လက္ရွိအခ်ိန္ထိ ဒီရာသီရဲ႕အေကာင္းဆုံးဂိုးဖန္တီးမႈေတြထဲကတစ္ခုကို ျပဳလုပ္လုိက္တဲ့ အိုဒီဂတ္

photo-eurosport

photo-social media

မာတင္အိုဒီဂတ္ဟာ ရီးရဲလ္မက္ဒရစ္မွာ ေမ့ေပ်ာက္ခံရနီးပါးကစားသမားတစ္ေယာက္ ျဖစ္လာပါတယ္။ အဲဒီေနာ္ေ၀ကြင္းလယ္လူဟာ ၁၅ ႏွစ္အရြယ္မွာ ေတာက္ပတဲ့ေျခစြမ္းနဲ႔ အသင္းႀကီးအမ်ားအျပားရဲ႕စိတ္၀င္စားျခငး္ခံခဲ့ရေပမယ့္ ရီးရဲလ္ကိုသာ ေရြးခ်ယ္ခဲ့တာပါ။ ဒါေပမဲ့ သူဟာ ေမွ်ာ္မွန္းထားသလုိ တိုးတက္လာျခင္းမရွိပါဘူး။ ၁၆ ႏွစ္အရြယ္မွာ ရီးရဲလ္အတြက္ စတင္ပြဲဦးထြက္ခဲ့ေပမယ့္ အဲဒါဟာ အခုခ်ိန္ထိ သူ႔အတြက္ ရီးရဲလ္ကစားသမားဘ၀ တစ္ပြဲတည္းေသာၿပိဳင္ပြဲအသြင္ပြဲသာ ျဖစ္ခဲ့ပါတယ္။ ေနာက္ဆုံး ၃ ရာသီကို အငွားထြက္ခဲ့ရၿပီး လက္ရွိမွာလည္း ဆိုစီဒက္မွာ အငွားသြားကစားေနတာပါ။

photo-social media

ဆိုစီဒက္ေရာက္မွပဲ ပုံစံေကာင္းရရွိလာၿပီး အခုခ်ိန္မွာ အသက္ ၂၀ ရွိၿပီျဖစ္တဲ့ အုီဒီဂတ္ဟာ ဒီရာသီလာလီဂါရဲ႕အေကာင္းဆုံးကစားသမားေတြထဲက တစ္ေယာက္ျဖစ္ေနပါတယ္။ အဲဒီလာလီဂါကလပ္အတြက္ ၂ ဂိုးသြင္းထားၿပီးျဖစ္ကာ လကပ္ရဲ႕ၾသဂုတ္လအေကာင္းဆုံးကစားသမားဆုကိုလည္း ရရွိခဲ့ပါတယ္။ အခုလည္း အိုဒီဂတ္ဟာ လက္ရွိအခ်ိန္ထိ ဒီရာသီရဲ႕အေကာင္းဆုံးဂိုးဖန္တီးမႈေတြထဲက တစ္ခုကို ျပဳလုပ္လိုက္ပါတယ္။

photo-social media

သူဟာ ၾကာသပေတးညက ကစားခဲ့တဲ့ အလာဗက္စ္နဲ႔လာလီဂါပြဲစဥ္မွာ ပြဲထြက္ပါ၀င္ခဲ့ၿပီး ပြဲခ်ိန္ ၁၉ မိနစ္အေရာက္ ဆိုစီဒက္ရခဲ့တဲ့အဖြင့္ဂိုးမွာ ရင္သပ္ရႈေမာဖြယ္ဂိုးဖန္တီးမႈကိုျပဳလုပ္ခဲ့တာပါ။ ၿပိဳင္ဘက္ကြင္းဘက္ျခမ္းရဲ႕တစ္၀က္ေလာက္မွာ ေဘာလုံးရယူၿပီး တစ္ဖက္ကစားသမားရဲ႕ေျခေထာက္ႏွစ္ေခ်ာင္းၾကားထဲကေန ေဘာလုံးကို ဆြဲထုတ္ယူသြားကာ တိုက္စစ္မႈးအိုယာဇာဘယ္အလြယ္တကူပိတ္သြင္းႏိုင္ေအာင္ တိက်ျပည့္စုံတဲ့ေပးပို႔မႈျပဳလုပ္ေပးခဲ့တာပါ။ အိုဒီဂတ္ရဲ႕ဒီဂိုးဖန္တီးမႈဟာ ဆိုရွယ္မီဒီယာထက္မွာေတာ့ အေတာ္ေလးကို ခ်ီးက်ဴးခံေနရပါတယ္။

[Unicode]

မာတင်အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ်မှာ မေ့ပျောက်ခံရနီးပါးကစားသမားတစ်ယောက် ဖြစ်လာပါတယ်။ အဲဒီနော်ဝေကွင်းလယ်လူဟာ ၁၅ နှစ်အရွယ်မှာ တောက်ပတဲ့ခြေစွမ်းနဲ့ အသင်းကြီးအများအပြားရဲ့စိတ်ဝင်စားခြင်းခံခဲ့ရပေမယ့် ရီးရဲလ်ကိုသာ ရွေးချယ်ခဲ့တာပါ။ ဒါပေမဲ့ သူဟာ မျှော်မှန်းထားသလို တိုးတက်လာခြင်းမရှိပါဘူး။ ၁၆ နှစ်အရွယ်မှာ ရီးရဲလ်အတွက် စတင်ပွဲဦးထွက်ခဲ့ပေမယ့် အဲဒါဟာ အခုချိန်ထိ သူ့အတွက် ရီးရဲလ်ကစားသမားဘ၀ တစ်ပွဲတည်းသောပြိုင်ပွဲအသွင်ပွဲသာ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး ၃ ရာသီကို အငှားထွက်ခဲ့ရပြီး လက်ရှိမှာလည်း ဆိုစီဒက်မှာ အငှားသွားကစားနေတာပါ။

ဆိုစီဒက်ရောက်မှပဲ ပုံစံကောင်းရရှိလာပြီး အခုချိန်မှာ အသက် ၂၀ ရှိပြီဖြစ်တဲ့ အီုဒီဂတ်ဟာ ဒီရာသီလာလီဂါရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်နေပါတယ်။ အဲဒီလာလီဂါကလပ်အတွက် ၂ ဂိုးသွင်းထားပြီးဖြစ်ကာ လကပ်ရဲ့သြဂုတ်လအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ အခုလည်း အိုဒီဂတ်ဟာ လက်ရှိအချိန်ထိ ဒီရာသီရဲ့အကောင်းဆုံးဂိုးဖန်တီးမှုတွေထဲက တစ်ခုကို ပြုလုပ်လိုက်ပါတယ်။

သူဟာ ကြာသပတေးညက ကစားခဲ့တဲ့ အလာဗက်စ်နဲ့လာလီဂါပွဲစဉ်မှာ ပွဲထွက်ပါဝင်ခဲ့ပြီး ပွဲချိန် ၁၉ မိနစ်အရောက် ဆိုစီဒက်ရခဲ့တဲ့အဖွင့်ဂိုးမှာ ရင်သပ်ရှုမောဖွယ်ဂိုးဖန်တီးမှုကိုပြုလုပ်ခဲ့တာပါ။ ပြိုင်ဘက်ကွင်းဘက်ခြမ်းရဲ့တစ်ဝက်လောက်မှာ ဘောလုံးရယူပြီး တစ်ဖက်ကစားသမားရဲ့ခြေထောက်နှစ်ချောင်းကြားထဲကနေ ဘောလုံးကို ဆွဲထုတ်ယူသွားကာ တိုက်စစ်မှုးအိုယာဇာဘယ်အလွယ်တကူပိတ်သွင်းနိုင်အောင် တိကျပြည့်စုံတဲ့ပေးပို့မှုပြုလုပ်ပေးခဲ့တာပါ။ အိုဒီဂတ်ရဲ့ဒီဂိုးဖန်တီးမှုဟာ ဆိုရှယ်မီဒီယာထက်မှာတော့ အတော်လေးကို ချီးကျူးခံနေရပါတယ်။