ရှူံးပွဲကြုံလို့ ဒိုင်ကိုအပြစ်တင်တဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒိုင်တိုင်းကောင်းတယ်၊ မှန်တယ်မဆိုလိုပါဘူး။ ဒါပေမယ့် ရှူံးတဲ့နေရာမှာ မျှတစွာရှူံးတယ်ဆိုရင်တော့ ဒိုင်ကို ပြဿနာမရှာပါနဲ့။ အရှူံးကိုကျေနပ်စွာ လက်ခံဖို့လိုပါတယ်။ အခုမော်ရင်ဟို အကြောင်းဆက်ပြောရအောင်ပါ။ အသင်းဟောင်းချယ်လ်ဆီးကို အိမ်ကွင်းမှာအရေးနိမ့်ခဲ့ပြီးနောက် စပါးနည်းပြမော်ရင်ဟိုဟာ ကွင်းလယ်ဒိုင်လူကြီးမာရင်နာကို ဝေဖန်ပြစ်တင်မှုတွေပြုလုပ်လိုက်ပါတယ်။

အဲဒီရှုံးပွဲဟာ စပါးအတွက်တော့ ၃ပွဲဆက်တိုက်အရေးနိမ့်မှုဖြစ်လာခဲ့ပြီး ဂျော်ဂျင်ဟိုရဲ့ တစ်လုံးတည်းသော ပင်နယ်တီဂိုးနဲ့ အရေးနိမ့်ခဲ့ရာမှာ ကွင်းလယ်ဒိုင်ရဲ့ စွမ်းဆောင်ရည်ကို မနှစ်သက်ဘူးလို့ မော်ရင်ဟိုက ပြောဆိုခဲ့တာဖြစ်ပါတယ်။စပါးဟာလွန်ခဲ့တဲ့တစ်လကျော်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ထိပ်ကို ရောက်ခဲ့ ပေမယ့်အဲဒီအချိန်က စပြီး ရလဒ်တွေ ဆက်တိုက် ယိုင်နဲ့ လာခဲ့ပါတယ်။

မော်ရင်ဟိုရဲ့အသင်းဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲကို ရှုံးနိမ့်ပြီး အဆင့် ၈ နေရာအထိ ကျဆင်းသွားခဲ့ရပါတယ်။ပွဲကစားချိန် ၂၄ မိနစ်မှာ ချယ်လ်ဆီးတို့ ပင်နယ်တီရရှိခဲ့တာဖြစ်ပြီး ဂျော်ဂျင်ဟိုက အပိုင်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

အဲဒီနိုင်ပွဲဟာ နည်းပြသစ်တူချယ်လ်အတွက်တော့ ၂ပွဲဆက်တိုက်နိုင်ပွဲဖြစ်ပြီး ၃ပွဲဆက်တိုက်ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်မှုလည်းဖြစ်ခဲ့ပါတယ်။ “အန်ဒရီ မာရီနာကို ပရီးမီးယားလိဂ်က အကောင်းဆုံး ကွင်းလယ်ဒိုင်တစ်ယောက်အဖြစ် ကျွန်တော်သတ်မှတ် ထားတာပါ။”

“သူ့အပေါ် လေးစားမှုလည်းအပြည့်ရှိပါတယ် ။ ဒါပေမယ့် အခုပွဲ ဟာ သူ့အတွက် အကောင်းဆုံး ပွဲ တစ်ခု မဟုတ်ဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။ပင်နယ်တီကန်ခွင့်ပေးလိုက်တာက ကျွန်တော်တို့ကို ခက်ခဲ သွားစေခဲ့ ပါတယ် ။ အဲဒီပင်နယ်တီ ကပဲ ပွဲကို အဆုံးအဖြတ် ပေးသွားခဲ့တာပါ။”

“မဖြစ်သင့်တဲ့ ပင်နယ်တီ ကနေ သူတို့ အနိုင်ရသွား ခဲ့ပါတယ် ။ သူတို့ ဘယ်လောက်များအခွင့်အရေးရခဲ့လို့လဲ။ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုနည်းပါတယ်။ မှန်ပါတယ်။ပထမပိုင်းမှာ မဖန်တီးနိုင်ခဲ့ကြပါဘူး။ဒါပေမယ့် ဒီလိုမျိုး နဲ့ ရှုံးရတာ နာကျင် ရပါတယ်”လို့ မော်ရင်ဟို က ပြောဆိုသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရႉံးပြဲႀကဳံလို႔ ဒိုင္ကိုအျပစ္တင္တဲ့ ေမာ္ရင္ဟို

ဒိုင္တိုင္းေကာင္းတယ္၊ မွန္တယ္မဆိုလိုပါဘူး။ ဒါေပမယ့္ ရႉံးတဲ့ေနရာမွာ မွ်တစြာရႉံးတယ္ဆိုရင္ေတာ့ ဒိုင္ကို ျပႆနာမရွာပါနဲ႔။ အရႉံးကိုေက်နပ္စြာ လက္ခံဖို႔လိုပါတယ္။ အခုေမာ္ရင္ဟို အေၾကာင္းဆက္ေျပာရေအာင္ပါ။ အသင္းေဟာင္းခ်ယ္လ္ဆီးကို အိမ္ကြင္းမွာအေရးနိမ့္ခဲ့ၿပီးေနာက္ စပါးနည္းျပေမာ္ရင္ဟိုဟာ ကြင္းလယ္ဒိုင္လူႀကီးမာရင္နာကို ေဝဖန္ျပစ္တင္မႈေတြျပဳလုပ္လိုက္ပါတယ္။

အဲဒီရႈံးပြဲဟာ စပါးအတြက္ေတာ့ ၃ပြဲဆက္တိုက္အေရးနိမ့္မႈျဖစ္လာခဲ့ၿပီး ေဂ်ာ္ဂ်င္ဟိုရဲ႕ တစ္လုံးတည္းေသာ ပင္နယ္တီဂိုးနဲ႔ အေရးနိမ့္ခဲ့ရာမွာ ကြင္းလယ္ဒိုင္ရဲ႕ စြမ္းေဆာင္ရည္ကို မႏွစ္သက္ဘူးလို႔ ေမာ္ရင္ဟိုက ေျပာဆိုခဲ့တာျဖစ္ပါတယ္။စပါးဟာလြန္ခဲ့တဲ့တစ္လေက်ာ္က ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ထိပ္ကို ေရာက္ခဲ့ ေပမယ့္အဲဒီအခ်ိန္က စၿပီး ရလဒ္ေတြ ဆက္တိုက္ ယိုင္နဲ႔ လာခဲ့ပါတယ္။ ေမာ္ရင္ဟိုရဲ႕အသင္းဟာ ေနာက္ဆုံး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ္ ၃ ပြဲကို ရႈံးနိမ့္ၿပီး အဆင့္ ၈ ေနရာအထိ က်ဆင္းသြားခဲ့ရပါတယ္။ပြဲကစားခ်ိန္ ၂၄ မိနစ္မွာ ခ်ယ္လ္ဆီးတို႔ ပင္နယ္တီရရွိခဲ့တာျဖစ္ၿပီး ေဂ်ာ္ဂ်င္ဟိုက အပိုင္ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

အဲဒီႏိုင္ပြဲဟာ နည္းျပသစ္တူခ်ယ္လ္အတြက္ေတာ့ ၂ပြဲဆက္တိုက္ႏိုင္ပြဲျဖစ္ၿပီး ၃ပြဲဆက္တိုက္ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ႏိုင္မႈလည္းျဖစ္ခဲ့ပါတယ္။ “အန္ဒရီ မာရီနာကို ပရီးမီးယားလိဂ္က အေကာင္းဆုံး ကြင္းလယ္ဒိုင္တစ္ေယာက္အျဖစ္ ကြၽန္ေတာ္သတ္မွတ္ ထားတာပါ။” “သူ႔အေပၚ ေလးစားမႈလည္းအျပည့္ရွိပါတယ္ ။ ဒါေပမယ့္ အခုပြဲ ဟာ သူ႔အတြက္ အေကာင္းဆုံး ပြဲ တစ္ခု မဟုတ္ဘူးလို႔ ကြၽန္ေတာ္ ေျပာခ်င္ပါတယ္။ပင္နယ္တီကန္ခြင့္ေပးလိုက္တာက ကြၽန္ေတာ္တို႔ကို ခက္ခဲ သြားေစခဲ့ ပါတယ္ ။ အဲဒီပင္နယ္တီ ကပဲ ပြဲကို အဆုံးအျဖတ္ ေပးသြားခဲ့တာပါ။” “မျဖစ္သင့္တဲ့ ပင္နယ္တီ ကေန သူတို႔ အႏိုင္ရသြား ခဲ့ပါတယ္ ။ သူတို႔ ဘယ္ေလာက္မ်ားအခြင့္အေရးရခဲ့လို႔လဲ။ကြၽန္ေတာ္တို႔ ေဘာလုံးပိုင္ဆိုင္မႈနည္းပါတယ္။ မွန္ပါတယ္။ပထမပိုင္းမွာ မဖန္တီးႏိုင္ခဲ့ၾကပါဘူး။ဒါ​ေပမယ့္ ဒီလိုမ်ိဳး နဲ႔ ရႈံးရတာ နာက်င္ ရပါတယ္”လို႔ ေမာ္ရင္ဟို က ေျပာဆိုသြားခဲ့ပါတယ္။