လက်ကျန်ပွဲအားလုံးအနိုင်ယူပြီး ပရီးမီးယားလိဂ်ရမှတ်စံချိန်တင်ချင်နေတဲ့ ကလော့ပ်

photo-gettyimages

photo-gettyimages

လီဗာပူးနည်းပြဂာျဂင်ကလော့ပ်ဟာ သူ့အသင်းကို ၉ ပွဲဆက်အနိုင်နဲ့ ရာသီသိမ်းပြီး ပရီးမီးယားလိဂ်မှာ ရမှတ်စံချိန်တင် ဖြစ်စေချင်နေပါတယ်။ လီဗာပူးအနေနဲ့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအမှတ်ပေးချန်ပီယံအောင်မြင်မှုအတွက် နိုင်ပွဲ ၂ ပွဲသာ လိုအပ်တော့တာပါ။ ဒါပေမဲ့ ကလော့ပ်ကတော့ သူ့အသင်းကို လိုအပ်တဲ့ ၂ ပွဲအနိုင်နဲ့ မတင်းတိမ်စေချင်ပါဘူး။

photo-gettyimages

လီဗာပူးဟာ လက်ကျန်ပွဲတွေမှာ ၂၇ မှတ်ရနိုင်သေးပြီး ကျန်ပွဲအားလုံးနိုင်မယ်ဆိုရင် ၁၀၉ မှတ်အထိ ရှိသွားမှာဖြစ်ကာ ၂၀၁၇-၁၈ ရာသီက မန်စီးတီးရဲ့စံချိန်တင်ရမှတ် အမှတ် ၁၀၀ ကို ကျော်ဖြတ်နိုင်မှာပါ။ ကလော့ပ်ရဲ့အသင်းဟာ လက်ရှိအမှတ်ပေးဇယားမှာ ၂၅ မှတ်ဖြတ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရာသီမဆိုင်းငံခင် ခက်ခဲတဲ့ကာလတစ်ရပ်နဲ့ကြုံခဲ့ရပြီး ဝက်ဖို့ဒ်နဲ့အတွေ့ ပရီးမီးယားလိဂ်ရှုံးပွဲမရှိစံချိန်ရပ်သွားခဲ့ကာ အက်ဖ်အေဖလားမှာ ချဲလ်ဆီးကိုရှုံးခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း အက်သလက်တီကိုရဲ့နောက်ကောက်ချခြင်းခံခဲ့ရပါတယ်။

photo-bbc

”တွေးကြည့်ရင်  အခြေအနေက ကျေနပ်စရာပါ။ ဒါပေမဲ့ ချန်ပီယံမဖြစ်သေးဘူးဆိုတာကို ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ နီးစပ်နေပြီဖြစ်ပေမယ့် အဲဒီကိုမရောက်သေးပါဘူး။ ကျွန်တော်တို့အတွက် ၂၇ မှတ်ကျန်သေးပြီး ရနိုင်သမျှ အားလုံးယူနိုင်ဖို့ ကြိုးစားသွားမှာပါ။ လိုအပ်တဲ့ ၂ ပွဲနိုင်သွားပြီးရင်လည်း အနိုင်ကိုမရပ်တန့်ချင်ပါဘူး”လို့ ကလော့ပ်က ပြောကြားခဲ့တာပါ။

[Zawgyi]

လက္က်န္ပြဲအားလုံးအႏိုင္ယူၿပီး ပရီးမီးယားလိဂ္ရမွတ္စံခ်ိန္တင္ခ်င္ေနတဲ့ ကေလာ့ပ္

လီဗာပူးနည္းျပဂာ်ဂင္ကေလာ့ပ္ဟာ သူ႔အသင္းကို ၉ ပြဲဆက္အႏိုင္နဲ႔ ရာသီသိမ္းၿပီး ပရီးမီးယားလိဂ္မွာ ရမွတ္စံခ်ိန္တင္ ျဖစ္ေစခ်င္ေနပါတယ္။ လီဗာပူးအေနနဲ႔ ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆုံးအမွတ္ေပးခ်န္ပီယံေအာင္ျမင္မႈအတြက္ ႏိုင္ပြဲ ၂ ပြဲသာ လုိအပ္ေတာ့တာပါ။ ဒါေပမဲ့ ကေလာ့ပ္ကေတာ့ သူ႔အသင္းကို လိုအပ္တဲ့ ၂ ပြဲအႏိုင္နဲ႔ မတင္းတိမ္ေစခ်င္ပါဘူး။

လီဗာပူးဟာ လက္က်န္ပြဲေတြမွာ ၂၇ မွတ္ရႏိုင္ေသးၿပီး က်န္ပြဲအားလုံးႏိုင္မယ္ဆိုရင္ ၁၀၉ မွတ္အထိ ရွိသြားမွာျဖစ္ကာ ၂၀၁၇-၁၈ ရာသီက မန္စီးတီးရဲ႕စံခ်ိန္တင္ရမွတ္ အမွတ္ ၁၀၀ ကို ေက်ာ္ျဖတ္ႏိုင္မွာပါ။ ကေလာ့ပ္ရဲ႕အသင္းဟာ လက္ရွိအမွတ္ေပးဇယားမွာ ၂၅ မွတ္ျဖတ္ထားေပမယ့္ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ရာသီမဆိုင္းငံခင္ ခက္ခဲတဲ့ကာလတစ္ရပ္နဲ႔ႀကဳံခဲ့ရၿပီး ၀က္ဖို႔ဒ္နဲ႔အေတြ႕ ပရီးမီးယားလိဂ္ရႈံးပြဲမရွိစံခ်ိန္ရပ္သြားခဲ့ကာ အက္ဖ္ေအဖလားမွာ ခ်ဲလ္ဆီးကိုရႈံးခဲ့ၿပီး ခ်န္ပီယံလိဂ္မွာလည္း အက္သလက္တီကိုရဲ႕ေနာက္ေကာက္ခ်ျခင္းခံခဲ့ရပါတယ္။

”ေတြးၾကည့္ရင္  အေျခအေနက ေက်နပ္စရာပါ။ ဒါေပမဲ့ ခ်န္ပီယံမျဖစ္ေသးဘူးဆိုတာကို ကၽြန္ေတာ္တို႔သိပါတယ္။ ကၽြန္ေတာ္တို႔ နီးစပ္ေနၿပီျဖစ္ေပမယ့္ အဲဒီကိုမေရာက္ေသးပါဘူး။ ကၽြန္ေတာ္တို႔အတြက္ ၂၇ မွတ္က်န္ေသးၿပီး ရႏိုင္သမွ် အားလုံးယူႏိုင္ဖို႔ ႀကိဳးစားသြားမွာပါ။ လိုအပ္တဲ့ ၂ ပြဲႏိုင္သြားၿပီးရင္လည္း အႏုိင္ကိုမရပ္တန္႔ခ်င္ပါဘူး”လုိ႔ ကေလာ့ပ္က ေျပာၾကားခဲ့တာပါ။