

မန်စီးတီးအသင်းတာဝန်ရှိသူတွေဟာ သူတို့အသင်းကပြန်လည်တည်ဆောက်ဖို့ စီစဉ်ထားရာမှာ လက်စတာနောက်ခံလူ ဆိုယန်ကူ ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ မန်စီးတီးဟာ ဒီရာသီမှာ ခြေစွမ်းကျဆင်းနေပြီး အထူးသဖြင့် ဗဟိုခံစစ်မှာ လိုအပ်ချက်ရှိနေတာပါ။
တူရကီနောက်ခံလူ ဆိုယန်ကူဟာ ပြီးခဲ့တဲ့ နွေရာသီက မက်ဂွိုင်းယားမန်ယူကိုပြောင်းသွားပြီးတဲ့နောက် သူ့နေရာအစားဝင်ပြီး ခြေစွမ်းပြသနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း မန်စီးတီးဟာပြီးခဲ့တဲ့နွေရာသီက အသင်းနဲ့လမ်းခွဲသွားတဲ့ ကွန်ပနီရဲ့နေရာမှာ အစားထိုးဖို့အတွက် ဆိုယန်ကူ ကိုပစ်မှတ်ထားလာတာဖြစ်ပါတယ်။

နည်းပြဂွာဒီယိုလာဟာ ၂၀၁၆ မန်စီးတီးကိုအပြောင်းအလဲတွေ စတင်ပြုလုပ်ခဲ့ပြီး လက်ရှိအခြေအနေအရ အပြောင်းအလဲပြန်လည်ပြုလုပ်ဖို့ အချိန်ကျလာပြီလို့ ယူဆထားသူပါ။ ကလပ်ဘက်ကလည်း သူရေရှည်ဆက်ရှိနေရေးအတွက် သူ့ဆန္ဒကိုလိုက်လျောပေးဖို့ ပြင်ဆင်ထားပါတယ်။

လက်စတာအသင်းဟာ လက်ရှိမှာခြေစွမ်းပြနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ မျှော်မှန်းနေတဲ့အတွက် ဆိုယန်ကူ ကိုအလွယ်တကူထွက်ခွင့်ပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း မက်ဂွိုင်းယားကို ရောင်းချခဲ့တုန်းက ရခဲ့တဲ့ ပေါငသန်း ၈၀ ထက်မနည်းတဲ့ဈေးနှုန်းမျိုး ရမှသာထွက်ခွင့်ပေးဖို့ ရှိတယ်လို့လည်းဆိုပါတယ်။

မန်စီးတီးဟာ လာပေါ်တီရေရှည်ဒဏ်ရာရသွားပြီးနောက် ခံစစ်ပိုင်းရုန်းကန်နေရမှုနဲ့အတူ ရလဒ်ပိုင်းတွေလည်း ကျဆင်းခဲ့ပြီး အခုဆိုရင် ထိပ်ဆုံးကဦးဆောင်နေတဲ့ လီဗာပူးနဲ့ ၁၁ မှတ်ကွာဟသွားလို့ ချန်ပီယံဘွဲ့ကို ဆက်ထိန်းဖို့ ခက်ခဲသွားပြီဖြစ်ပါတယ်။

Zawgyi
လက္စတာက ဆိုယန္ကူ ကိုမန္စီးတီးအသင္းပစ္မွတ္ထားေန
မန္စီးတီးအသင္းတာ၀န္ရွိသူေတြဟာ သူတို႔အသင္းကျပန္လည္တည္ေဆာက္ဖို႔ စီစဥ္ထားရာမွာ လက္စတာေနာက္ခံလူ ဆိုယန္ကူ ကိုေခၚယူဖို႔ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။ မန္စီးတီးဟာ ဒီရာသီမွာ ေျခစြမ္းက်ဆင္းေနၿပီး အထူးသျဖင့္ ဗဟိုခံစစ္မွာ လိုအပ္ခ်က္ရွိေနတာပါ။
တူရကီေနာက္ခံလူ ဆိုယန္ကူဟာ ၿပီးခဲ့တဲ႔ ေႏြရာသီက မက္ဂြိဳင္းယားမန္ယူကိုေျပာင္းသြားၿပီးတဲ႔ေနာက္ သူ႔ေနရာအစား၀င္ၿပီး ေျခစြမ္းျပသေနတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း မန္စီးတီးဟာၿပီးခဲ့တဲ႔ေႏြရာသီက အသင္းနဲ႔လမ္းခြဲသြားတဲ႔ ကြန္ပနီရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ဆိုယန္ကူ ကိုပစ္မွတ္ထားလာတာျဖစ္ပါတယ္။
နည္းျပဂြာဒီယိုလာဟာ ၂၀၁၆ မန္စီးတီးကိုအေျပာင္းအလဲေတြ စတင္ျပဳလုပ္ခဲ့ၿပီး လက္ရွိအေျခအေနအရ အေျပာင္းအလဲျပန္လည္ျပဳလုပ္ဖို႔ အခ်ိန္က်လာၿပီလို႔ ယူဆထားသူပါ။ ကလပ္ဘက္ကလည္း သူေရရွည္ဆက္ရွိေနေရးအတြက္ သူ႔ဆႏၵကိုလိုက္ေလ်ာေပးဖို႔ ျပင္ဆင္ထားပါတယ္။
လက္စတာအသင္းဟာ လက္ရွိမွာေျခစြမ္းျပေနၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ကိုပါ ေမွ်ာ္မွန္းေနတဲ႔အတြက္ ဆိုယန္ကူ ကိုအလြယ္တကူထြက္ခြင့္ေပးမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္လည္း မက္ဂြိဳင္းယားကို ေရာင္းခ်ခဲ့တုန္းက ရခဲ့တဲ႔ ေပါငသန္း ၈၀ ထက္မနည္းတဲ႔ေစ်းႏႈန္းမ်ဳိး ရမွသာထြက္ခြင့္ေပးဖို႔ ရွိတယ္လို႔လည္းဆိုပါတယ္။
မန္စီးတီးဟာ လာေပၚတီေရရွည္ဒဏ္ရာရသြားၿပီးေနာက္ ခံစစ္ပိုင္းရုန္းကန္ေနရမႈနဲ႔အတူ ရလဒ္ပိုင္းေတြလည္း က်ဆင္းခဲ့ၿပီး အခုဆိုရင္ ထိပ္ဆုံးကဦးေဆာင္ေနတဲ႔ လီဗာပူးနဲ႔ ၁၁ မွတ္ကြာဟသြားလို႔ ခ်န္ပီယံဘြဲ႔ကို ဆက္ထိန္းဖို႔ ခက္ခဲသြားၿပီျဖစ္ပါတယ္။