ရှုံးပွဲမရှိဗိုလ်စွဲတဲ့ ပထမဆုံးဘွန်ဒက်စ်လီဂါချန်ပီယံအဖြစ် သမိုင်းသစ်ရေးလိုက်တဲ့ လေဗာကူဆင်

စနေည ဘွန်ဒက်စ်လီဂါရာသီသိမ်းပွဲမှာ အော့စ်ဘတ်ကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီးနောက်

လေဗာကူဆင်ဟာ ဂျာန်ဘောလုံးမှာ သမိုင်းသစ်ရေးထိုးလိုက်ပါတယ်။

အဲဒါကတော့ ရှုံးပွဲမရှိဗိုလ်စွဲတဲ့ ပထမဆုံးဘွန်ဒက်စ်လီဂါချန်ပီယံဆိုတာပါ။

အလွန်ဆိုရဲ့အသင်းဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါ ၃၄ ပွဲမှာ ၂၈ ပွဲနိုင်၊ ၆ ပွဲသရေကျခဲ့ပါတယ်။

အဲဒီဘွန်ဒက်စ်လီဂါ ၃၄ ပွဲမှာ ၈၉ ဂိုးသွင်းပြီး ၂၄ ဂိုးသာ ပြန်ပေးခဲ့ရတာပါ။

ဒါ့အပြင် ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာလည်း လေဗာကူဆင်မရှုံးခဲ့တာ ၅၁ ပွဲတိုင်သွားခဲ့ပါပြီ။

ကမ္ဘာ့ဘောလုံးသမိုင်းမှာ ပထမဆုံး ရှုံးပွဲမရှိ ဖလား ၃ လုံးချန်ပီယံဖြစ်ဖိုဆို လေဗာကူဆင်

အတွက်က နောက်ထပ် ၂ ပွဲသာ ကျန်ပါတော့တယ်။

လာမယ့်ကြားရက်ထဲကစားမယ့် အတ္တလန္တာနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲနဲ့ လာမယ့်မေလ ၂၆ ရက်

နေ့ကစားမယ့် ကိုင်ဆာစလော့တန်နဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲတို့ပါ။

နောက်ပြီး လေဗာကူဆင်ဟာ ဒီရာစုထဲက ဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ ရှုံးပွဲမရှိ

အမှတ်ပေးချန်ပီယံဖြစ်တဲ့ တတိယမြောက်အသင်းလည်း ဖြစ်လာပါတယ်။

အရင်နှစ်သင်းက ၂၀၀၃-၀၄ ရာသီ အာဆင်နယ်နဲ့ ၂၀၁၁-၁၂ ရာသိ ဂျူဗင်တပ်တို့ပါ။

လေဗာကူဆင်ရဲ့လက်ရှိအောင်မြင်မှုဟာ ဘောလုံးသမိုင်းမှာ တကယ့်ကို မကြုံစဖူးလည်း

ဖြစ်နေပါတယ်။