လက်စတာနဲ့ပွဲကို လွဲချော်မှာဖြစ်သလို ဂျူဗင်တပ်စ်၊ ယူနိုက်တက်တို့နဲ့ပွဲတွေမှာလည်း ပါဝင်နိုင်ဖို့မရှိသေးတဲ့လူကာကူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်းနည်းပြတူချယ်လ်က တိုက်စစ်မှူးလူကာကူဟာ အခုတစ်ပတ်စနေနေ့ကျရင် လက်စတာအသင်းနဲ့ကစားမယ့်

ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့အတည်ပြုခဲ့ပြီး ဂျူဗင်တပ်စ်၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ကစားမယ့်ပွဲတွေကိုလည်း လွဲချော်ဖို့ရှိနေပါပြီ။

ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူဟာ အောက်တိုဘာလ(၂၀)တုန်းက မာလ်မိုအသင်းကို(၄-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ

ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး (၁)လနီးပါးအထိအနားယူနေရသလို အခုတစ်ပတ်ကုန်မှ အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့ရှိနေပါတယ်။

လူကာကူလိုပဲ ကွင်းလယ်လူကိုဗာချစ်ကလည်း အသင်းအတွက်ပါဝင်ကစားနိုင်မယ့်အနေအထားမရှိသေးဘဲ

တူချယ်လ်အတွက် သတင်းကောင်းကတော့ ဗာနာ၊ မေဆင်မောင့်၊ ပူလီဆစ်တို့ဟာ ကြံ့ခိုင်မှုပြည့်ဝလာပြီဖြစ်တာကြောင့် လက်စတာနဲ့ပွဲမှာပါဝင်ကစားမယ့်အနေအထားပါပဲ။

လူကာကူရဲ့အနေအထားနဲ့ပတ်သက်လို့ တူချယ်လ်က “လူကာကူကတော့ ဘောလုံးပြန်ကစားနိုင်ဖို့ တော်တော်လေးကြိုးစားနေပါတယ်။

အခုအချိန်မှာ ကျွန်တော်ပြောနိုင်တာက လူကာကူ ပြန်ကစားနိုင်အောင် ကျွန်တော်တို့အားလုံးဝိုင်းဝန်းကြိုးပမ်းနေတယ်ဆိုတာပါပဲ။

ဖြစ်နိုင်တဲ့ခန့်မှန်းချက်တွေပြောလို့ရပေမယ့် လူကာကူကို ကျွန်တော် ဖိအားမပေးလိုပါဘူး။ သူ့ဟာသူနဲ့တောင် ဖိအားများနေတာဖြစ်ပါတယ်။

ကျွန်တော်တို့ကတော့ အသင်းရဲ့ဆရာဝန်တွေ၊ ကြံ့ခိုင်ရေးမှူး၊ ကစားသမားနဲ့တိုင်ပင်ဆွေးနွေးပြီး ဘာလုပ်ရမလဲဆိုတာ အလေးအနက်ထားစဉ်းစားသွားမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက,ကစားသမားတွေဟာ သက်ဆိုင်ရာနိုင်ငံလက်ရွေးစင်အသင်းတွေအတွက် ပါဝင်ကစားခဲ့ရတာကြောင့်

ကစားသမားအစုံအလင်နဲ့လေ့ကျင့်ခန်းပြုလုပ်ဖို့ သောကြာနေ့တစ်ရက်သာအချိန်ရပြီး (၂၄)နာရီအကြာမှာ လက်စတာနဲ့ကစားရမှာဖြစ်လို့ တူချယ်လ်ကတော့ နိုင်ငံပွဲတွေအပေါ်မကျေမနပ်ဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လက္စတာနဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္သလို ဂ်ဴဗင္တပ္စ္၊ ယူႏိုက္တက္တို႔နဲ႔ပြဲေတြမွာလည္း ပါဝင္ႏိုင္ဖို႔မရွိေသးတဲ့လူကာကူ

ခ်ယ္လ္ဆီးအသင္းနည္းျပတူခ်ယ္လ္က တိုက္စစ္မႉးလူကာကူဟာ အခုတစ္ပတ္စေနေန႔က်ရင္ လက္စတာအသင္းနဲ႔ကစားမယ့္ပရီးမီးယားလိဂ္ပြဲမွာ ပါဝင္ကစားႏိုင္မွာမဟုတ္ဘူးလို႔အတည္ျပဳခဲ့ၿပီး ဂ်ဴဗင္တပ္စ္၊ မန္ခ်က္စတာယူႏိုက္တက္တို႔နဲ႔ကစားမယ့္ပြဲေတြကိုလည္း လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။

ဘယ္လ္ဂ်ီယံတိုက္စစ္မႉးလူကာကူဟာ ေအာက္တိုဘာလ(၂၀)တုန္းက မာလ္မိုအသင္းကို(၄-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ ေျခခ်င္းဝတ္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး (၁)လနီးပါးအထိအနားယူေနရသလို အခုတစ္ပတ္ကုန္မွ အသင္းနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္းႏိုင္ဖို႔ရွိေနပါတယ္။ လူကာကူလိုပဲ ကြင္းလယ္လူကိုဗာခ်စ္ကလည္း အသင္းအတြက္ပါဝင္ကစားႏိုင္မယ့္အေနအထားမရွိေသးဘဲ တူခ်ယ္လ္အတြက္ သတင္းေကာင္းကေတာ့ ဗာနာ၊ ေမဆင္ေမာင့္၊ ပူလီဆစ္တို႔ဟာ ႀကံ့ခိုင္မႈျပည့္ဝလာၿပီျဖစ္တာေၾကာင့္ လက္စတာနဲ႔ပြဲမွာပါဝင္ကစားမယ့္အေနအထားပါပဲ။

လူကာကူရဲ႕အေနအထားနဲ႔ပတ္သက္လို႔ တူခ်ယ္လ္က “လူကာကူကေတာ့ ေဘာလုံးျပန္ကစားႏိုင္ဖို႔ ေတာ္ေတာ္ေလးႀကိဳးစားေနပါတယ္။ အခုအခ်ိန္မွာ ကြၽန္ေတာ္ေျပာႏိုင္တာက လူကာကူ ျပန္ကစားႏိုင္ေအာင္ ကြၽန္ေတာ္တို႔အားလုံးဝိုင္းဝန္းႀကိဳးပမ္းေနတယ္ဆိုတာပါပဲ။ ျဖစ္ႏိုင္တဲ့ခန႔္မွန္းခ်က္ေတြေျပာလို႔ရေပမယ့္ လူကာကူကို ကြၽန္ေတာ္ ဖိအားမေပးလိုပါဘူး။ သူ႔ဟာသူနဲ႔ေတာင္ ဖိအားမ်ားေနတာျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ကေတာ့ အသင္းရဲ႕ဆရာဝန္ေတြ၊ ႀကံ့ခိုင္ေရးမႉး၊ ကစားသမားနဲ႔တိုင္ပင္ေဆြးေႏြးၿပီး ဘာလုပ္ရမလဲဆိုတာ အေလးအနက္ထားစဥ္းစားသြားမွာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းက,ကစားသမားေတြဟာ သက္ဆိုင္ရာႏိုင္ငံလက္ေ႐ြးစင္အသင္းေတြအတြက္ ပါဝင္ကစားခဲ့ရတာေၾကာင့္ ကစားသမားအစုံအလင္နဲ႔ေလ့က်င့္ခန္းျပဳလုပ္ဖို႔ ေသာၾကာေန႔တစ္ရက္သာအခ်ိန္ရၿပီး (၂၄)နာရီအၾကာမွာ လက္စတာနဲ႔ကစားရမွာျဖစ္လို႔ တူခ်ယ္လ္ကေတာ့ ႏိုင္ငံပြဲေတြအေပၚမေက်မနပ္ျဖစ္ေနပါတယ္။