

မနေ့ညကကစားသွားခဲ့တဲ့ ပွဲတွေထဲမှာပရိသတ်တွေစိတ်ဝင်တစားကြည့်ခဲ့တဲ့စပါးနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာတော့ ဝီလီယံရဲ့သွင်းဂိုးတွေနဲ့အတူ ချယ်လ်ဆီးကတော့ စပါးကိုအနိုင်ရသွားခဲ့ပါပြီ။ ရှုံးကြွေးဆပ်ချင်နေတဲ့ မော်ရင်ဟိုတစ်ယောက် ထပ်ပြီး ရှုံးကြွေးတင်သွားပြန်ပါပြီ။ အဲဒီပွဲမှာ အာရှရဲ့ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ ဆွန်ဟောင်မင်တစ်ယောက်အနီကတ်အပြခံခဲ့ရပါတယ်။ ဆွန်တစ်ယောက် အနီကတ်အပြခံရတာနဲ့ပတ်သက်ပြီးတော့ မော်ရင်ဟိုက ရူဒီဂါရဲ့နံရံတွေလည်း ကျိုးနေလောက်ပြီလို့ မှတ်ချက်ပြုပါတယ်။

အဲဒီပွဲစဉ်ရဲ့ဒုတိယပိုင်းမှာ စပါးရဲ့ဘယ်တောင်ပံကစားသမား ဆွန်ဟောင်မင်ဟာ ချယ်လ်ဆီး အသင်း ခံစစ်မှူး အန်တိုနီယို ရူဒီဂါ နဲ့ဘောလုံးလုရာမှာ ရူဒီဂါရဲ့ရင်ဘတ်တည့်တည့်ကို ခြေထောက်နဲ့အထောင်ကန်ခဲ့တာကြောင့် VAR ဆုံးဖြတ်ချက်နဲ့အနီကတ်အပြခံခဲ့ရပါတယ်။

စပါးနည်းပြ မော်ရင်ဟိုက ဆွန်ဟောင်မင်ရဲ့ကန်ချက်ဟာ အခန့်မသင့်ရင် အတော်လေးပြင်းနိုင်ပေမယ့် မြက်ခင်းစိမ်းပေါ်မှာဖြစ်ခဲ့တာဟာ အားသိပ်ပါပုံမရဘဲ ၊ရူဒီဂါကသာအကဲပိုတုန့်ပြန်တဲ့ အနေအထားမျိုးဖြစ်နေကြောင်း မှတ်ချက်ပြုပြောဆိုပါတယ်။ “ရူဒီဂါနံရံတွေကျိုးသွားပုံပဲ။ သူအမြန်ဆုံးဒဏ်ရာသက်သာဖို့မျှော်လင့်ပါ တယ်”လို့ရွဲ့ပြောသလိုမျိုးပြောပါတယ်။

“ပထမအကြိမ်တွန်းထိုးကစားနေတုန်းက ဒိုင်ကသာ ရူဒီဂါကိုအဝါကတ်ပြမယ်ဆိုရင် ဆွန်တစ်ယောက်လည်း အခုလိုတုန့်ပြန်ကစားမှာမဟုတ်ပါဘူး။ ပွဲကြီးပွဲကောင်းတစ်ခုမှာအကြိတ်အနယ် ကစားမယ်ဆိုရင် ဒါမျိုးတွေကဖြစ်တတ်ပါတယ်။ သွေးဆူပြီးဆွန်တစ်ယောက် နည်းနည်းတုန့်ပြန်ပုံကြမ်းသွားပါတယ်။ ကျွန်တော်ကတော့ ဘောလုံးပွဲကိုသိပ်ထူးဆန်းတွေးမနေပါဘူး။ အနီကတ်ပြတာကတော့ ထူးဆန်းတယ်လို့ခံစားရပါတယ်။ ပြိုင်ဘက်အသင်းကစားပုံကောင်းတာကိုတော့ ချီးကျူးချင်ပါတယ်” လို့မော်ရင်ဟိုကပြောပါတယ်။

(Zawgyi Version)
ရႈံးေၾကြးထပ္တင္သြားတဲ့ ေမာ္ရင္ဟို တစ္ေယာက္ ဆြန္ေဟာင္မင္အနီကတ္ျပခံရတဲ့ အေပၚဘယ္လိုမွတ္ခ်က္ေပးသလဲ?
မေန႔ညကကစားသြားခဲ့တဲ့ ပြဲေတြထဲမွာပရိသတ္ေတြစိတ္၀င္တစားၾကည့္ခဲ့တဲ့စပါးနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ရဲ႕ပြဲစဥ္မွာေတာ့ ၀ီလီယံရဲ႕သြင္းဂိုးေတြနဲ႔အတူ ခ်ယ္လ္ဆီးကေတာ့ စပါးကိုအႏိုင္ရသြားခဲ့ပါၿပီ။ ရႈံးေၾကြးဆပ္ခ်င္ေနတဲ့ ေမာ္ရင္ဟိုတစ္ေယာက္ ထပ္ၿပီး ရႈံးေၾကြးတင္သြားျပန္ပါၿပီ။ အဲဒီပြဲမွာ အာရွရဲ႕ၾကယ္ပြင့္တစ္ပြင့္ျဖစ္တဲ့ ဆြန္ေဟာင္မင္တစ္ေယာက္အနီကတ္အျပခံခဲ့ရပါတယ္။ ဆြန္တစ္ေယာက္ အနီကတ္အျပခံရတာနဲ႔ပတ္သက္ၿပီးေတာ့ ေမာ္ရင္ဟိုက ရူဒီဂါရဲ႕နံရံေတြလည္း က်ဳိးေနေလာက္ၿပီလို႔ မွတ္ခ်က္ျပဳပါတယ္။
အဲဒီပြဲစဥ္ရဲ႕ဒုတိယပိုင္းမွာ စပါးရဲ႕ဘယ္ေတာင္ပံကစားသမား ဆြန္ေဟာင္မင္ဟာ ခ်ယ္လ္ဆီး အသင္း ခံစစ္မႉး အန္တိုနီယို ႐ူဒီဂါ နဲ႔ေဘာလုံးလုရာမွာ ရူဒီဂါရဲ႕ရင္ဘတ္တည့္တည့္ကို ေျခေထာက္နဲ႔အေထာင္ကန္ခဲ့တာေၾကာင့္ VAR ဆုံးျဖတ္ခ်က္နဲ႔အနီကတ္အျပခံခဲ့ရပါတယ္။
စပါးနည္းျပ ေမာ္ရင္ဟိုက ဆြန္ေဟာင္မင္ရဲ႕ကန္ခ်က္ဟာ အခန္႔မသင့္ရင္ အေတာ္ေလးျပင္းႏိုင္ေပမယ့္ ျမက္ခင္းစိမ္းေပၚမွာျဖစ္ခဲ့တာဟာ အားသိပ္ပါပုံမရဘဲ ၊ရူဒီဂါကသာအကဲပိုတုန္႔ျပန္တဲ့ အေနအထားမ်ဳိးျဖစ္ေနေၾကာင္း မွတ္ခ်က္ျပဳေျပာဆိုပါတယ္။ “ရူဒီဂါနံရံေတြက်ဳိးသြားပုံပဲ။ သူအျမန္ဆုံးဒဏ္ရာသက္သာဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ရြဲ႕ေျပာသလိုမ်ဳိးေျပာပါတယ္။
“ပထမအႀကိမ္တြန္းထိုးကစားေနတုန္းက ဒိုင္ကသာ ရူဒီဂါကိုအ၀ါကတ္ျပမယ္ဆုိရင္ ဆြန္တစ္ေယာက္လည္း အခုလိုတုန္႔ျပန္ကစားမွာမဟုတ္ပါဘူး။ ပြဲႀကီးပြဲေကာင္းတစ္ခုမွာအႀကိတ္အနယ္ ကစားမယ္ဆိုရင္ ဒါမ်ဳိးေတြကျဖစ္တတ္ပါတယ္။ ေသြးဆူၿပီးဆြန္တစ္ေယာက္ နည္းနည္းတုန္႔ျပန္ပုံၾကမ္းသြားပါတယ္။ ကၽြန္ေတာ္ကေတာ့ ေဘာလုံးပြဲကိုသိပ္ထူးဆန္းေတြးမေနပါဘူး။ အနီကတ္ျပတာကေတာ့ ထူးဆန္းတယ္လို႔ခံစားရပါတယ္။ ၿပိဳင္ဘက္အသင္းကစားပုံေကာင္းတာကိုေတာ့ ခ်ီးက်ဴးခ်င္ပါတယ္” လို႔ေမာ္ရင္ဟိုကေျပာပါတယ္။