လက်တစ်ကမ်းအလိုက မှတ်တမ်းကို လက်လွှတ်နေရဆဲ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ် အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အင်တာမီလန် အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ ရှူံးနိမ့်သွားခဲ့ပါတယ်။အင်တာမီလန် အသင်းအတွက် ဂိုးတွေကို ဗီဒယ်လ် နဲ့ ဘာရယ်လာ တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ လူကာကူကို ပွဲမတိုင်ခင်ကတည်းက ခိုင်းနှိုင်းမှုရှိခဲ့ပြီး ပွဲပြီးချိန်မှာတော့ လူကာကူ တစ်ယောက် အနိုင်ရလဒ်ကြောင့် ပျော်ရွှင်နိုင်ခဲ့ပါတယ်။

အီတလီဒါဘီပွဲစဉ်ဖြစ်တာနဲ့အညီ အင်တာနဲ့ ဂျုဗီတို့ဟာ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ကြကာ အနိုင်ရဖို့အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ပွဲချိန် ၁၀မိနစ်မှာ ဂျူဗင်တပ်စ်ရဲ့ ညာတောင်ပံက ထိုးဖောက်တိုက်စစ်ဆင်မှုကနေ တစ်ဆင့် ရော်နယ်ဒိုက ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့လို့ ဦးဆောင်ဂိုးမရခဲ့ဘဲ ဂျူဗီတို့ နစ်နာခဲ့ရပါတယ်။

ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်‌ဒို ကတော့ ဒီပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိတဲ့ အပြင် သမိုင်းမှတ်တမ်းတင်ခွင့်ရမယ့် အနေအထားကိုလည်း လက်လွှတ်ခဲ့ရပြန်ပါသေးတယ်။ ရော်နယ်ဒို ဟာ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာမှာပါ။

ဒါပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် စံချိန်တင်နိုင်မယ့် အခွင့်အရေးကို ဆက်လက်စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ ရော်နယ်ဒို ဟာ ကစားသမားဘဝတစ်လျှောက် (၇၅၉)ဂိုးသွင်းယူထားပြီး ဂျိုးဆက်ဗ်ဘီကန် နဲ့ အတူ ဂိုးသွင်းအများဆုံးကစား သမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

တစ်ဖက်မှာ ဘောလုံးဘုရင်တစ်ဆူဖြစ်တဲ့ မက်ဆီက အနီကတ်ရထားတာကြောင့် ထိပ်တန်းကစားသမား နှစ်ယောက်လုံး ကံမကောင်းတဲ့ အနေအထားပါ။

အဲဒီရှူံးပွဲရလဒ်ကြောင့် အင်တာကတော့ ချန်ပီယံဖြစ်ဖို့ ပိုမိုတာဆူလာပါပြီ။ ဂျူဗီကတော့ အမှတ်ပေးဇယား ကို အမှတ်တူ အနေအထား နဲ့ ဦးဆောင်နေတဲ့ မီလန် 2 သင်းထက် 7 မှတ် လျှော့နည်းကာ အဆင့် 5 နေရာ အထိ ရောက်ရှိသွားခဲ့ ပါတယ်။

ဂျုဗင်တပ်စ် အသင်းဟာ ကြားရက်မှာတော့ အီတလီစူပါဖလား ပွဲစဉ်အဖြစ် နာပိုလီ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဒီဆုဖလား ဟာ ပီယာလို အတွက်တော့ ဂျုဗင်တပ်စ် အသင်းနည်းပြဘဝ ပထမဆုံးဆုဖလား ကိုင်မြှောက်ခွင့်ရမယ့် အခွင့်အရေးလည်းဖြစ်ပါတယ်။ပေါ်တူဂီသားကြီးကတော့ သမိုင်းစံချိန်သစ်ရယူနိုင်ဖို့နောက်ထပ်ကြိုးစားရပါအုံးမယ်။

Zawgyi

လက္တစ္ကမ္းအလိုက မွတ္တမ္းကို လက္လႊတ္ေနရဆဲ စီေရာ္နယ္ဒို

ဂ်ဴဗင္တပ္စ္ အသင္းဟာ ဒီမနက္က ကစားခဲ့တဲ့ စီးရီးေအ ပြဲစဥ္မွာ အင္တာမီလန္ အသင္းကို (၂)ဂိုး-ဂိုးမရွိနဲ႔ ရႉံးနိမ့္သြားခဲ့ပါတယ္။အင္တာမီလန္ အသင္းအတြက္ ဂိုးေတြကို ဗီဒယ္လ္ နဲ႔ ဘာရယ္လာ တို႔က သြင္းယူခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္ဒိုနဲ႔ လူကာကူကို ပြဲမတိုင္ခင္ကတည္းက ခိုင္းႏႈိင္းမႈရွိခဲ့ၿပီး ပြဲၿပီးခ်ိန္မွာေတာ့ လူကာကူ တစ္ေယာက္ အႏိုင္ရလဒ္ေၾကာင့္ ေပ်ာ္႐ႊင္ႏိုင္ခဲ့ပါတယ္။

အီတလီဒါဘီပြဲစဥ္ျဖစ္တာနဲ႔အညီ အင္တာနဲ႔ ဂ်ဳဗီတို႔ဟာ လူစုံတက္စုံနဲ႔ ပြဲထြက္လာခဲ့ၾကကာ အႏိုင္ရဖို႔အတြက္ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ကစားခဲ့ၾကပါတယ္။ပြဲခ်ိန္ ၁၀မိနစ္မွာ ဂ်ဴဗင္တပ္စ္ရဲ႕ ညာေတာင္ပံက ထိုးေဖာက္တိုက္စစ္ဆင္မႈကေန တစ္ဆင့္ ေရာ္နယ္ဒိုက ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့လို႔ ဦးေဆာင္ဂိုးမရခဲ့ဘဲ ဂ်ဴဗီတို႔ နစ္နာခဲ့ရပါတယ္။

ဂ်ဴဗင္တပ္စ္ တိုက္စစ္မႉး ေရာ္နယ္‌ဒို ကေတာ့ ဒီပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့ျခင္းမရွိတဲ့ အျပင္ သမိုင္းမွတ္တမ္းတင္ခြင့္ရမယ့္ အေနအထားကိုလည္း လက္လႊတ္ခဲ့ရျပန္ပါေသးတယ္။ ေရာ္နယ္ဒို ဟာ ဒီပြဲမွာ ဂိုးသြင္းႏိုင္ခဲ့မယ္ဆိုရင္ သမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံး ကစားသမားျဖစ္လာမွာပါ။ ဒါေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့တာေၾကာင့္ စံခ်ိန္တင္ႏိုင္မယ့္ အခြင့္အေရးကို ဆက္လက္ေစာင့္ဆိုင္းရမွာျဖစ္ပါတယ္။ ေရာ္နယ္ဒို ဟာ ကစားသမားဘဝတစ္ေလွ်ာက္ (၇၅၉)ဂိုးသြင္းယူထားၿပီး ဂ်ိဳးဆက္ဗ္ဘီကန္ နဲ႔ အတူ ဂိုးသြင္းအမ်ားဆုံးကစား သမားအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။ တစ္ဖက္မွာ ေဘာလုံးဘုရင္တစ္ဆူျဖစ္တဲ့ မက္ဆီက အနီကတ္ရထားတာေၾကာင့္ ထိပ္တန္းကစားသမား ႏွစ္ေယာက္လုံး ကံမေကာင္းတဲ့ အေနအထားပါ။

အဲဒီရႉံးပြဲရလဒ္ေၾကာင့္ အင္တာက​ေတာ့ ခ်န္ပီယံျဖစ္ဖို႔ ပိုမိုတာဆူလာပါၿပီ။ ဂ်ဴဗီက​ေတာ့ အမွတ္ေပးဇယား ကို အမွတ္တူ အေနအထား နဲ႔ ဦးေဆာင္ေနတဲ့ မီလန္ 2 သင္းထက္ 7 မွတ္ ေလွ်ာ့နည္းကာ အဆင့္ 5 ေနရာ အထိ ေရာက္ရွိသြားခဲ့ ပါတယ္။ ဂ်ဳဗင္တပ္စ္ အသင္းဟာ ၾကားရက္မွာေတာ့ အီတလီစူပါဖလား ပြဲစဥ္အျဖစ္ နာပိုလီ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ဒီဆုဖလား ဟာ ပီယာလို အတြက္ေတာ့ ဂ်ဳဗင္တပ္စ္ အသင္းနည္းျပဘဝ ပထမဆုံးဆုဖလား ကိုင္ေျမႇာက္ခြင့္ရမယ့္ အခြင့္အေရးလည္းျဖစ္ပါတယ္။ေပၚတူဂီသားႀကီးက​ေတာ့ သမိုင္းစံခ်ိန္သစ္ရယူႏိုင္ဖို႔​ေနာက္ထပ္ႀကိဳးစားရပါအုံးမယ္။