လက်တလော လီဗာပူးမှာ ပျော်ရွှင်နေပေမယ့် ဂျာမနီနည်းပြဖြစ်လာနိုင်တာကို ကလော့ပ် ငြင်းဆန်နိုင်စွမ်းမရှိ

Photo Credit

Photo Credit

လီဗာပူးအသင်းနည်းပြ ကလော့ပ်က လက်ရှိအချိန်မှာ အန်ဖီးလ်အခြေစိုက်အသင်းနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ကာလတွေကို ဖြတ်သန်းနေတယ်လို့ အခိုင်အမာပြောကြားခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာ ဂျာမနီအသင်းနည်းပြအဖြစ် လက်ရှိနည်းပြ ဂျိုအာချင်လိုရဲ့နေရမှာအစားထိုးဝင်ရောက်နိုင်ဖွယ်ရှိခြင်းကိုတော့ ငြင်းဆန်နိုင်စွမ်းမရှိကြောင်း ဆိုပါတယ်။

Photo Credit

ကလော့ပ်ဟာ ၂၀၁၅ အောက်တိုဘာလက လီဗာပူးအသင်းကို စတင်တာဝန်ယူခဲ့ပြီးနောက် အသင်းကို ပြည်တွင်းနဲ့ ပြည်ပမှာ အင်အားကြီးအသင်းအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး ဥရောပအဆင့်ဗိုလ်လုပွဲ ၃ကြိမ် တက်ရောက်နိုင်ခဲ့ရာ ၂၀၁၈-၁၉ ရာသီက ချန်ပီယံလိဂ်ဖလားပါ ရယူနိုင်ခဲ့ပါတယ်။

Photo Credit

လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံဖြစ်သွားတဲ့စီးတီးနဲ့ ၁မှတ်အကွာအနေအထားကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးလွဲချော်ခဲ့ရပေမယ့် ဒီရာသီမှာတော့ အကောင်းဆုံးစွမ်းဆောင်နေပြီး ၈ပွဲပြီးချိန်မှာ ဒုတိယနေရာက ၂နှစ်ဆက်ချန်ပီယံ စီးတီးကို ၈မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

Photo Credit

ဂျာမနီအသင်းဟာ ၂၀၁၇ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့ပြီးနောက်ပိုင်း အောင်မြင်မှုရဖို့ ရုန်းကန်နေရရာ ၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လက်ရှိနည်းပြဂျိုအာချင်လို ထွက်ခွာသွားချိန်မှာ လက်ရွေးစင်အသင်းနည်းပြအဖြစ် ကလော့ပ်ကို မြင်တွေ့ရနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Photo Credit

အဲဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့မေးမြန်းမှုကို ကလော့ပ်က ”ဒီအချိန်မှာ ကျွန်တော့်ဘက်က ဘာမှမပြောနိုင်သေးပါဘူး။ ကိုယ်ဘာဖြစ်ချင်လဲဆိုတာလည်း မသိသေးပါဘူး။ အခုချိန်မှာတော့ အဲဒီလိုခံစားမှုမျိုးမဖြစ်ပါဘူး။ အခု ကျွန်တော်လုပ်ကိုင်နေတဲ့အရာတွေနဲ့ပတ်သက်လို့ ကျွန်တော် လုံးဝကျေနပ်နေပါတယ်”

Photo Credit

”ကျွန်တော်က ဂျာမနီအသင်းအတွက် မှန်ကန်တဲ့ရွေးချယ်မှုလားဆိုတာလည်း ကျွန်တော့်ဘက်က ရာနှုန်းပြည့်ပြောလို့မရပါဘူး။ တကယ်လို့ အဲဒီမေးခွန်းတွေသာ ဒီထက်ပိုများလာရင် ကျွန်တော့်ဘက်ကလည်း စဉ်းစားသွားမှာပါ။ ဒါပေမဲ့ အခုတော့ မဟုတ်သေးပါဘူး”လို့ ကလော့ပ်က ပြောပါတယ်။ ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့ ၂၀၂၂ ဇွန်လအထိ စာချုပ်ချုပ်ဆိုထားပါတယ်။

Photo Credit

Zawgyi

လက္တေလာ လီဗာပူးမွာ ေပ်ာ္ရႊင္ေနေပမယ့္ ဂ်ာမနီနည္းျပျဖစ္လာႏိုင္တာကို ကေလာ့ပ္ ျငင္းဆန္ႏိုင္စြမ္းမရွိ

လီဗာပူးအသင္းနည္းျပ ကေလာ့ပ္က လက္ရွိအခ်ိန္မွာ အန္ဖီးလ္အေျခစိုက္အသင္းနဲ႔အတူ ေပ်ာ္ရႊင္စရာေကာင္းတ့ဲကာလေတြကို ျဖတ္သန္းေနတယ္လုိ႔ အခုိင္အမာေျပာၾကားခဲ့ေပမယ့္ ၂၀၂၂ ခုႏွစ္မွာ ဂ်ာမနီအသင္းနည္းျပအျဖစ္ လက္ရွိနည္းျပ ဂ်ိဳအာခ်င္လုိရဲ႕ေနရမွာအစားထိုး၀င္ေရာက္ႏုိင္ဖြယ္ရွိျခင္းကိုေတာ့ ျငင္းဆန္ႏိုင္စြမ္းမရွိေၾကာင္း ဆုိပါတယ္။
ကေလာ့ပ္ဟာ ၂၀၁၅ ေအာက္တိုဘာလက လီဗာပူးအသင္းကို စတင္တာ၀န္ယူခဲ့ၿပီးေနာက္ အသင္းကို ျပည္တြင္းနဲ႔ ျပည္ပမွာ အင္အားႀကီးအသင္းအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ၿပီး ဥေရာပအဆင့္ဗိုလ္လုပဲြ ၃ႀကိမ္ တက္ေရာက္ႏိုင္ခဲ့ရာ ၂၀၁၈-၁၉ ရာသီက ခ်န္ပီယံလိဂ္ဖလားပါ ရယူႏိုင္ခဲ့ပါတယ္။
လီဗာပူးဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံျဖစ္သြားတဲ့စီးတီးနဲ႔ ၁မွတ္အကြာအေနအထားေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေရးလြဲေခ်ာ္ခဲ့ရေပမယ့္ ဒီရာသီမွာေတာ့ အေကာင္းဆုံးစြမ္းေဆာင္ေနၿပီး ၈ပြဲၿပီးခ်ိန္မွာ ဒုတိယေနရာက ၂ႏွစ္ဆက္ခ်န္ပီယံ စီးတီးကို ၈မွတ္ျဖတ္ကာ အမွတ္ေပးဇယားကို ဦးေဆာင္ေနပါတယ္။
ဂ်ာမနီအသင္းဟာ ၂၀၁၇ ကြန္ဖက္ဒေရးရွင္းဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ခဲ့ၿပီးေနာက္ပိုင္း ေအာင္ျမင္မႈရဖို႔ ႐ုန္းကန္ေနရရာ ၂၀၂၂ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ လက္ရွိနည္းျပဂ်ိဳအာခ်င္လုိ ထြက္ခြာသြားခ်ိန္မွာ လက္ေရြးစင္အသင္းနည္းျပအျဖစ္ ကေလာ့ပ္ကို ျမင္ေတြ႕ရႏုိင္တယ္လုိ႔ သတင္းေတြထြက္ေပၚေနပါတယ္။
အဲဒီကိစၥနဲ႔ပတ္သက္လုိ႔ သတင္းေထာက္ေတြရဲ႕ေမးျမန္းမႈကို ကေလာ့ပ္က ”ဒီအခ်ိန္မွာ ကၽြန္ေတာ့္ဘက္က ဘာမွမေျပာႏိုင္ေသးပါဘူး။ ကိုယ္ဘာျဖစ္ခ်င္လဲဆုိတာလည္း မသိေသးပါဘူး။ အခုခ်ိန္မွာေတာ့ အဲဒီလုိခံစားမႈမ်ိဳးမျဖစ္ပါဘူး။ အခု ကၽြန္ေတာ္လုပ္ကိုင္ေနတဲ့အရာေတြနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္ လုံး၀ေက်နပ္ေနပါတယ္”
”ကၽြန္ေတာ္က ဂ်ာမနီအသင္းအတြက္ မွန္ကန္တဲ့ေရြးခ်ယ္မႈလားဆုိတာလည္း ကၽြန္ေတာ့္ဘက္က ရာႏႈန္းျပည့္ေျပာလုိ႔မရပါဘူး။ တကယ္လုိ႔ အဲဒီေမးခြန္းေတြသာ ဒီထက္ပိုမ်ားလာရင္ ကၽြန္ေတာ့္ဘက္ကလည္း စဥ္းစားသြားမွာပါ။ ဒါေပမဲ့ အခုေတာ့ မဟုတ္ေသးပါဘူး”လုိ႔ ကေလာ့ပ္က ေျပာပါတယ္။ ကေလာ့ပ္ဟာ လီဗာပူးအသင္းနဲ႔ ၂၀၂၂ ဇြန္လအထိ စာခ်ဳပ္ခ်ဳပ္ဆုိထားပါတယ္။