လက်စတာကိုရှုံးခဲ့လို့ ဆိုးလ်ရှားပေါက်ကွဲနေပြီး ခြေစွမ်းမပြနိုင်တဲ့သူတွေကို အတ္တလန်တာနဲ့ပွဲမှာ ခေါက်ထားဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ ပြီးခဲ့တဲ့စနေနေ့က လက်စတာအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ (၄-၂)ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့တာကြောင့် ဒေါသပေါက်ကွဲနေပြီး

အဲဒီပွဲမှာခြေစွမ်းမပြနိုင်တဲ့သူတွေကို မနက်ဖြန်ကစားမယ့်အတ္တလန်တာနဲ့ချန်ပီယံလိဂ်ပွဲကျရင် အရန်ခုံပို့ပစ်မယ့်အနေအထားရှိနေပါပြီ။

ယူနိုက်တက်အသင်းဟာ လက်စတာကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အဝေးကွင်းရှုံးပွဲမရှိစံချိန်မှတ်တမ်းက (၂၉)ပွဲမှာရပ်တန့်သွားခဲ့ရသလို

ပြိုင်ပွဲစုံနောက်ဆုံး(၇)ပွဲမှာ(၄)ပွဲမြောက်ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။

လက်စတာနဲ့ပွဲမှာ ယူနိုက်တက်အသင်းအဓိက,ကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းယား၊ ပေ့ါဘာ၊ စီရော်နယ်လ်ဒိုအပါအဝင် ကစားသမားအများစုက ပုံမှန်ခြေစွမ်းအောက်ရောက်နေပြီး

ဆိုးလ်ရှားက ခြေစွမ်းမပြနိုင်တဲ့သူတွေကို အတ္တလန်တာနဲ့ပွဲမှာ ပွဲထွက်အသုံးပြုမှာမဟုတ်ဘူးလို့ အရိပ်အမြွက်ပြောခဲ့တာပါ။

ဆိုးလ်ရှားက “အခုနောက်ပိုင်းပွဲတွေမှာ ကျွန်တော်တို့အသင်းကစားပုံ ဆိုးရွားနေပြီး အမှတ်ဆုံးရှုံးမှုကလည်း များနေတာကြောင့် အဲဒီအနေအထားကို ပြင်ဆင်ဖို့စဉ်းစားရမှာပါ။

ကျွန်တော်တို့အသင်း အပြောင်းအလဲလုပ်ဖို့လိုနေပါပြီ။

ပွဲထွက်လူစာရင်းကို ကျွန်တော်ကိုယ်တိုင်ရွေးချယ်တာကြောင့် အခုပွဲမှာ (၄)ဂိုးအထိပေးခဲ့ရတာက ကျွန်တော့်ရွေးချယ်မှုမှားခဲ့တယ်လို့ပြောရမှာပါပဲ။

လက်စတာနဲ့ပွဲက ခြေစွမ်းကို ပြန်ကြည့်ရင် ကျွန်တော်တို့ပေးလိုက်ရတဲ့ (၄)ဂိုးစလုံးက စိတ်ပျက်စရာကောင်းပါတယ်။

အသင်းရဲ့ကစားပုံကလည်း ပရီးမီးယားလိဂ်အဝေးကွင်းရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းဖို့ထိုက်တန်တဲ့အနေအထားမရှိပါဘူး။

ကျွန်တော်တို့အသင်းမှာ ကစားသမားကောင်းတွေအများကြီးရှိပေမယ့် ထိုက်သင့်တဲ့စွမ်းဆောင်ရည်မျိုးမပြသနိုင်ခဲ့ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အတ္တလန်တာနဲ့ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်အပြီး လာမယ့်တနင်္ဂနွေကျရင် လီဗာပူးလ်အသင်းကို

အိမ်ကွင်းမှာပဲ ဆက်လက်ကစားရမှာဖြစ်သလို အဲဒါပြီးရင်တော့ စပါး၊ အတ္တလန်တာတို့နဲ့အဝေးကွင်းပွဲတွေ ဆက်တိုက်ကစားရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လက္စတာကိုရႈံးခဲ့လို႔ ဆိုးလ္ရွားေပါက္ကြဲေနၿပီး ေျခစြမ္းမျပႏိုင္တဲ့သူေတြကို အတၱလန္တာနဲ႔ပြဲမွာ ေခါက္ထားဖို႔ရွိေန

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားဟာ ၿပီးခဲ့တဲ့စေနေန႔က လက္စတာအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ (၄-၂)ဂိုးနဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့တာေၾကာင့္ ေဒါသေပါက္ကြဲေနၿပီး အဲဒီပြဲမွာေျခစြမ္းမျပႏိုင္တဲ့သူေတြကို မနက္ျဖန္ကစားမယ့္အတၱလန္တာနဲ႔ခ်န္ပီယံလိဂ္ပြဲက်ရင္ အရန္ခုံပို႔ပစ္မယ့္အေနအထားရွိေနပါၿပီ။

ယူႏိုက္တက္အသင္းဟာ လက္စတာကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္အေဝးကြင္းရႈံးပြဲမရွိစံခ်ိန္မွတ္တမ္းက (၂၉)ပြဲမွာရပ္တန႔္သြားခဲ့ရသလို ၿပိဳင္ပြဲစုံေနာက္ဆုံး(၇)ပြဲမွာ(၄)ပြဲေျမာက္ရႈံးပြဲႀကဳံေတြ႕ခဲ့တာျဖစ္ပါတယ္။ လက္စတာနဲ႔ပြဲမွာ ယူႏိုက္တက္အသင္းအဓိက,ကစားသမားေတြျဖစ္တဲ့ မက္ဂြိဳင္းယား၊ ေပ့ါဘာ၊ စီေရာ္နယ္လ္ဒိုအပါအဝင္ ကစားသမားအမ်ားစုက ပုံမွန္ေျခစြမ္းေအာက္ေရာက္ေနၿပီး ဆိုးလ္ရွားက ေျခစြမ္းမျပႏိုင္တဲ့သူေတြကို အတၱလန္တာနဲ႔ပြဲမွာ ပြဲထြက္အသုံးျပဳမွာမဟုတ္ဘူးလို႔ အရိပ္အႁမြက္ေျပာခဲ့တာပါ။

ဆိုးလ္ရွားက “အခုေနာက္ပိုင္းပြဲေတြမွာ ကြၽန္ေတာ္တို႔အသင္းကစားပုံ ဆိုး႐ြားေနၿပီး အမွတ္ဆုံးရႈံးမႈကလည္း မ်ားေနတာေၾကာင့္ အဲဒီအေနအထားကို ျပင္ဆင္ဖို႔စဥ္းစားရမွာပါ။ ကြၽန္ေတာ္တို႔အသင္း အေျပာင္းအလဲလုပ္ဖို႔လိုေနပါၿပီ။ ပြဲထြက္လူစာရင္းကို ကြၽန္ေတာ္ကိုယ္တိုင္ေ႐ြးခ်ယ္တာေၾကာင့္ အခုပြဲမွာ (၄)ဂိုးအထိေပးခဲ့ရတာက ကြၽန္ေတာ့္ေ႐ြးခ်ယ္မႈမွားခဲ့တယ္လို႔ေျပာရမွာပါပဲ။

လက္စတာနဲ႔ပြဲက ေျခစြမ္းကို ျပန္ၾကည့္ရင္ ကြၽန္ေတာ္တို႔ေပးလိုက္ရတဲ့ (၄)ဂိုးစလုံးက စိတ္ပ်က္စရာေကာင္းပါတယ္။ အသင္းရဲ႕ကစားပုံကလည္း ပရီးမီးယားလိဂ္အေဝးကြင္းရႈံးပြဲမရွိစံခ်ိန္ကို ဆက္ထိန္းဖို႔ထိုက္တန္တဲ့အေနအထားမရွိပါဘူး။ ကြၽန္ေတာ္တို႔အသင္းမွာ ကစားသမားေကာင္းေတြအမ်ားႀကီးရွိေပမယ့္ ထိုက္သင့္တဲ့စြမ္းေဆာင္ရည္မ်ိဳးမျပသႏိုင္ခဲ့ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ အတၱလန္တာနဲ႔ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲစဥ္အၿပီး လာမယ့္တနဂၤေႏြက်ရင္ လီဗာပူးလ္အသင္းကို အိမ္ကြင္းမွာပဲ ဆက္လက္ကစားရမွာျဖစ္သလို အဲဒါၿပီးရင္ေတာ့ စပါး၊ အတၱလန္တာတို႔နဲ႔အေဝးကြင္းပြဲေတြ ဆက္တိုက္ကစားရမွာပါ။