ရှေးရိုးစွဲ ဘောလုံး ဒဿနတစ်ခုကို မြေလှန်ပစ်ခဲ့သူ

ဘောလုံးအသင်းတစ်သင်းမှာ နည်းပြဘဝနဲ့ အစေးကပ်အောင် ပေးဆပ်ဖို့ဆိုတာက

တော်တော်ကို မလွယ်တဲ့ ကိစ္စပါ။ အထူးသဖြင့် ဥရောပလို ပြိုင်ဆိုင်မှု

ပြင်းထန်တဲ့ အဆင့်မြင့်တန်း အမှတ်ပေးပြိုင်ပွဲတွေမှာပေါ့။

ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနဲ့ ပြင်သစ်လီဂူ

းပြိုင်ပွဲတွေဟာ ပရိသတ် စိတ်ဝင်စားမှုအမြင့်ဆုံး အမှတ်ပေးလိဂ်

ပြိုင်ပွဲတွေဖြစ်ကြပြီး ချန်ပီယံလိဂ်၊ ယူ ရိုပါလိဂ်နဲ့ ဥရောပ

ကွန်းဖရန့်စ်လိဂ်တွေမှာဆိုရင်လည်း ဒီပြိုင်ပွဲတွေဆီက အသင်းတွေပဲ

မင်းမူကြတာ အစဉ်အလာလိုဖြစ်နေတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက

ပြင်သစ်လီဂူးကလပ် ရိမ်းစ်ဟာ နည်းပြ အော်စကာ ဂါစီယာနဲ့ လမ်းခွဲပြီးတဲ့နောက်

လက်ထောက်နည်းပြဖြစ်တဲ့ ဝီလ်စတေးလ်ကို ယာယီနည်းပြ ခန့်ခဲ့ပါတယ်။

သူဟာ အခုလက်ရှိ ၅ လသက်တမ်း ကြာမြင့် တဲ့အချိန်အထိကို ပရိုလိုင်စင်မသေးပါဘူး။

ဒါကြောင့် သက်ဆိုင်ရာ အာဏာ ပိုင်အဖွဲ့အစည်းတွေရဲ့ ဒဏ်ကြေးတပ်မှုတွေကို

ကြံ့ကြံ့ခံနေရပါတယ်။ ဒါပေမဲ့ ဒီဘဲက ခေသူမဟုတ်ဘူး။ အဓိကနဲ့ သာမညကို ခွဲခြားတတ်တယ်။

ကလပ် အသင်းတစ်သင်းကို တည်ဆောက်ဖို့အတွက် နာမည်ဆိုတာ နာမ်တစ်ခု အနေနဲ့ပဲ

ရှိတယ်ဆိုတာကို ကောင်းကောင်းသိတယ်။ ဘောလုံးနဲ့ပတ်သက်ပြီး

မတူကွဲပြားပြီး ခွဲထွက်တဲ့ အတွေးမျိုးရှိတယ်။ နောက်ပြီး ပြင်သစ်လီဂူးပြိုင်ပွဲရဲ့

သဘောသဘာဝကို ကောင်းကောင်း နားလည်တယ်။ ရိမ်းစ်ဟာ ဝီလ်စတေးလ်ရဲ့

လုပ်နိုင်စွမ်းကို ကောင်းကောင်း နားလည်လို့ ယုံကြည်မှု အပြည့်ပေးခဲ့ပြီး

တာဝန်ယူတဲ့အချိန်ကနေ ၅ ပွဲမြောက်မှာ ရှုံးပွဲလုံး၀ မရှိတဲ့ အတွက်

အမြဲတမ်းနည်းပြစာချုပ်နဲ့ လက်ရှိဘောလုံးရာသီအကုန်အထိ ရာထူး တစ်နေရာပေးခဲ့ပါတယ်။

ဒါ့အပြင် ရီမ်းစ် အသင်းကို တာဝန်ယူတဲ့ အချိန်ကစပြီး ဝီလ်စတေးလ်ဟာ

ဒီကနေ့အထိ ၁၈ ပွဲဆက်တိုက် ရှုံးပွဲ လုံးဝကို မရှိခဲ့ဘူး။ ဒါဟာဆိုရင် ဥရောပလိဂ်ပြိုင်ပွဲ

၅ ခုမှာ ဒီရာသီအတွက် အမြင့်ဆုံး စံချိန်တစ်ရပ် ဖြစ်နေပါတယ်။

ဒီရာသီ မှာ အသွင်ကူးပြောင်းရေး ကာလကို စတင်နေတဲ့ ပြင်သစ်လီဂူး-၁

ပြိုင်ပွဲဟာ ဆိုရင် ၄ သင်းအထိ တန်းဆင်းရမှာဖြစ်ပါတယ်။

ဒါကြောင့် နည်းပြ ဂါစီယာနဲ့ လမ်းခွဲပြီးချိန်မှာ ရိမ်းစ်အသင်းတာဝန်ရှိသူတွေရဲ့

အဓိက ပစ်မှတ်ဟာ တန်း မဆင်းရရေးဖြစ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့

ယူရိုပါလိဂ် ဝင်ခွင့်အထိကို မျှော်လင့်နိုင်တဲ့ အခြေအနေမျိုး ရောက်လာပြီဖြစ်ပါတယ်။

အသက် ၃၀ အရွယ်ပဲရှိသေးတဲ့ ဝီလ်စတေးလ်ဟာ ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ

အသက်အငယ်ဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်နေသူလည်း ဖြစ်ပါတယ်။

သူ့မှာ ပရို လိုင်စင်မရှိဘူး၊ ကစားသမားဘ၀ ဖြတ်သန်းခဲ့ဖူးတဲ့ မှတ်တမ်းကောင်းလည်း

မပိုင်ဆိုင်ထားဘူး။ ဘောလုံးနဲ့ပတ်သက်ရင် ဂုဏ်သိမ်ဒြပ်ဆိုတာ

မူးလို့ ရှူစရာ တောင် မရှိပေမဲ့ ဘောလုံးအကြောင်းကိုတော့

ဝီလ်စတေးလ်တစ်ယောက် ကောင်းကောင်း နားလည်တာဖြစ်လို့

နာမည်ကြီးမှ အောင်မြင်တဲ့ နည်းပြမျိုး ဖြစ်မယ်ဆိုတဲ့ ဒဿနကို

ပြောင်းပြန်လှန်ပစ်တဲ့ နည်းပြစာရင်းတော့ ဝီလ်စတေးလ် ဆိုတဲ့

နာမည်ကို ရေးမှတ်ထားရတော့မှာ ဖြစ်ပါတယ်။

zawgyi

ေရွး႐ိုးစြဲ ေဘာလုံး ဒႆနတစ္ခုကို ေျမလွန္ပစ္ခဲ့သူ

ေဘာလုံးအသင္းတစ္သင္းမွာ နည္းျပဘဝနဲ႔ အေစးကပ္ေအာင္ ေပးဆပ္ဖို႔ဆိုတာက

ေတာ္ေတာ္ကို မလြယ္တဲ့ ကိစၥပါ။ အထူးသျဖင့္ ဥေရာပလို ၿပိဳင္ဆိုင္မႈ

ျပင္းထန္တဲ့ အဆင့္ျမင့္တန္း အမွတ္ေပးၿပိဳင္ပြဲေတြမွာေပါ့။

ပရီးမီးယားလိဂ္၊ လာလီဂါ၊ စီးရီးေအ၊ ဘြန္ဒက္စ္လီဂါနဲ႔ ျပင္သစ္လီဂူ

းၿပိဳင္ပြဲေတြဟာ ပရိသတ္ စိတ္ဝင္စားမႈအျမင့္ဆုံး အမွတ္ေပးလိဂ္

ၿပိဳင္ပြဲေတြျဖစ္ၾကၿပီး ခ်န္ပီယံလိဂ္၊ ယူ ႐ိုပါလိဂ္နဲ႔ ဥေရာပ

ကြန္းဖရန႔္စ္လိဂ္ေတြမွာဆိုရင္လည္း ဒီၿပိဳင္ပြဲေတြဆီက အသင္းေတြပဲ

မင္းမူၾကတာ အစဥ္အလာလိုျဖစ္ေနတာပါ။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက

ျပင္သစ္လီဂူးကလပ္ ရိမ္းစ္ဟာ နည္းျပ ေအာ္စကာ ဂါစီယာနဲ႔ လမ္းခြဲၿပီးတဲ့ေနာက္

လက္ေထာက္နည္းျပျဖစ္တဲ့ ဝီလ္စေတးလ္ကို ယာယီနည္းျပ ခန႔္ခဲ့ပါတယ္။

သူဟာ အခုလက္ရွိ ၅ လသက္တမ္း ၾကာျမင့္ တဲ့အခ်ိန္အထိကို ပ႐ိုလိုင္စင္မေသးပါဘူး။

ဒါေၾကာင့္ သက္ဆိုင္ရာ အာဏာ ပိုင္အဖြဲ႕အစည္းေတြရဲ႕ ဒဏ္ေၾကးတပ္မႈေတြကို

ႀကံ့ႀကံ့ခံေနရပါတယ္။ ဒါေပမဲ့ ဒီဘဲက ေခသူမဟုတ္ဘူး။ အဓိကနဲ႔ သာမညကို ခြဲျခားတတ္တယ္။

ကလပ္ အသင္းတစ္သင္းကို တည္ေဆာက္ဖို႔အတြက္ နာမည္ဆိုတာ နာမ္တစ္ခု အေနနဲ႔ပဲ

ရွိတယ္ဆိုတာကို ေကာင္းေကာင္းသိတယ္။ ေဘာလုံးနဲ႔ပတ္သက္ၿပီး

မတူကြဲျပားၿပီး ခြဲထြက္တဲ့ အေတြးမ်ိဳးရွိတယ္။ ေနာက္ၿပီး ျပင္သစ္လီဂူးၿပိဳင္ပြဲရဲ႕

သေဘာသဘာဝကို ေကာင္းေကာင္း နားလည္တယ္။ ရိမ္းစ္ဟာ ဝီလ္စေတးလ္ရဲ႕

လုပ္ႏိုင္စြမ္းကို ေကာင္းေကာင္း နားလည္လို႔ ယုံၾကည္မႈ အျပည့္ေပးခဲ့ၿပီး

တာဝန္ယူတဲ့အခ်ိန္ကေန ၅ ပြဲေျမာက္မွာ ရႈံးပြဲလုံး၀ မရွိတဲ့ အတြက္

အၿမဲတမ္းနည္းျပစာခ်ဳပ္နဲ႔ လက္ရွိေဘာလုံးရာသီအကုန္အထိ ရာထူး တစ္ေနရာေပးခဲ့ပါတယ္။

ဒါ့အျပင္ ရီမ္းစ္ အသင္းကို တာဝန္ယူတဲ့ အခ်ိန္ကစၿပီး ဝီလ္စေတးလ္ဟာ

ဒီကေန႔အထိ ၁၈ ပြဲဆက္တိုက္ ရႈံးပြဲ လုံးဝကို မရွိခဲ့ဘူး။ ဒါဟာဆိုရင္ ဥေရာပလိဂ္ၿပိဳင္ပြဲ

၅ ခုမွာ ဒီရာသီအတြက္ အျမင့္ဆုံး စံခ်ိန္တစ္ရပ္ ျဖစ္ေနပါတယ္။

ဒီရာသီ မွာ အသြင္ကူးေျပာင္းေရး ကာလကို စတင္ေနတဲ့ ျပင္သစ္လီဂူး-၁

ၿပိဳင္ပြဲဟာ ဆိုရင္ ၄ သင္းအထိ တန္းဆင္းရမွာျဖစ္ပါတယ္။

ဒါေၾကာင့္ နည္းျပ ဂါစီယာနဲ႔ လမ္းခြဲၿပီးခ်ိန္မွာ ရိမ္းစ္အသင္းတာဝန္ရွိသူေတြရဲ႕

အဓိက ပစ္မွတ္ဟာ တန္း မဆင္းရေရးျဖစ္ခဲ့ေပမဲ့ လက္ရွိအခ်ိန္မွာေတာ့

ယူ႐ိုပါလိဂ္ ဝင္ခြင့္အထိကို ေမွ်ာ္လင့္ႏိုင္တဲ့ အေျခအေနမ်ိဳး ေရာက္လာၿပီျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ပဲရွိေသးတဲ့ ဝီလ္စေတးလ္ဟာ ျပင္သစ္လီဂူး-၁ ၿပိဳင္ပြဲမွာ

အသက္အငယ္ဆုံး နည္းျပအျဖစ္ မွတ္တမ္းဝင္ေနသူလည္း ျဖစ္ပါတယ္။

သူ႔မွာ ပ႐ို လိုင္စင္မရွိဘူး၊ ကစားသမားဘ၀ ျဖတ္သန္းခဲ့ဖူးတဲ့ မွတ္တမ္းေကာင္းလည္း

မပိုင္ဆိုင္ထားဘူး။ ေဘာလုံးနဲ႔ပတ္သက္ရင္ ဂုဏ္သိမ္ျဒပ္ဆိုတာ

မူးလို႔ ရႉစရာ ေတာင္ မရွိေပမဲ့ ေဘာလုံးအေၾကာင္းကိုေတာ့

ဝီလ္စေတးလ္တစ္ေယာက္ ေကာင္းေကာင္း နားလည္တာျဖစ္လို႔

နာမည္ႀကီးမွ ေအာင္ျမင္တဲ့ နည္းျပမ်ိဳး ျဖစ္မယ္ဆိုတဲ့ ဒႆနကို

ေျပာင္းျပန္လွန္ပစ္တဲ့ နည္းျပစာရင္းေတာ့ ဝီလ္စေတးလ္ ဆိုတဲ့

နာမည္ကို ေရးမွတ္ထားရေတာ့မွာ ျဖစ္ပါတယ္။