ရှော်လ်ကေးကို ၅ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါမှာ ဂိုးသွင်းစံချိန်သစ်တင်နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်

Photo Credit

Photo Credit

ဘိုင်ယန်မြူးနစ်ဟာ ယမန်နေ့ညက ရှော်လ်ကေးကို ၅ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါမှာ နောက်ဆုံးဆယ်စုနှစ် ၃ခုကျော်အတွင်း ပွဲစဉ် ၁၉အပြီးမှာ တိုက်စစ်အားအကောင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။

Photo Credit

နည်းပြ ဟန်ဆီဖလစ်ရဲ့အသင်းဟာ ချန်ပီယံဆုတောင် စိန်ခေါ်နိုင်စွမ်းရှိတဲ့ ရှော်လ်ကေးကို ၅-၀ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လိုက်ပ်ဇစ်နဲ့ ၁ မှတ်အကွာအနေအထားကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီပွဲမှာ လီဝန်ဒေါစကီး၊ မူလာ၊ ဂေါ်ရက်ဇ်ကာ၊ အယ်လ်ကန်တာရာနဲ့ ဂနာဘရီတို့က ဘိုင်ယန်အတွက် ဂိုးတွေအသီးသီးသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

ဘိုင်ယန်မြူးနစ်ဟာ ပွဲစဉ် ၁၉ပြီးချိန်မှာ တိုက်စစ်က ၅၅ဂိုးအထိ သွင်းယူထားနိုင်ရာ လိုက်ပ်ဇစ်နဲ့ ဒေါ့မွန်တို့ထက် ၄ဂိုးပိုများနေသလို ဘွန်ဒက်စ်လီဂါမှာ နှစ်ပေါင်း ၃၄နှစ်အတွင်း ပွဲစဉ် ၁၉အပြီး ဂိုးသွင်းအများဆုံးအသင်းအဖြစ်ပါ စံချိန်တင်နိုင်ခဲ့ပါတယ်။

Photo Credit

ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက် ပွဲစဉ် ၁၉အပြီး ဂိုးသွင်းအများဆုံးအသင်းအဖြစ် စံချိန်တင်ထားတဲ့အသင်းကတော့ ဝါဒါဘရီမင်အသင်းဖြစ်ပြီး ၁၉၈၅-၈၆ ရာသီက ၁၉ပွဲမှာ ၅၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဝါဒါဘရီမင်ဟာ အဲဒီရာသီအကုန်မှာ ချန်ပီယံဖြစ်သွားတဲ့ ဘိုင်ယန်ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး ဂိုးကွာခြားချက်ကြောင့် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတာပါ။

Photo Credit

ဘိုင်ယန်အတွက် နောက်ထပ်မှတ်တမ်းလည်း ရှိသေးပြီး ဆောင်းရာသီအားလပ်ရက်အပြီး ၂ပွဲဆက် ပေးဂိုးမရှိ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ကာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကလည်း ဟာသာဘာလင်ကို အဝေးကွင်းမှာ ဝ-၄ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

Photo Credit

ဘွန်ဒက်စ်လီဂါမှာ တစ်ပွဲနိုင်ရင် ၃ မှတ်ပေးတဲ့စနစ် စတင်ကျင့်သုံးလာပြီးချိန်ကတည်းက ဘိုင်ယန်ဟာ ဒုတိယရာသီဝက်အစမှာ ၂ပွဲဆက်အနိုင်ရတာ ၉ကြိမ်အထိရှိခဲ့ပြီး အဲဒီ ၉ကြိမ်စလုံး ရာသီအကုန်မှာ အမှတ်ပေးချန်ပီယံဖြစ်ခဲ့ပါတယ်။

Photo Credit

နောက်ပြီး တိုက်စစ်မှူး လီဝန်ဒေါစကီးကလည်း လိုက်ပ်ဇစ်တိုက်စစ်မှူး ဝါနာကို ၁ဂိုးအသာနဲ့ ကျော်ဖြတ်ကာ ၂၁ ဂိုးသွင်းယူပြီး ဘွန်ဒက်စ်လီဂါဂိုးသွင်းဘုရင်စာရင်းမှာ ထိပ်ဆုံးရောက်လာပါတယ်။ လီဝန်ဒေါစကီးဟာ ၁၉၇၂-၇၃ ရာသီက ဘိုင်ယန်ဂန္ထဝင်တိုက်စစ်မှူး ဂတ်မူလာတင်ထားတဲ့ ၁၉ပွဲအပြီး ၂၁ဂိုးသွင်းယူနိုင်တဲ့စံချိန်ကို လိုက်မီနိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

ေရွာ္လ္ေကးကို ၅ဂိုးျပတ္အႏိုင္ရခဲ့ၿပီးေနာက္ ဘြန္ဒက္စ္လီဂါမွာ ဂိုးသြင္းစံခ်ိန္သစ္တင္ႏိုင္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္

ဘုိင္ယန္ျမဴးနစ္ဟာ ယမန္ေန႔ညက ေရွာ္လ္ေကးကို ၅ဂိုးျပတ္အႏုိင္ရခဲ့ၿပီးေနာက္ ဘြန္ဒက္စ္လီဂါမွာ ေနာက္ဆုံးဆယ္စုႏွစ္ ၃ခုေက်ာ္အတြင္း ပြဲစဥ္ ၁၉အၿပီးမွာ တုိက္စစ္အားအေကာင္းဆုံးအသင္းအျဖစ္ ရပ္တည္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။
နည္းျပ ဟန္ဆီဖလစ္ရဲ႕အသင္းဟာ ခ်န္ပီယံဆုေတာင္ စိန္ေခၚႏိုင္စြမ္းရွိတဲ့ ေရွာ္လ္ေကးကို ၅-၀ ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ၿပီး အမွတ္ေပးဇယားထိပ္ဆုံးက လုိက္ပ္ဇစ္နဲ႔ ၁ မွတ္အကြာအေနအထားကို ေရာက္ရိွလာခဲ့ပါတယ္။ အဲဒီပြဲမွာ လီ၀န္ေဒါစကီး၊ မူလာ၊ ေဂၚရက္ဇ္ကာ၊ အယ္လ္ကန္တာရာနဲ႔ ဂနာဘရီတို႔က ဘုိင္ယန္အတြက္ ဂိုးေတြအသီးသီးသြင္းယူႏုိင္ခဲ့ပါတယ္။
ဘုိင္ယန္ျမဴးနစ္ဟာ ပြဲစဥ္ ၁၉ၿပီးခ်ိန္မွာ တုိက္စစ္က ၅၅ဂိုးအထိ သြင္းယူထားႏိုင္ရာ လုိက္ပ္ဇစ္နဲ႔ ေဒါ့မြန္တုိ႔ထက္ ၄ဂိုးပိုမ်ားေနသလုိ ဘြန္ဒက္စ္လီဂါမွာ ႏွစ္ေပါင္း ၃၄ႏွစ္အတြင္း ပြဲစဥ္ ၁၉အၿပီး ဂိုးသြင္းအမ်ားဆုံးအသင္းအျဖစ္ပါ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။
ဘြန္ဒက္စ္လီဂါသမုိင္းတစ္ေလွ်ာက္ ပြဲစဥ္ ၁၉အၿပီး ဂုိးသြင္းအမ်ားဆုံးအသင္းအျဖစ္ စံခ်ိန္တင္ထားတဲ့အသင္းကေတာ့ ၀ါဒါဘရီမင္အသင္းျဖစ္ၿပီး ၁၉၈၅-၈၆ ရာသီက ၁၉ပြဲမွာ ၅၇ ဂိုးအထိ သြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။ ၀ါဒါဘရီမင္ဟာ အဲဒီရာသီအကုန္မွာ ခ်န္ပီယံျဖစ္သြားတဲ့ ဘိုင္ယန္ရဲ႕ေနာက္ ဒုတိယေနရာမွာ ရပ္တည္ခဲ့ၿပီး ဂိုးကြာျခားခ်က္ေၾကာင့္ ခ်န္ပီယံဆုနဲ႔ လြဲေခ်ာ္ခဲ့ရတာပါ။
ဘုိင္ယန္အတြက္ ေနာက္ထပ္မွတ္တမ္းလည္း ရွိေသးၿပီး ေဆာင္းရာသီအားလပ္ရက္အၿပီး ၂ပြဲဆက္ ေပးဂိုးမရွိ ဂိုးျပတ္အႏိုင္ရခဲ့တာျဖစ္ကာ ၿပီးခဲ့တဲ့ရက္သတၱပတ္ကလည္း ဟာသာဘာလင္ကို အေ၀းကြင္းမွာ ၀-၄ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။
ဘြန္ဒက္စ္လီဂါမွာ တစ္ပြဲႏိုင္ရင္ ၃ မွတ္ေပးတဲ့စနစ္ စတင္က်င့္သုံးလာၿပီးခ်ိန္ကတည္းက ဘုိင္ယန္ဟာ ဒုတိယရာသီ၀က္အစမွာ ၂ပဲြဆက္အႏိုင္ရတာ ၉ႀကိမ္အထိရွိခဲ့ၿပီး အဲဒီ ၉ႀကိမ္စလုံး ရာသီအကုန္မွာ အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့ပါတယ္။
ေနာက္ၿပီး တုိက္စစ္မွဴး လီ၀န္ေဒါစကီးကလည္း လုိက္ပ္ဇစ္တုိက္စစ္မွဴး ၀ါနာကို ၁ဂိုးအသာနဲ႔ ေက်ာ္ျဖတ္ကာ ၂၁ ဂိုးသြင္းယူၿပီး ဘြန္ဒက္စ္လီဂါဂိုးသြင္းဘုရင္စာရင္းမွာ ထိပ္ဆုံးေရာက္လာပါတယ္။ လီ၀န္ေဒါစကီးဟာ ၁၉၇၂-၇၃ ရာသီက ဘုိင္ယန္ဂႏၳ၀င္တုိက္စစ္မွဴး ဂတ္မူလာတင္ထားတဲ့ ၁၉ပြဲအၿပီး ၂၁ဂိုးသြင္းယူႏုိင္တဲ့စံခ်ိန္ကို လုိက္မီႏိုင္ခဲ့ပါတယ္။