လက်စတာနဲ့ပွဲမှာ ဂိုးသွင်းနိုင်ရင် စံချိန်ကောင်းတစ်ခုပိုင်ဆိုင်နိုင်ဖို့ရှိနေတဲ့ စီရော်နယ်လ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ မကြာသေးခင်က နိုင်ငံတကာပွဲရက်သတ္တပတ်မှာ သွင်းဂိုးစံချိန်မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့သလို

ဒီနေ့ကစားမယ့်လက်စတာနဲ့ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့ရင် ကလပ်အသင်းကစားသမားဘဝမှာ စံချိန်ကောင်းတစ်ခု ပိုင်ဆိုင်ဦးမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဆီ တစ်ကျော့ပြန်ရောက်လာချိန်ကတည်းက ခြေစွမ်းကောင်းတွေပြသနေတဲ့ စီရော်နယ်လ်ဒိုဟာ အခုလောလောဆယ်အသင်းအတွက်

ပြိုင်ပွဲစုံ(၆)ပွဲကစား၊ (၅)ဂိုးသွင်းယူထားပြီး ကလပ်အသင်းကစားသမားဘဝတစ်လျှောက် သူ့သွင်းဂိုးအရေအတွက်က စုစုပေါင်း(၇၉၄)ဂိုးအထိရှိနေပါပြီ။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် စံချိန်တွေချိုးဖျက်နေဆဲဖြစ်သူ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းမှာကစားခဲ့တဲ့နှစ်တွေအတွင်း အသင်းသမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံးကစားသမားစံချိန်၊

တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးစံချိန်၊ လာလီဂါမှာ သွင်းဂိုး(၂၅၀)ကို ပွဲအနည်းဆုံးနဲ့သွင်းယူခဲ့တဲ့စံချိန်တွေအပါအဝင် သွင်းဂိုးစံချိန်မှတ်တမ်းကောင်းတွေအများကြီးတင်ရှိနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းမှာကစားခဲ့တဲ့ (၃)နှစ်တာကာလအတွင်းမှာလည်း သွင်းဂိုး(၁၀၀)ကို ပွဲအနည်းဆုံးနဲ့သွင်းယူခဲ့သူအဖြစ်လည်း စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

အခု ယူနိုက်တက်အသင်းမှာလည်း စီရော်နယ်လ်ဒိုဟာ သွင်းဂိုးမှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့သလို လက်စတာနဲ့ပွဲမှာဂိုးသွင်းနိုင်မယ်ဆိုရင် သူ့ရဲ့ကလပ်အသင်းကစားသမားဘဝတစ်လျှောက် ပြိုင်ဘက်အသင်းပေါင်း(၁၂၀)ကို ဂိုးသွင်းယူခဲ့တဲ့စံချိန်ကောင်းတစ်ခုရရှိနိုင်မှာပါ။

စီရော်နယ်လ်ဒိုရဲ့ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် လက်စတာအသင်းနဲ့ အခုပွဲမတိုင်ခင်တစ်ကြိမ်သာဆုံတွေ့ခဲ့ဖူးပြီး

၂၀၀၄ခုနှစ်၊ ဧပြီလတုန်းက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်အသင်းက ဂယ်ရီနဗီးလ်ရဲ့သွင်းဂိုးနဲ့ လက်စတာအသင်းကိုအနိုင်ရခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ပရီးမီးယားလိဂ်ကလပ်အသင်းပေါင်း(၂၄)သင်းကို ဂိုးသွင်းယူခဲ့ဖူးပြီး စုစုပေါင်း(၈၇)ဂိုးအထိသွင်းယူခဲ့သလို သူဂိုးအများဆုံးသွင်းယူနိုင်ခဲ့တာက အက်စတွန်ဗီလာ(၈ဂိုး)၊ ဖူလ်ဟမ်နဲ့နယူးကာဆယ်(၇ဂိုးစီ)တို့ပဲဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဂိုးသွင်းခဲ့တဲ့အသင်းတွေထဲမှာ အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီး၊ စပါးစတဲ့အသင်းတွေပါဝင်ခဲ့ပေမယ့် အံ့အားသင့်စရာကောင်းတာက ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးနဲ့လက်စတာအသင်းဘက်ကို တစ်ခါမှဂိုးမသွင်းနိုင်သေးတာပါပဲ။

အခုအချိန်မှာတော့ စီရော်နယ်လ်ဒိုဟာ လက်စတာနဲ့ပြန်လည်ရင်ဆိုင်ရမှာဖြစ်လို့ လက်စတာအသင်းဘက်ကို ပထမဆုံးပရီးမီးယားလိဂ်ဂိုးသွင်းယူပြီး ပြိုင်ဘက်အသင်း(၁၂၀)ကို ဂိုးသွင်းနိုင်တဲ့စံချိန်ကောင်းရယူနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လက္စတာနဲ႔ပြဲမွာ ဂိုးသြင္းႏိုင္ရင္ စံခ်ိန္ေကာင္းတစ္ခုပိုင္ဆိုင္ႏိုင္ဖို႔ရွိေနတဲ့ စီေရာ္နယ္လ္ဒို

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ မၾကာေသးခင္က ႏိုင္ငံတကာပြဲရက္သတၱပတ္မွာ သြင္းဂိုးစံခ်ိန္မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ခဲ့သလို ဒီေန႔ကစားမယ့္လက္စတာနဲ႔ပြဲမွာလည္း ဂိုးသြင္းႏိုင္ခဲ့ရင္ ကလပ္အသင္းကစားသမားဘဝမွာ စံခ်ိန္ေကာင္းတစ္ခု ပိုင္ဆိုင္ဦးမွာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဆီ တစ္ေက်ာ့ျပန္ေရာက္လာခ်ိန္ကတည္းက ေျခစြမ္းေကာင္းေတြျပသေနတဲ့ စီေရာ္နယ္လ္ဒိုဟာ အခုေလာေလာဆယ္အသင္းအတြက္ ၿပိဳင္ပြဲစုံ(၆)ပြဲကစား၊ (၅)ဂိုးသြင္းယူထားၿပီး ကလပ္အသင္းကစားသမားဘဝတစ္ေလွ်ာက္ သူ႔သြင္းဂိုးအေရအတြက္က စုစုေပါင္း(၇၉၄)ဂိုးအထိရွိေနပါၿပီ။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ စံခ်ိန္ေတြခ်ိဳးဖ်က္ေနဆဲျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ရီးယဲလ္အသင္းမွာကစားခဲ့တဲ့ႏွစ္ေတြအတြင္း အသင္းသမိုင္းတစ္ေလွ်ာက္သြင္းဂိုးအမ်ားဆုံးကစားသမားစံခ်ိန္၊ တစ္ရာသီအတြင္း သြင္းဂိုးအမ်ားဆုံးစံခ်ိန္၊ လာလီဂါမွာ သြင္းဂိုး(၂၅၀)ကို ပြဲအနည္းဆုံးနဲ႔သြင္းယူခဲ့တဲ့စံခ်ိန္ေတြအပါအဝင္ သြင္းဂိုးစံခ်ိန္မွတ္တမ္းေကာင္းေတြအမ်ားႀကီးတင္ရွိႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ဂ်ဴဗင္တပ္စ္အသင္းမွာကစားခဲ့တဲ့ (၃)ႏွစ္တာကာလအတြင္းမွာလည္း သြင္းဂိုး(၁၀၀)ကို ပြဲအနည္းဆုံးနဲ႔သြင္းယူခဲ့သူအျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အခု ယူႏိုက္တက္အသင္းမွာလည္း စီေရာ္နယ္လ္ဒိုဟာ သြင္းဂိုးမွတ္တမ္းေကာင္းေတြပိုင္ဆိုင္ခဲ့သလို လက္စတာနဲ႔ပြဲမွာဂိုးသြင္းႏိုင္မယ္ဆိုရင္ သူ႔ရဲ႕ကလပ္အသင္းကစားသမားဘဝတစ္ေလွ်ာက္ ၿပိဳင္ဘက္အသင္းေပါင္း(၁၂၀)ကို ဂိုးသြင္းယူခဲ့တဲ့စံခ်ိန္ေကာင္းတစ္ခုရရွိႏိုင္မွာပါ။

စီေရာ္နယ္လ္ဒိုရဲ႕ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္ လက္စတာအသင္းနဲ႔ အခုပြဲမတိုင္ခင္တစ္ႀကိမ္သာဆုံေတြ႕ခဲ့ဖူးၿပီး ၂၀၀၄ခုႏွစ္၊ ဧၿပီလတုန္းက အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာကစားခဲ့တဲ့ပြဲမွာ ယူႏိုက္တက္အသင္းက ဂယ္ရီနဗီးလ္ရဲ႕သြင္းဂိုးနဲ႔ လက္စတာအသင္းကိုအႏိုင္ရခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ပရီးမီးယားလိဂ္ကလပ္အသင္းေပါင္း(၂၄)သင္းကို ဂိုးသြင္းယူခဲ့ဖူးၿပီး စုစုေပါင္း(၈၇)ဂိုးအထိသြင္းယူခဲ့သလို သူဂိုးအမ်ားဆုံးသြင္းယူႏိုင္ခဲ့တာက အက္စတြန္ဗီလာ(၈ဂိုး)၊ ဖူလ္ဟမ္နဲ႔နယူးကာဆယ္(၇ဂိုးစီ)တို႔ပဲျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုဂိုးသြင္းခဲ့တဲ့အသင္းေတြထဲမွာ အာဆင္နယ္၊ လီဗာပူးလ္၊ မန္စီးတီး၊ စပါးစတဲ့အသင္းေတြပါဝင္ခဲ့ေပမယ့္ အံ့အားသင့္စရာေကာင္းတာက ပရီးမီးယားလိဂ္မွာ ခ်ယ္လ္ဆီးနဲ႔လက္စတာအသင္းဘက္ကို တစ္ခါမွဂိုးမသြင္းႏိုင္ေသးတာပါပဲ။

အခုအခ်ိန္မွာေတာ့ စီေရာ္နယ္လ္ဒိုဟာ လက္စတာနဲ႔ျပန္လည္ရင္ဆိုင္ရမွာျဖစ္လို႔ လက္စတာအသင္းဘက္ကို ပထမဆုံးပရီးမီးယားလိဂ္ဂိုးသြင္းယူၿပီး ၿပိဳင္ဘက္အသင္း(၁၂၀)ကို ဂိုးသြင္းႏိုင္တဲ့စံခ်ိန္ေကာင္းရယူႏိုင္မလားဆိုတာေစာင့္ၾကည့္ရမွာပါ . . .