
Photo Credit
Photo Credit ; Getty Images
ယေန႔ညမွာ ကစားရမယ့္ လက္စတာအသင္းနဲ႔ ပြဲစဥ္မတိုင္မီ ေသာၾကာေန႔က ျပဳလုပ္တဲ့ ပြဲႀကိဳအင္တာဗ်ဴးမွာ ယူႏိုက္တက္နည္းျပ အိုလီဂန္းနားဆိုးလ္ရွားက ေပါလ္ေပါဂ္ဘာနဲ႔ အန္တိုနီမာရွယ္တို႔ က်ိန္းေသ ပါဝင္ႏိုင္မွာ မဟုတ္ဘဲ လုခ္ေရွာ၊ အဲရစ္ဘိုင္လီနဲ႔ ဒီယိုဂို ဒါေလာ့တိ႔ုကလည္း ပါဝင္ကစားႏိုင္မွာမဟုတ္ေၾကာင္း ဖြင့္ဟ ေျပာၾကားလိုက္ပါတယ္။
Photo Credit ; Reuters
အဂၤလန္အသင္းသားေတြျဖစ္တဲ့ အာရြန္ ဝမ္ဘစ္ဆာကာနဲ႔ ဂ်က္ဆီ လင္ဂတ္တို႔ကလည္း ဒဏ္ရာျပႆနာေတြေၾကာင့္ ၿပီးခဲ့တဲ့အပတ္ အဂၤလန္အသင္း ပြဲထြက္လူစာရင္းမွာ မပါဝင္ခဲ့ပါဘူး။ ယူႏိုက္တက္အသင္းရဲ႕တရားဝင္ဝက္ဆိုက္ဒ္မွာ ဆိုးလ္ရွားက “အသင္းရဲ႕ေဆးကုသေဆာင္က ယခုထိကို အလုပ္ေတြမ်ားေနဆဲပါပဲ၊ ဘယ္သူက သက္သာေနၿပီဆိုတာေတာင္ တကယ္ကို မသိပါဘူး”
Photo Credit ; Getty Images
”အာရြန္လည္း ျဖစ္ႏိုင္တယ္၊ လင္ဂတ္လည္း ျဖစ္ႏိုင္တယ္၊ ႏိုင္ငံတကာပြဲစဥ္ေတြမွာ မပါဝင္ခဲ့တဲ့သူတို႔ထဲက တစ္ေယာက္ေယာက္ေတာ့ ကစားႏိုင္မွာပါ၊ ဒါေပမဲ့ ၂ ေယာက္လံုး ကစားႏိုင္တယ္လို႔ေတာ့ ကၽြန္ေတာ္ ကတိမေပးႏိုင္ပါဘူး၊ ေပါ့ဂ္ဘာလည္း ႀကံ႕ခိုင္မႈ မျပည့္ဝေသးပါဘူး ၊ မေန႔ညကေန ဒီေန႔မွာ ျပန္ေကာင္းလာမလား၊ ဒါမွမဟုတ္ မနက္ျဖန္မွလား မေသခ်ာပါဘူး”
Photo Credit ; EPA
”ဒါေပမဲ့ သူ ရာႏႈန္းျပည့္ ေလ့က်င့္ခန္းဆင္းဖိ႔ုေတာ့ အဆင္သင့္ မျဖစ္ေသးပါဘူး၊ ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ ဝက္စ္ဟမ္းအသင္းနဲ႔ ေတြ႕ဆံုမယ့္ ပြဲစဥ္မွာေတာ့ ေပါလ္နဲ႔ အန္တိုနီတိ႔ု အဆင္သင့္ ျဖစ္ေနမယ္လို႔ ကၽြန္ေတာ္တိ႔ု ေမွ်ာ္လင့္ပါတယ္။ ဒီထက္ပိုၿပီးေတာ့ ကၽြန္ေတာ္လည္း ဘာမွ မေျပာတတ္ေတာ့ပါဘူး”လို႔ ေျပာျပခဲ့ပါတယ္။
Photo Credit
ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၄ ပြဲမွာ ႏိုင္ပြဲ ၁ ပြဲသာ ရွာေဖြႏိုင္ခဲ့တာျဖစ္ၿပီး ယေန႔ညမွာ ပြဲစဥ္ ၄ ပြဲလံုး ႐ံႈးပြဲမရွိထားတဲ့ လက္စတာအသင္းန႔ဲ အိုးထရက္ဖိ႔ုဒ္မွာ ယွဥ္ၿပိဳင္ကစားရမွာပါ၊
Photo Credit
ႏိုင္ငံတကာပြဲစဥ္ေတြၿပီးေနာက္ နည္းျပ ဘရန္ဒန္ေရ္ာဂ်ာရဲ႔ အသင္းလူစာရင္းကေတာ့ ၾကံ႔ခိုင္မႈအျပည့္ရွိေနၾကပါတယ္။ ဒီညပြဲစဥ္မွာ စီနီယာကစားသမား ၇ ဦးခန္႔ မပါဝင္ႏိုင္မယ့္ ယူႏိုက္တက္ရဲ႕ရလဒ္ ဘယ္လိုထြက္လာမလဲ ဆိုတာေတာ့ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ ဆက္လက္ေစာင့္ၾကည့္ၾကရေအာင္။
Unicode
လက်စတာနဲ့ပွဲစဉ်မှာ အသင်းသား ၇ ဦးပါဝင်နိုင်မှာမဟုတ်ဘဲ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက်
ယနေ့ညမှာ ကစားရမယ့် လက်စတာအသင်းနဲ့ ပွဲစဉ်မတိုင်မီ သောကြာနေ့က ပြုလုပ်တဲ့ ပွဲကြိုအင်တာဗျူးမှာ ယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားက ပေါလ်ပေါဂ်ဘာနဲ့ အန်တိုနီမာရှယ်တို့ ကျိန်းသေ ပါဝင်နိုင်မှာ မဟုတ်ဘဲ လုခ်ရှော၊ အဲရစ်ဘိုင်လီနဲ့ ဒီယိုဂို ဒါလော့တိ့ုကလည်း ပါဝင်ကစားနိုင်မှာမဟုတ်ကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။
အင်္ဂလန်အသင်းသားတွေဖြစ်တဲ့ အာရွန် ဝမ်ဘစ်ဆာကာနဲ့ ဂျက်ဆီ လင်ဂတ်တို့ကလည်း ဒဏ်ရာပြဿနာတွေကြောင့် ပြီးခဲ့တဲ့အပတ် အင်္ဂလန်အသင်း ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။ ယူနိုက်တက်အသင်းရဲ့တရားဝင်ဝက်ဆိုက်ဒ်မှာ ဆိုးလ်ရှားက “အသင်းရဲ့ဆေးကုသဆောင်က ယခုထိကို အလုပ်တွေများနေဆဲပါပဲ၊ ဘယ်သူက သက်သာနေပြီဆိုတာတောင် တကယ်ကို မသိပါဘူး”
”အာရွန်လည်း ဖြစ်နိုင်တယ်၊ လင်ဂတ်လည်း ဖြစ်နိုင်တယ်၊ နိုင်ငံတကာပွဲစဉ်တွေမှာ မပါဝင်ခဲ့တဲ့သူတို့ထဲက တစ်ယောက်ယောက်တော့ ကစားနိုင်မှာပါ၊ ဒါပေမဲ့ ၂ ယောက်လုံး ကစားနိုင်တယ်လို့တော့ ကျွန်တော် ကတိမပေးနိုင်ပါဘူး၊ ပေါ့ဂ်ဘာလည်း ကြံ့ခိုင်မှု မပြည့်ဝသေးပါဘူး ၊ မနေ့ညကနေ ဒီနေ့မှာ ပြန်ကောင်းလာမလား၊ ဒါမှမဟုတ် မနက်ဖြန်မှလား မသေချာပါဘူး”
”ဒါပေမဲ့ သူ ရာနှုန်းပြည့် လေ့ကျင့်ခန်းဆင်းဖိ့ုတော့ အဆင်သင့် မဖြစ်သေးပါဘူး၊ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ဝက်စ်ဟမ်းအသင်းနဲ့ တွေ့ဆုံမယ့် ပွဲစဉ်မှာတော့ ပေါလ်နဲ့ အန်တိုနီတိ့ု အဆင်သင့် ဖြစ်နေမယ်လို့ ကျွန်တော်တိ့ု မျှော်လင့်ပါတယ်။ ဒီထက်ပိုပြီးတော့ ကျွန်တော်လည်း ဘာမှ မပြောတတ်တော့ပါဘူး”လို့ ပြောပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရှာဖွေနိုင်ခဲ့တာဖြစ်ပြီး ယနေ့ညမှာ ပွဲစဉ် ၄ ပွဲလုံး ရှုံးပွဲမရှိထားတဲ့ လက်စတာအသင်းနဲ့ အိုးထရက်ဖိ့ုဒ်မှာ ယှဉ်ပြိုင်ကစားရမှာပါ၊
နိုင်ငံတကာပွဲစဉ်တွေပြီးနောက် နည်းပြ ဘရန်ဒန်ရေ်ာဂျာရဲ့ အသင်းလူစာရင်းကတော့ ကြံ့ခိုင်မှုအပြည့်ရှိနေကြပါတယ်။ ဒီညပွဲစဉ်မှာ စီနီယာကစားသမား ၇ ဦးခန့် မပါဝင်နိုင်မယ့် ယူနိုက်တက်ရဲ့ရလဒ် ဘယ်လိုထွက်လာမလဲ ဆိုတာတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်စောင့်ကြည့်ကြရအောင်။