
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဂျူဗင်တပ်စ်အသင်းနည်းပြသစ် ဖြစ်လာတဲ့ အယ်လီဂရီဟာထိပ်တန်းကြယ်ပွင့် ရော်နယ်ဒိုနှင့် အနာဂတ် ကိစ္စအရေးနဲ့ ပတ်သက်လို့ဆွေးနွေးလျက် ရှိတယ်လို့သိရပါတယ်။
နည်းပြသစ် အယ်လီဂရီက ရော်နယ်ဒိုရဲ့ အခြေအနေကို အမြန်ဆုံး ဖြေရှင်းလိုပြီး ယခုနွေရာသီမှာ ဘယ်ကစားသမားကို ခေါ်သွားရမလဲဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်ချင်နေပါတယ်။
ဂျူဗင်တပ်စ် အသင်းက ရော်နယ်ဒို နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၁)နှစ်သာကျန်တော့တာကြောင့် ကစားသမားအတွက် မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းချသွားဖွယ်ရှိနေတာပါ။
ဂျူဗင်တပ်စ် အသင်းဟာ ပီယာလို ကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် အသက်(၅၃)နှစ်အရွယ်ရှိ အယ်လီဂရီ ကို ဒုတိယအကြိမ်မြောက်နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီ ကြယ်ပွင့် ကစားသမား ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ် အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုက သူ့အနေနဲ့ အသင်းပြောင်းချင်ကြောင်းကို အသင်းဖော်တွေကိုလည်း ရင်ဖွင့်ထားပါတယ်။
လောလောဆယ်မှာတော့ စီရော်နယ်ဒိုဟာ နိုင်ငံအသင်းနဲ့ အတူ ယူရို ဖလားအတွက် အာရုံစိုက်ထားပါတယ်။
လက်ရှိအချိန်မှာ ရော်နယ်ဒို ကို ခေါ်ယူဖို့ ပီအက်စ်ဂျီ၊ အသင်းဟောင်း ယူနိုက်တက် အသင်းတို့က စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ရှေ့ဆက် ဘာလုပ်ဖို့ စဉ်းစားထားလဲဆိုတာ ဆွေးနွေးခဲ့တဲ့နည်းပြသစ် အယ်လီဂရီနှင့် ရော်နယ်ဒို