပတ်သက်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို လျှော့ချပေးသင့်တယ်လို့ တိုက်တွန်းခဲ့ဖူးပါတယ်။
အခုလောလောဆယ် ပရီးမီးယားလိဂ်ကလပ်တွေနဲ့ နိုင်ငံလက်ရွေးစင်အသင်းတွေကြားက ပဋိပက္ခက တဖြည်းဖြည်းတင်းမာလာဖို့ရှိနေပြီး ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ . . .
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
လက္ေ႐ြးစင္အသင္းအတြက္ ကစားသမားေတြေစလႊတ္ေပးဖို႔ ပရီးမီးယားလိဂ္ကလပ္အသင္းေတြကို ဘရာဇီးလ္ေတာင္းဆို
ဘရာဇီးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ လာမယ့္ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြအတြက္ အသင္းရဲ႕နာမည္ေက်ာ္ကစားသမား(၉)ဦး ေစလႊတ္ေပးဖို႔ ပရီးမီးယားလိဂ္ကလပ္အသင္းေတြဆီ စာေရးသားေတာင္းဆိုလိုက္ပါတယ္။ ၿဗိတိန္အစိုးရက ခရီးသြားလာခြင့္ပိတ္ပင္ထားတဲ့ Red List စာရင္းဝင္ ႏိုင္ငံေတြထဲမွာ ကိုဗစ္ေရာဂါျဖစ္ပြားမႈမ်ားေနတဲ့ ေတာင္အေမရိကတိုက္က ႏိုင္ငံအမ်ားစုပါဝင္ေနၿပီး Red List စာရင္းဝင္ႏိုင္ငံေတြအတြက္ ပါဝင္ကစားမယ္ဆိုရင္ ကစားသမားေတြဟာ အသင္းနဲ႔ျပန္လည္ပူးေပါင္းတဲ့အခါ Quarantine (၁၀)ရက္ဝင္ရမွာျဖစ္လို႔ ကလပ္အသင္းရဲ႕ပြဲစဥ္ေတာ္ေတာ္မ်ားကို လြဲေခ်ာ္မွာျဖစ္တဲ့အတြက္ ပရီးမီးယားလိဂ္ကလပ္ေတြက သူတို႔ကစားသမားေတြကို Red List စာရင္းဝင္ ႏိုင္ငံအသင္းေတြမွာ ပါဝင္ကစားခြင့္မျပဳဖို႔ တညီတၫြတ္တည္းေထာက္ခံခဲ့ၾကပါတယ္။ ဘရာဇီးလ္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြအျဖစ္ ခ်ီလီ၊ အာဂ်င္တီးနား၊ ပီ႐ူးတို႔နဲ႔ကစားရဖို႔ရွိေနၿပီး အဲဒီအတြက္ ကစားသမားေတြေစလႊတ္ေပးဖို႔ မန္ခ်က္စတာၿမိဳ႕ခံႏွစ္သင္း၊ ခ်ယ္လ္ဆီး၊ လီဗာပူးလ္၊ လိဒ္စ္၊ အဲဗာတန္အသင္းတို႔ကို စာေရးသားေတာင္းဆိုခဲ့တာပါ။
တကယ္လို႔ ကလပ္အသင္းေတြဘက္က,ကစားသမားေတြေစလႊတ္ဖို႔ျငင္းဆန္ေနမယ္ဆိုရင္ေတာ့ ဘရာဇီးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ဖီဖာဆီ အကူအညီေတာင္းခံသြားမွာျဖစ္ၿပီး အဲဒီအေျခအေနေရာက္သြားရင္ ဖီဖာက ကလပ္အသင္းေတြကို ျပစ္ဒဏ္ခ်မွတ္သြားဖို႔ရွိေနပါၿပီ။ အက္စတြန္ဗီလာအသင္းက အာဂ်င္တီးနားလက္ေ႐ြးစင္ကစားသမားေတြျဖစ္တဲ့ ဂိုးသမားမာတီနက္ဇ္နဲ႔ ကြင္းလယ္လူဘြန္ဒီယာ၊ စပါးအသင္းရဲ႕ အာဂ်င္တီးနားကစားသမားႏွစ္ဦးျဖစ္သူ လိုဆယ္ဆို၊ ခရစၥရွန္႐ိုမဲ႐ိုးတို႔ဟာ ႏိုင္ငံအသင္းနဲ႔အတူ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြပါဝင္ကစားၾကမွာျဖစ္ေပမယ့္ ဘရာဇီးလ္ကစားသမားေတြကစားေနတဲ့ မန္ခ်က္စတာယူႏိုက္တက္၊ မန္စီးတီး၊ ခ်ယ္လ္ဆီး၊ လီဗာပူးလ္တို႔ကေတာ့ သူတို႔ကစားသမားေတြကို လက္ေ႐ြးစင္အသင္းဆီ ေစလႊတ္ဖို႔ဆႏၵမရွိပါဘူး။ ဖီဖာဥကၠဌအင္ဖန္တီႏိုက ၿဗိတိန္အစိုးရအေနနဲ႔ အခုကိစၥမွာ ပါဝင္ေျဖရွင္းေပးဖို႔ေတာင္းဆိုထားၿပီး ကစားသမားေတြ ကလပ္အသင္းဆီျပန္ေရာက္လာရင္ Quarantine နဲ႔ပတ္သက္တဲ့ စည္းကမ္းသတ္မွတ္ခ်က္ေတြကို ေလွ်ာ့ခ်ေပးသင့္တယ္လို႔ တိုက္တြန္းခဲ့ဖူးပါတယ္။ အခုေလာေလာဆယ္ ပရီးမီးယားလိဂ္ကလပ္ေတြနဲ႔ ႏိုင္ငံလက္ေ႐ြးစင္အသင္းေတြၾကားက ပဋိပကၡက တျဖည္းျဖည္းတင္းမာလာဖို႔ရွိေနၿပီး ဘယ္လိုရလဒ္ထြက္ေပၚလာမလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ . .