လက်ရွေးစင်သွင်းဂိုး ၉၉ဂိုးမြောက်ဂိုးသွင်းအပြီး တစ်ပတ်အကြာမှာပဲ ကလပ်အသင်းပွဲကို လွဲချော်သွားရတဲ့ရော်နယ်ဒို

Photo Credit

Photo Credit

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကမှ ပေါ်တူဂီအသင်းအတွက် သူ့ရဲ့ ၉၉ဂိုးမြောက်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ယနေ့ညကစားရမယ့် အတ္တလန္တာနဲ့စီးရီးအေပွဲကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

Photo Credit

အသက် ၃၄နှစ်အရွယ်ရှိ ယူနိုက်တက်နဲ့ရီးရဲလ်ကြယ်ပွင့်ဟောင်း ရော်နယ်ဒိုဟာ ယခုလအစောပိုင်းက အေစီမီလန်နဲ့ပွဲမှာ စောစီးစွာလူစားလဲခံခဲ့ရပြီးနောက် ဂျူဗင်တပ်စ်နည်းပြ ဆာရီနဲ့ အဆင်မပြေဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Photo Credit

ပြီးတော့ ရော်နယ်ဒိုဟာ နိုင်ငံတကာရက်သတ္တပတ်ကာလအတွင်း ပေါ်တူဂီအသင်းအတွက် ၂ပွဲစလုံး ပါဝင်ကစားခဲ့ပေမယ့် ဆာရီကေတော့ ရော်နယ်ဒိုဟာ အတ္တလန္တာနဲ့ကစားရမယ့်အဝေးကွင်းပွဲမှာ ပါဝင်ကစားဖို့ လုံလောက်တဲ့ကြံ့ခိုင်မှုမရှိဘဲ ဒဏ်ရာရနေတယ်လို့ ဆိုပါတယ်။

Photo Credit

”ရော်နယ်ဒိုနဲ့ပတ်သက်လို့ နားလည်အောင် ဖြေရှင်းဖို့ မလိုအပ်ပါဘူး။ တစ်ခါတလေမှာ ကစားသမားတွေအနေနဲ့ ဒဏ်ရာကနေ ပြန်ကောင်းဖို့ မဖြစ်မနေအချိန်ယူရမှာဖြစ်ပါတယ်။ ပြဿနာကတော့ ရော်နယ်ဒိုက သူ့အနေနဲ့ အခုချိန်အထိ ကောင်းကောင်းမကစားနိုင်သေးဘူးလို့ အင်္ဂါနေ့က အသိပေးခဲ့တာပါပဲ”

Photo Credit

”အသင်းကို သူပြန်ရောက်လာချိန်မှာ ပေါ်တူဂီအတွက် ပထမပွဲကစားခဲ့တုန်းက ခံစားရပိုကောင်းခဲ့ပေမယ့် ဒုတိယပွဲမှာတော့ နာကျင်မှုဝေဒနာခံစားခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီအတွက်ကြောင့်ပဲ အတ္တလန္တာနဲ့ပွဲမှာ သူမပါဝင်ဖို့ ၉၉%သေချာခဲ့တာပါ။ အဓိကပစ်မှတ်ကတော့ အင်္ဂါနေ့မှာ အက်သလက်တီကိုနဲ့ ကစားရမယ့်ချန်ပီယံလိဂ်ပွဲအတွက် သူ့ဘက်က ရာနှုန်းပြည့်ကြံ့ခိုင်နေဖို့ပါပဲ”လို့ ဆာရီက ပြောပါတယ်။

Photo Credit

Zawgyi

လက္ေရြးစင္သြင္းဂိုး ၉၉ဂိုးေျမာက္ဂုိးသြင္းအၿပီး တစ္ပတ္အၾကာမွာပဲ ကလပ္အသင္းပြဲကို လြဲေခ်ာ္သြားရတဲ့ေရာ္နယ္ဒို

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ကမွ ေပၚတူဂီအသင္းအတြက္ သူ႕ရဲ႕ ၉၉ဂိုးေျမာက္ဂိုးသြင္းယူႏုိင္ခ့ဲေပမယ့္ ယေန႔ညကစားရမယ့္ အတၱလႏၱာနဲ႔စီးရီးေအပဲြကို လြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။
အသက္ ၃၄ႏွစ္အရြယ္ရွိ ယူႏုိက္တက္နဲ႔ရီးရဲလ္ၾကယ္ပြင့္ေဟာင္း ေရာ္နယ္ဒိုဟာ ယခုလအေစာပိုင္းက ေအစီမီလန္နဲ႔ပြဲမွာ ေစာစီးစြာလူစားလဲခံခဲ့ရၿပီးေနာက္ ဂ်ဴဗင္တပ္စ္နည္းျပ ဆာရီနဲ႔ အဆင္မေျပျဖစ္ေနတယ္လုိ႔ သတင္းေတြထြက္ေပၚေနပါတယ္။
ၿပီးေတာ့ ေရာ္နယ္ဒိုဟာ ႏိုင္ငံတကာရက္သတၱပတ္ကာလအတြင္း ေပၚတူဂီအသင္းအတြက္ ၂ပြဲစလုံး ပါ၀င္ကစားခဲ့ေပမယ့္ ဆာရီကေေတာ့ ေရာ္နယ္ဒိုဟာ အတၱလႏၱာနဲ႔ကစားရမယ့္အေ၀းကြင္းပြဲမွာ ပါ၀င္ကစားဖို႔ လုံေလာက္တဲ့ႀကံ့ခုိင္မႈမရွိဘဲ ဒဏ္ရာရေနတယ္လုိ႔ ဆုိပါတယ္။
”ေရာ္နယ္ဒိုနဲ႔ပတ္သက္လုိ႔ နားလည္ေအာင္ ေျဖရွင္းဖို႔ မလိုအပ္ပါဘူး။ တစ္ခါတေလမွာ ကစားသမားေတြအေနနဲ႔ ဒဏ္ရာကေန ျပန္ေကာင္းဖို႔ မျဖစ္မေနအခ်ိန္ယူရမွာျဖစ္ပါတယ္။ ျပႆနာကေတာ့ ေရာ္နယ္ဒိုက သူ႕အေနနဲ႔ အခုခ်ိန္အထိ ေကာင္းေကာင္းမကစားႏိုင္ေသးဘူးလုိ႔ အဂၤါေန႔က အသိေပးခဲ့တာပါပဲ”
”အသင္းကို သူျပန္ေရာက္လာခ်ိန္မွာ ေပၚတူဂီအတြက္ ပထမပြဲကစားခ့ဲတုန္းက ခံစားရပိုေကာင္းခဲ့ေပမယ့္ ဒုတိယပြဲမွာေတာ့ နာက်င္မႈေ၀ဒနာခံစားခဲ့ရတယ္လုိ႔ ေျပာပါတယ္။ အဲဒီအတြက္ေၾကာင့္ပဲ အတၱလႏၱာနဲ႔ပဲြမွာ သူမပါ၀င္ဖုိ႔ ၉၉%ေသခ်ာခဲ့တာပါ။ အဓိကပစ္မွတ္ကေတာ့ အဂၤါေန႔မွာ အက္သလက္တီကိုနဲ႔ ကစားရမယ့္ခ်န္ပီယံလိဂ္ပဲြအတြက္ သူ႕ဘက္က ရာႏႈန္းျပည့္ႀကံ့ခိုင္ေနဖို႔ပါပဲ”လုိ႔ ဆာရီက ေျပာပါတယ္။