လက်စတာနဲ့ပွဲမှာ လင်ဒီလော့ဖ်နဲ့ဘာယီအတွဲကို ပွဲထုတ်မယ်ဆိုရင် အခြေအနေမကောင်းဖြစ်သွားနိုင်တဲ့ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ မနက်ဖြန်(စနေနေ့)မှာ ပရီးမီးယားလိဂ်ပွဲစဉ်(၈)အဖြစ် လက်စတာအသင်းနဲ့အဝေးကွင်းပွဲကျပ်ကစားရမှာဖြစ်ပြီး အဓိကနောက်ခံလူတွေဖြစ်တဲ့ မက်ဂွိုင်းယား၊ ဗာရန်းတို့ဟာ ဒဏ်ရာတွေကြောင့် အဲဒီပွဲကို လွဲချော်ဖို့ရှိနေပါပြီ။

အသင်းခေါင်းဆောင်မက်ဂွိုင်းယားဟာ အက်စတွန်ဗီလာအသင်းကို (၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲတုန်းက ခြေသလုံးဒဏ်ရာရရှိခဲ့တဲ့အတွက် ရက်အတော်ကြာအနားယူခဲ့ရပြီး အခုလောလောဆယ် အသင်းနဲ့အတူအပေ့ါစားလေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်ပေမယ့် လက်စတာနဲ့ပွဲမှာပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။

ပြင်သစ်ဝါရင့်နောက်ခံလူဗာရန်းကတော့ စပိန်အသင်းနဲ့ကစားခဲ့ UEFA Nations League ဗိုလ်လုပွဲမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်ကြာအနားယူရမှာဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက အတည်ပြုခဲ့တာကြောင့် အခုလက်စတာနဲ့ပွဲကို လွဲချော်ဖို့သေချာနေပါပြီ။

အဲဒါကြောင့် ဆိုးလ်ရှားဟာ လက်စတာနဲ့ပွဲမှာ လင်ဒီလော့ဖ်+ဘာယီအတွဲကို ပွဲထွက်အသုံးပြုရဖို့ရှိနေပြီး မှတ်တမ်းတွေအရတော့ လင်ဒီလော့ဖ်နဲ့ဘာယီအတွဲက ဒီလောက်အထိအားကိုးလို့မရတာကို တွေ့ရမှာပါ။

လင်ဒီလော့ဖ်နဲ့ဘာယီဟာ ပြိုင်ပွဲစုံ(၁၈)ပွဲအထိ အတူကစားခဲ့ဖူးပြီး တစ်ပွဲပျမ်းမျှပေးဂိုး(၁.၃၉)ဂိုးအထိရှိသလို Clean Sheets ရာခိုင်နှုန်း (၂၂%)၊ အနိုင်ရာခိုင်နှုန်းက (၄၄%)ရယူနိုင်ခဲ့့ပါတယ်။

လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့တွဲဖက်ကစားတဲ့ ပွဲပေါင်း(၈၄)ပွဲမှာ တစ်ပွဲပျမ်းမျှပေးဂိုးက (၁.၀၂)ဂိုးသာရှိခဲ့ပြီး Clean Sheets ရာခိုင်နှုန်း (၃၆%)၊ နိုင်ပွဲရရှိမှုရာခိုင်နှုန်း(၅၄%)အထိရှိခဲ့တာပါ။

ဒါ့အပြင် ဘာယီနဲ့မက်ဂွိုင်းယားတွဲဖက်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၁၉)ပွဲမှာ တစ်ပွဲပျမ်းမျှပေးဂိုး(၁)ဂိုး၊ Clean Sheets ရာခိုင်နှုန်း (၅၃%)၊ အနိုင်ရာခိုင်နှုန်းက (၆၈%)ရှိခဲ့တာကြောင့် မက်ဂွိုင်းယားမပါနိုင်ရင် ယူနိုက်တက်ခံစစ်က ကြီးမားတဲ့အားနည်းချက်ဖြစ်နေတာကို အထင်အရှားတွေ့နိုင်ပါတယ်။

အဲဒါကြောင့် လက်စတာနဲ့ပွဲအမီ မက်ဂွိုင်းယားတစ်ယောက် ဒဏ်ရာကနေအမြန်သက်သာလာဖို့ ဆိုးလ်ရှားမျှော်လင့်နေပေမယ့်လည်း မက်ဂွိုင်းယားက အသင်းနဲ့အတူရာနှုန်းပြည့်လေ့ကျင့်ခန်းမဆင်းနိုင်သေးဘူးလို့ဆိုခဲ့ပါတယ်။

မက်ဂွိုင်းယားက “ကျွန်တော် အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်သေးပါဘူး။

ဒါပေမဲ့ ကျွန်တော့်အခြေအနေက တဖြည်းဖြည်းတိုးတက်ကောင်းမွန်လာပြီး ဖြစ်သင့်တဲ့အနေအထားကို မကြာခင်ရောက်လာတော့မှာပါ။

ဒဏ်ရာရရှိခဲ့တဲ့အတွက် စိတ်ပျက်ရပေမယ့် အခုအချိန်မှာတော့ ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် မကြာခင်အချိန်အတွင်း ဘောလုံးပြန်ကစားနိုင်တော့မှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လက္စတာနဲ႔ပြဲမွာ လင္ဒီေလာ့ဖ္နဲ႔ဘာယီအတြဲကို ပြဲထုတ္မယ္ဆိုရင္ အေျခအေနမေကာင္းျဖစ္သြားႏိုင္တဲ့ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ မနက္ျဖန္(စေနေန႔)မွာ ပရီးမီးယားလိဂ္ပြဲစဥ္(၈)အျဖစ္ လက္စတာအသင္းနဲ႔အေဝးကြင္းပြဲက်ပ္ကစားရမွာျဖစ္ၿပီး အဓိကေနာက္ခံလူေတြျဖစ္တဲ့ မက္ဂြိဳင္းယား၊ ဗာရန္းတို႔ဟာ ဒဏ္ရာေတြေၾကာင့္ အဲဒီပြဲကို လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။ အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားဟာ အက္စတြန္ဗီလာအသင္းကို (၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲတုန္းက ေျခသလုံးဒဏ္ရာရရွိခဲ့တဲ့အတြက္ ရက္အေတာ္ၾကာအနားယူခဲ့ရၿပီး အခုေလာေလာဆယ္ အသင္းနဲ႔အတူအေပ့ါစားေလ့က်င့္ခန္းျပန္ဆင္းႏိုင္ၿပီျဖစ္ေပမယ့္ လက္စတာနဲ႔ပြဲမွာပါဝင္ကစားႏိုင္ဖို႔ မေသခ်ာေသးပါဘူး။

ျပင္သစ္ဝါရင့္ေနာက္ခံလူဗာရန္းကေတာ့ စပိန္အသင္းနဲ႔ကစားခဲ့ UEFA Nations League ဗိုလ္လုပြဲမွာ ေပါင္ၿခံဒဏ္ရာရရွိခဲ့ၿပီး ရက္သတၱပတ္အနည္းငယ္ၾကာအနားယူရမွာျဖစ္တယ္လို႔ နည္းျပဆိုးလ္ရွားက အတည္ျပဳခဲ့တာေၾကာင့္ အခုလက္စတာနဲ႔ပြဲကို လြဲေခ်ာ္ဖို႔ေသခ်ာေနပါၿပီ။ အဲဒါေၾကာင့္ ဆိုးလ္ရွားဟာ လက္စတာနဲ႔ပြဲမွာ လင္ဒီေလာ့ဖ္+ဘာယီအတြဲကို ပြဲထြက္အသုံးျပဳရဖို႔ရွိေနၿပီး မွတ္တမ္းေတြအရေတာ့ လင္ဒီေလာ့ဖ္နဲ႔ဘာယီအတြဲက ဒီေလာက္အထိအားကိုးလို႔မရတာကို ေတြ႕ရမွာပါ။ လင္ဒီေလာ့ဖ္နဲ႔ဘာယီဟာ ၿပိဳင္ပြဲစုံ(၁၈)ပြဲအထိ အတူကစားခဲ့ဖူးၿပီး တစ္ပြဲပ်မ္းမွ်ေပးဂိုး(၁.၃၉)ဂိုးအထိရွိသလို Clean Sheets ရာခိုင္ႏႈန္း (၂၂%)၊ အႏိုင္ရာခိုင္ႏႈန္းက (၄၄%)ရယူႏိုင္ခဲ့့ပါတယ္။

လင္ဒီေလာ့ဖ္နဲ႔ မက္ဂြိဳင္းယားတို႔တြဲဖက္ကစားတဲ့ ပြဲေပါင္း(၈၄)ပြဲမွာ တစ္ပြဲပ်မ္းမွ်ေပးဂိုးက (၁.၀၂)ဂိုးသာရွိခဲ့ၿပီး Clean Sheets ရာခိုင္ႏႈန္း (၃၆%)၊ ႏိုင္ပြဲရရွိမႈရာခိုင္ႏႈန္း(၅၄%)အထိရွိခဲ့တာပါ။ ဒါ့အျပင္ ဘာယီနဲ႔မက္ဂြိဳင္းယားတြဲဖက္ကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ(၁၉)ပြဲမွာ တစ္ပြဲပ်မ္းမွ်ေပးဂိုး(၁)ဂိုး၊ Clean Sheets ရာခိုင္ႏႈန္း (၅၃%)၊ အႏိုင္ရာခိုင္ႏႈန္းက (၆၈%)ရွိခဲ့တာေၾကာင့္ မက္ဂြိဳင္းယားမပါႏိုင္ရင္ ယူႏိုက္တက္ခံစစ္က ႀကီးမားတဲ့အားနည္းခ်က္ျဖစ္ေနတာကို အထင္အရွားေတြ႕ႏိုင္ပါတယ္။

အဲဒါေၾကာင့္ လက္စတာနဲ႔ပြဲအမီ မက္ဂြိဳင္းယားတစ္ေယာက္ ဒဏ္ရာကေနအျမန္သက္သာလာဖို႔ ဆိုးလ္ရွားေမွ်ာ္လင့္ေနေပမယ့္လည္း မက္ဂြိဳင္းယားက အသင္းနဲ႔အတူရာႏႈန္းျပည့္ေလ့က်င့္ခန္းမဆင္းႏိုင္ေသးဘူးလို႔ဆိုခဲ့ပါတယ္။ မက္ဂြိဳင္းယားက “ကြၽန္ေတာ္ အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ခန္းမဆင္းႏိုင္ေသးပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ့္အေျခအေနက တျဖည္းျဖည္းတိုးတက္ေကာင္းမြန္လာၿပီး ျဖစ္သင့္တဲ့အေနအထားကို မၾကာခင္ေရာက္လာေတာ့မွာပါ။ ဒဏ္ရာရရွိခဲ့တဲ့အတြက္ စိတ္ပ်က္ရေပမယ့္ အခုအခ်ိန္မွာေတာ့ ျပန္လည္သက္သာလာၿပီျဖစ္တာေၾကာင့္ မၾကာခင္အခ်ိန္အတြင္း ေဘာလုံးျပန္ကစားႏိုင္ေတာ့မွာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။