လက္စတာအသင္း အမွတ္ေပးခ်န္ပီယံထပ္ျဖစ္ရင္ ရယ္စရာေကာင္းတဲ့အရာ လုပ္ျပဖို႔ ကတိေပးလိုက္တဲ့ လိုင္နီကာ

Photo Credit ; Getty Images

Photo Credit ; Getty Images

အဂၤလန္တိုက္စစ္မွဴးေဟာင္းဂယ္ရီလုိင္နီကာဟာ ပရီးမီးယားလိဂ္မွာ လက္စတာအသင္း ဗိုလ္စြဲခဲ့တုန္းက ၿပိဳင္ပြဲေန႔မွာ အတြင္းခံေဘာင္းဘီတိုကို ဝတ္ဆင္ခဲ့တာပါ။ Match Of The Day ရဲ႕အစီအစဥ္တင္ဆက္သူတစ္ဦးျဖစ္တဲ့လိုင္နီကာက ဒီရာသီပရီးမီးယားလိဂ္ဖလားကို လက္စတာအသငး္ ကိုင္ေျမႇာက္ႏို္င္ခဲ့ရင္ သူ႔ေခါင္းကဆံပင္ေတြကို ရိတ္ပစ္မယ္လို႔ ရယ္ရႊင္ဖြယ္ ကတိေပးခဲ့ပါတယ္။

Photo Credit

လက္စတာအသင္းဟာ ၂၀၁၅-၁၆ ရာသီက ပရီးမီးယားလိဂ္အမွတ္ေပးဖလားခ်န္ပီယံျဖစ္ဖို႔ ၅၀၀၀/၁ ေလးသာသတ္မွတ္ခံခဲ့ရေပမယ့္ အားလုံးကို အ့ံအားသင့္ေစကာ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ လက္ရွိရာသီမွာလည္း လက္စတာအသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၄ ယွဥ္ၿပိဳင္ကစားၿပီးခ်ိန္အထိ ႐ံႈးပြဲမရွိေသးဘဲ စေနေန႔ကဘုန္းေမာက္အသင္းကို ၃-၁ ဂိုးနဲ႔ အိမ္ကြင္းမွာ ျပတ္ျပတ္သားသားအႏိုင္ယူထားႏိုင္ခဲ့ပါတယ္။

Photo Credit

အဆိုပါပြဲစဥ္မွာ နည္းျပဘရန္ဒန္ေရာ္ဂ်ာရဲ႕အသင္းဟာ ေဂ်မီဗာဒီ၊ တိုင္လီမန္းတိ႔ုရဲ႕သြင္းဂိုးေတြနဲ႔ ပထမဆံုးအိမ္ကြင္းႏိုင္ပြဲကုိရရွိခဲ့တာပါ။ ထိုႏိုင္ပြဲေၾကာင့္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ လက္စတာအသင္းဟာ ထိပ္ဆံုးကလီဗာပူး၊ အဆင့္ ၂ ေနရာကယမန္ႏွစ္ပရီးမီးယားလိဂ္ ခ်န္ပီယံမန္စီးတီးတို႔ေအာက္ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနပါတယ္။

Photo Credit

လိုင္နီကာက ၂၀၁၅-၁၆ ရာသီကလည္း လက္စတာအသင္း ခ်န္ပီယံျဖစ္ခဲ့ရင္ ၿပိဳင္ပြဲေန႔မွာ အတြင္းခံေဘာင္းဘီတိုဝတ္ဆင္မယ္လို႔ ကတိေပးခဲ့တာ ျဖစ္ၿပီး တကယ္လည္းဝတ္ဆင္ခဲ့ကာ လက္စတာအသင္းကလည္းအမွတ္ေပးဖလားခ်န္ပီယံ ျဖစ္ခဲ့ပါတယ္။ အခုတစ္ခါလည္း စပါးနဲ႔ ဘာစီလိုနာတိုက္စစ္မွဴးေဟာင္းလိုင္နီကာက ေနာက္ထပ္ ကတိတစ္ခုေပးခဲ့ပါတယ္။
အစီအစဥ္တင္ဆက္သူလိုင္နီကာက ဒီရာသီမွာလည္း လက္စတာအသင္း ခ်န္ပီယံျဖစ္ခဲ့ရင္ လာမယ့္ရာသီသူ႕ရဲ႕ပထမဆံုး႐ုပ္သံတင္ဆက္မႈမွာ ဆံပင္ေတြအကုန္လံုးရိတ္ထားမယ္’လို႔ ကတိေပးခဲ့ပါတယ္။

Photo Credit

Unicode

လက်စတာအသင်း အမှတ်ပေးချန်ပီယံထပ်ဖြစ်ရင် ရယ်စရာကောင်းတဲ့အရာ လုပ်ပြဖို့ ကတိပေးလိုက်တဲ့ လိုင်နီကာ

အင်္ဂလန်တိုက်စစ်မှူးဟောင်းဂယ်ရီလိုင်နီကာဟာ ပရီးမီးယားလိဂ်မှာ လက်စတာအသင်း ဗိုလ်စွဲခဲ့တုန်းက ပြိုင်ပွဲနေ့မှာ အတွင်းခံဘောင်းဘီတိုကို ဝတ်ဆင်ခဲ့တာပါ။ Match Of The Day ရဲ့အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့လိုင်နီကာက ဒီရာသီပရီးမီးယားလိဂ်ဖလားကို လက်စတာအသင်း ကိုင်မြှောက်နိုင်ခဲ့ရင် သူ့ခေါင်းကဆံပင်တွေကို ရိတ်ပစ်မယ်လို့ ရယ်ရွှင်ဖွယ် ကတိပေးခဲ့ပါတယ်။
လက်စတာအသင်းဟာ ၂၀၁၅-၁၆ ရာသီက ပရီးမီးယားလိဂ်အမှတ်ပေးဖလားချန်ပီယံဖြစ်ဖို့ ၅၀၀၀/၁ လေးသာသတ်မှတ်ခံခဲ့ရပေမယ့် အားလုံးကို အံ့အားသင့်စေကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။
လက်ရှိရာသီမှာလည်း လက်စတာအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ယှဉ်ပြိုင်ကစားပြီးချိန်အထိ ရှုံးပွဲမရှိသေးဘဲ စနေနေ့ကဘုန်းမောက်အသင်းကို ၃-၁ ဂိုးနဲ့ အိမ်ကွင်းမှာ ပြတ်ပြတ်သားသားအနိုင်ယူထားနိုင်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ နည်းပြဘရန်ဒန်ရော်ဂျာရဲ့အသင်းဟာ ဂျေမီဗာဒီ၊ တိုင်လီမန်းတိ့ုရဲ့သွင်းဂိုးတွေနဲ့ ပထမဆုံးအိမ်ကွင်းနိုင်ပွဲကိုရရှိခဲ့တာပါ။ ထိုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လက်စတာအသင်းဟာ ထိပ်ဆုံးကလီဗာပူး၊ အဆင့် ၂ နေရာကယမန်နှစ်ပရီးမီးယားလိဂ် ချန်ပီယံမန်စီးတီးတို့အောက် အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
လိုင်နီကာက ၂၀၁၅-၁၆ ရာသီကလည်း လက်စတာအသင်း ချန်ပီယံဖြစ်ခဲ့ရင် ပြိုင်ပွဲနေ့မှာ အတွင်းခံဘောင်းဘီတိုဝတ်ဆင်မယ်လို့ ကတိပေးခဲ့တာ ဖြစ်ပြီး တကယ်လည်းဝတ်ဆင်ခဲ့ကာ လက်စတာအသင်းကလည်းအမှတ်ပေးဖလားချန်ပီယံ ဖြစ်ခဲ့ပါတယ်။
အခုတစ်ခါလည်း စပါးနဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်းလိုင်နီကာက နောက်ထပ် ကတိတစ်ခုပေးခဲ့ပါတယ်။
အစီအစဉ်တင်ဆက်သူလိုင်နီကာက ဒီရာသီမှာလည်း လက်စတာအသင်း ချန်ပီယံဖြစ်ခဲ့ရင် လာမယ့်ရာသီသူ့ရဲ့ပထမဆုံးရုပ်သံတင်ဆက်မှုမှာ ဆံပင်တွေအကုန်လုံးရိတ်ထားမယ်’လို့ ကတိပေးခဲ့ပါတယ်။