လက်ရွေးစင်အသင်းဖော်ဟောင်း ဗယ်လ်ဘွေနာကို ငွေညှစ်ခဲ့တဲ့အတွက် ဘန်ဇီမာ ဆိုင်းငံ့ထောင်ဒဏ်(၁)နှစ်ချမှတ်ခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးယဲလ်အသင်းရဲ့ ပြင်သစ်နာမည်ကျော်တိုက်စစ်မှူးဘန်ဇီမာဟာ လက်ရွေးစင်အသင်းဖော်ဟောင်းဗယ်လ်ဘွေနာကို

လိင်ပိုင်းဆိုင်ရာရုပ်သံဖိုင်နဲ့ ငွေညှစ်ခဲ့တယ်လို့တွေ့ရှိခဲ့ရတဲ့အတွက် ဆိုင်းငံ့ထောင်ဒဏ်(၁)နှစ်နဲ့ ဒဏ်ငွေယူရို(၇၅,၀၀၀)ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

၂၀၁၅၊ ဇွန်လအတွင်း ဗယ်လ်ဘွေနာရဲ့ဖုန်းထဲက ကိုယ်တိုင်ရိုက်ညစ်ညမ်းဗီဒီယိုတွေက Axel Angot လို့အမည်ရတဲ့ သူ့အသိတစ်ယောက်က ခိုးယူခဲ့ပြီး

Axel Angot နဲ့အတူ တခြားလူ(၄)ယောက်ပူးပေါင်းပြီးတော့ ဗယ်လ်ဘွေနာဆီကနေ ငွေညှစ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ထဲမှာ ဘန်ဇီမာက အဓိကဦးဆောင်သူမဟုတ်ခဲ့ပေမယ့် တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ပြီး ငွေညှစ်တဲ့သူတွေက လူဆိုးတွေဖြစ်တာကြောင့် သူတို့တောင်းတဲ့ငွေကို မြန်မြန်ပေးဖို့ ဗယ်လ်ဘွေနာကို ဖိအားပေးခဲ့တာပါ။

ဒါပေမဲ့ ဗယ်လ်ဘွေနာက ဒီအဖြစ်အပျက်ကို ရဲစခန်းသွားတိုင်တဲ့အခါ သက်ဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက် ပူးပေါင်ပါဝင်ခဲ့တဲ့ဘန်ဇီမာနဲ့ ကြံဖော်ကြံဖက်တွေကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီလုပ်ရပ်ကြောင့် ဘန်ဇီမာကို ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေထွက်ပေါ်ခဲ့သလို နိုင်ငံအသင်းနည်းပြဒက်စ်ချမ့်စ်ကလည်း

အသင်းအတွက်မရွေးချယ်တော့ဘဲ (၆)နှစ်အကြာ ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲမတိုင်ခင်ကမှ ဘန်ဇီမာကို ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဘန်ဇီမာကတော့ သူ့အပေါ်စွဲချက်တွေကို ငြင်းဆန်ထားပြီး သူက ဗယ်လ်ဘွေနာ အဆင်ပြေအောင်လို့ ငွေပးလိုက်ဖို့တိုက်တွန်းခဲ့တာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။

ဒီပြစ်မှုအတွက် ဘန်ဇီမာဟာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်(၅)နှစ်၊ ဒဏ်ငွေယူရို(၉၀,၀၀၀)အထိကျခံရမယ့်အနေအထားနဲ့ရင်ဆိုင်ခဲ့ရပေမယ့်

အခုအချိန်မှာတော့ ပြင်သစ်တရားရုံးက ဘန်ဇီမာကို ဆိုင်းငံ့ထောင်ဒဏ်(၁)နှစ်နဲ့ ဒဏ်ငွေယူရို(၇၅,၀၀၀)သာ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အခုဖြစ်ရပ်မှာ အဓိကပါဝင်ခဲ့ကြတဲ့ ကျန်တဲ့တရားခံ(၄)ဦးကို တရားရုံးက ဆိုင်းငံ့ထောင်ဒဏ်(၁၈)လကနေ (၂)နှစ်ခွဲအထိ

ပြစ်ဒဏ်တွေအသီးသီးချမှတ်ခဲ့သလို ဗယ်လ်ဘွေနာကို တရားစရိတ်အဖြစ် ယူရို(၈၀,၀၀၀)၊ နစ်နာကြေးအဖြစ် ယူရို(၁၅၀,၀၀၀)ပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လက္ေ႐ြးစင္အသင္းေဖာ္ေဟာင္း ဗယ္လ္ေဘြနာကို ေငြညႇစ္ခဲ့တဲ့အတြက္ ဘန္ဇီမာ ဆိုင္းငံ့ေထာင္ဒဏ္(၁)ႏွစ္ခ်မွတ္ခံရ

ရီးယဲလ္အသင္းရဲ႕ ျပင္သစ္နာမည္ေက်ာ္တိုက္စစ္မႉးဘန္ဇီမာဟာ လက္ေ႐ြးစင္အသင္းေဖာ္ေဟာင္းဗယ္လ္ေဘြနာကို လိင္ပိုင္းဆိုင္ရာ႐ုပ္သံဖိုင္နဲ႔ ေငြညႇစ္ခဲ့တယ္လို႔ေတြ႕ရွိခဲ့ရတဲ့အတြက္ ဆိုင္းငံ့ေထာင္ဒဏ္(၁)ႏွစ္နဲ႔ ဒဏ္ေငြယူ႐ို(၇၅,၀၀၀)ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။

၂၀၁၅၊ ဇြန္လအတြင္း ဗယ္လ္ေဘြနာရဲ႕ဖုန္းထဲက ကိုယ္တိုင္႐ိုက္ညစ္ညမ္းဗီဒီယိုေတြက Axel Angot လို႔အမည္ရတဲ့ သူ႔အသိတစ္ေယာက္က ခိုးယူခဲ့ၿပီး Axel Angot နဲ႔အတူ တျခားလူ(၄)ေယာက္ပူးေပါင္းၿပီးေတာ့ ဗယ္လ္ေဘြနာဆီကေန ေငြညႇစ္ခဲ့ၾကတာျဖစ္ပါတယ္။ ဒီျဖစ္ရပ္ထဲမွာ ဘန္ဇီမာက အဓိကဦးေဆာင္သူမဟုတ္ခဲ့ေပမယ့္ တစ္စိတ္တစ္ပိုင္းပါဝင္ခဲ့ၿပီး ေငြညႇစ္တဲ့သူေတြက လူဆိုးေတြျဖစ္တာေၾကာင့္ သူတို႔ေတာင္းတဲ့ေငြကို ျမန္ျမန္ေပးဖို႔ ဗယ္လ္ေဘြနာကို ဖိအားေပးခဲ့တာပါ။

ဒါေပမဲ့ ဗယ္လ္ေဘြနာက ဒီအျဖစ္အပ်က္ကို ရဲစခန္းသြားတိုင္တဲ့အခါ သက္ဆိုင္ရာစုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္ ပူးေပါင္ပါဝင္ခဲ့တဲ့ဘန္ဇီမာနဲ႔ ႀကံေဖာ္ႀကံဖက္ေတြကို ေဖာ္ထုတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီလုပ္ရပ္ေၾကာင့္ ဘန္ဇီမာကို ျပင္းျပင္းထန္ထန္ေဝဖန္မႈေတြထြက္ေပၚခဲ့သလို ႏိုင္ငံအသင္းနည္းျပဒက္စ္ခ်မ့္စ္ကလည္း အသင္းအတြက္မေ႐ြးခ်ယ္ေတာ့ဘဲ (၆)ႏွစ္အၾကာ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမတိုင္ခင္ကမွ ဘန္ဇီမာကို ျပန္လည္ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ဘန္ဇီမာကေတာ့ သူ႔အေပၚစြဲခ်က္ေတြကို ျငင္းဆန္ထားၿပီး သူက ဗယ္လ္ေဘြနာ အဆင္ေျပေအာင္လို႔ ေငြပးလိုက္ဖို႔တိုက္တြန္းခဲ့တာျဖစ္တယ္လို႔ဆိုခဲ့ပါတယ္။ ဒီျပစ္မႈအတြက္ ဘန္ဇီမာဟာ အျမင့္ဆုံးျပစ္ဒဏ္အျဖစ္ ေထာင္ဒဏ္(၅)ႏွစ္၊ ဒဏ္ေငြယူ႐ို(၉၀,၀၀၀)အထိက်ခံရမယ့္အေနအထားနဲ႔ရင္ဆိုင္ခဲ့ရေပမယ့္ အခုအခ်ိန္မွာေတာ့ ျပင္သစ္တရား႐ုံးက ဘန္ဇီမာကို ဆိုင္းငံ့ေထာင္ဒဏ္(၁)ႏွစ္နဲ႔ ဒဏ္ေငြယူ႐ို(၇၅,၀၀၀)သာ ျပစ္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

အခုျဖစ္ရပ္မွာ အဓိကပါဝင္ခဲ့ၾကတဲ့ က်န္တဲ့တရားခံ(၄)ဦးကို တရား႐ုံးက ဆိုင္းငံ့ေထာင္ဒဏ္(၁၈)လကေန (၂)ႏွစ္ခြဲအထိျပစ္ဒဏ္ေတြအသီးသီးခ်မွတ္ခဲ့သလို ဗယ္လ္ေဘြနာကို တရားစရိတ္အျဖစ္ ယူ႐ို(၈၀,၀၀၀)၊ နစ္နာေၾကးအျဖစ္ ယူ႐ို(၁၅၀,၀၀၀)ေပးေဆာင္ဖို႔ ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။