

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက လက်ရှိမှာ ထိပ်တန်းအသင်းကို ကိုင်တွယ်နေရတာဖြစ်လို့ အခြားအသင်းကို ပြောင်းရွှေ့နည်းပြစရာမရှိဘူးလို့ ပြောလိုက်ပါတယ်။ ရော်ဂျာ ဟာလက်စတာကို ပရီးမီးယားလိဂ်မှာ အဆင့် ၃ ရရှိအောင်စွမ်းဆောင်ပေးထားသူပါ။
ဒါကြောင့်လည်း အာဆင်နယ်အသင်းက လက်ရှိနည်းပြ အမ်မရီကိုထုတ်ပယ်ခဲ့ရင် အစားထိုးဖို့အတွက် ရော်ဂျာကို အလိုှရှိနေတယ်လို့ ဆိုနေသလို မန်ယူကလည်း ပစ်မှတ်ထားနေတယ်လို့ သတင်းတွေထွက်နေတာပါ။ ဒါပေမယ့်လည်း ရော်ဂျာက သူ့အနေနဲ့ လက်စတာလိုထိပ်တန်း အသင်းနေထွက်စရာအကြောင်း မရှိဘူးလို့ ပြောခဲ့တာပါ။

သူက”ကိုယ်က ကောင်းကောင်းလုပ်ပြနိုင်ရင် ဘောလုံးမှာနောက်ဆက်တွဲဆိုတာ ပါလာတာပါဘဲ။ ဒါကြောင့်လည်း အခြားအသင်းတွေကို နည်းပြပေးနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်နေတာပေါ့။ လူတွေက ကျွန်တော့်ကို ထိပ်တန်းအသင်းတွေဆီ ရောက်သင့်တယ်လို့ ဆိုနေကြပေမယ့် လက်စတာကရော ထိပ်တန်းအသင်းမဟုတ်လို့လား။

လက်စတာဟာ အံအားသင့်စရာ ကောင်းတဲ့အသင်းဖြစ်ပြီး ရထားတဲ့ ကလပ်ပိုင်ရှင်၊ ရှိထားတဲ့ ကစားသမားတွေကြောင့် ကျွန်တော့် ရာထူးဟာကြီးကျယ်ခမ်းနားလှပြီး ဒီမှာရှိတဲ့ မိနစ်တိုင်းကိုလည်း ချစ်မြတ်နိုးပါတယ်။ အခုသတင်းတွေဟာခန့်မှန်းမှုတွေသာဖြစ်ပြီး ကိုယ့်ကို ထိခိုက်စေသည်ဖြစ်စေ မထိုခိုက်စေသည်ဖြစ်စေ ဘောလုံးရဲ့အစိတ်အပိုင်းလို့ဘဲ မှတ်ယူပါတယ်” လို့ပြောသွားပါတယ်။

လက်စတာဟာ ပရီးမီးယားလိဂ် ၁၁ ပွဲကစားပြီးချိန်မှာ ၂၃ မှတ်နဲ့ တတိယနေရာရထားလို့ ၂၀၁၅ ကရာနီယာရီလက်ထက်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက်ပိုင်း အကောင်းဆုံးသောခြေစွမ်းကို ပိုင်ဆိုင်ထားတယ်လို့လည်း သတ်မှတ်နေကြပါတယ်။

Zawgyi
လက္စတာ ကထိပ္တန္းအသင္းျဖစ္လို႔ နည္းျပေပးေနတာလို႔ ဘရန္ဒန္္ေရာ္ဂ်ာေျပာ
လက္စတာအသင္းနည္းျပ ဘရန္ဒန္ေရာ္ဂ်ာက လက္ရွိမွာ ထိပ္တန္းအသင္းကို ကိုင္တြယ္ေနရတာျဖစ္လို႔ အျခားအသင္းကို ေျပာင္းေရႊ႕နည္းျပစရာမရွိဘူးလို႔ ေျပာလိုက္ပါတယ္။ ေရာ္ဂ်ာ ဟာလက္စတာကို ပရီးမီးယားလိဂ္မွာ အဆင့္ ၃ ရရွိေအာင္စြမ္းေဆာင္ေပးထားသူပါ။
ဒါေၾကာင့္လည္း အာဆင္နယ္အသင္းက လက္ရွိနည္းျပ အမ္မရီကိုထုတ္ပယ္ခဲ့ရင္ အစားထိုးဖို႔အတြက္ ေရာ္ဂ်ာကို အလိုွရွိေနတယ္လို႔ ဆိုေနသလို မန္ယူကလည္း ပစ္မွတ္ထားေနတယ္လို႔ သတင္းေတြထြက္ေနတာပါ။ ဒါေပမယ္႔လည္း ေရာ္ဂ်ာက သူ႔အေနနဲ႔ လက္စတာလိုထိပ္တန္း အသင္းေနထြက္စရာအေၾကာင္း မရွိဘူးလို႔ ေျပာခဲ့တာပါ။
သူက”ကိုယ္က ေကာင္းေကာင္းလုပ္ျပႏိုင္ရင္ ေဘာလုံးမွာေနာက္ဆက္တြဲဆိုတာ ပါလာတာပါဘဲ။ ဒါေၾကာင့္လည္း အျခားအသင္းေတြကို နည္းျပေပးႏိုင္တယ္ဆိုတဲ႔ သတင္းေတြထြက္ေနတာေပါ့။ လူေတြက က်ြန္ေတာ္႔ကို ထိပ္တန္းအသင္းေတြဆီ ေရာက္သင့္တယ္လို႔ ဆိုေနၾကေပမယ္႔ လက္စတာကေရာ ထိပ္တန္းအသင္းမဟုတ္လို႔လား။
လက္စတာဟာ အံအားသင့္စရာ ေကာင္းတဲ႔အသင္းျဖစ္ၿပီး ရထားတဲ႔ ကလပ္ပိုင္ရွင္၊ ရွိထားတဲ႔ ကစားသမားေတြေၾကာင့္ က်ြန္ေတာ္႔ ရာထူးဟာႀကီးက်ယ္ခမ္းနားလွၿပီး ဒီမွာရွိတဲ႔ မိနစ္တိုင္းကိုလည္း ခ်စ္ျမတ္ႏိုးပါတယ္။ အခုသတင္းေတြဟာခန္႔မွန္းမႈေတြသာျဖစ္ၿပီး ကိုယ္႔ကို ထိခိုက္ေစသည္ျဖစ္ေစ မထိုခိုက္ေစသည္ျဖစ္ေစ ေဘာလုံးရဲ႕အစိတ္အပိုင္းလို႔ဘဲ မွတ္ယူပါတယ္” လို႔ေျပာသြားပါတယ္။
လက္စတာဟာ ပရီးမီးယားလိဂ္ ၁၁ ပြဲကစားၿပီးခ်ိန္မွာ ၂၃ မွတ္နဲ႔ တတိယေနရာရထားလို႔ ၂၀၁၅ ကရာနီယာရီလက္ထက္မွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ၿပီးေနာက္ပိုင္း အေကာင္းဆုံးေသာေျခစြမ္းကို ပိုင္ဆိုင္ထားတယ္လို႔လည္း သတ္မွတ္ေနၾကပါတယ္။