ရှီးယားနဲ့ရိုက်တို့အဆင့်သတ်မှတ်တဲ့ ပရီးမီးယားလိဂ်ရဲ့အကြီးကျယ်ဆုံးကပ္ပတိန် ၁၀ ယောက်

photo-bbc

photo-bbc

ကြီးကျယ်တဲ့ပရီးမီးယားလိဂ်အသင်းတိုင်းမှာ ကြီးကျယ်တဲ့ကပ္ပတိန်တစ်ယောက် လိုအပ်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာလည်း ကပ္ပတိန်လက်ပတ်ဝတ်ဆင်ကစားခဲ့ကြတဲ့ ဂန္ထဝင်ကစားသမားအများအပြားရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်သူက အကြီးကျယ်ဆုံးလဲ။ အဲဒါနဲ့ပတ်သက်လို့ ဘီဘီစီရဲ့ဘောလုံးအစီအစဉ်တစ်ခုမှာ ပရီးမီးယားလိဂ်ဂန္ထဝင်တွေဖြစ်ကြတဲ့ အလန်ရှီးယားနဲ့ အီယန်ရိုက်တို့ဟာ အစီအစဉ်တင်ဆက်သူအင်္ဂလန်ဂန္ထဝင်ဂယ်ရီလိုင်နီကာနဲ့အတူ ဆန်ခါတင် ၁၀ ယောက်ရွေးထုတ်ခဲ့ကြပါတယ်။ အဲဒီဆန်ခါတင်ကိုမှ အလန်ရှီးယားနဲ့အီယန်ရိုက်တို့ဟာ သူတို့စိတ်ကြိက် ၁၀ ယောက်ကို အဆင့်ပြန်စီခဲ့ကြတာပါ။  ဘယ်သူက ဘယ်လိုစီထားသလဲဆိုတာ ဆက်ကြည့်ရအောင်။

photo-gettyimages

အလန်ရှီးယား

၁၀။ အလန်ရှီးယား

၉။ ဝက်စ်မော်ဂန်

၈။ ဗီဒစ်

၇။ ဟန်ဒါဆန်

၆။ ကွန်ပနီ

၅။ တိုနီအဒမ်

၄။ စတီဗင်ဂျရတ်

၃။ ဗီအဲရာ

၂။ ရွိုင်းကိန်း

၁။ ဂျွန်တယ်ရီ

”ကပ္ပတိန်တစ်ယောက်မှာ မင်းလိုချင်တဲ့အားလုံး တယ်ဆီမှာ ရှိပါတယ်။ သူဟာ နည်းပြတွေ၊ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့လေးစားမှုကိုလည်း ရခဲ့တာပါ။ သူ့ကို တခြားပရိသတ်တွေက မကြိုက်ကြပေမယ့် အဲဒါက သူ့ကို ဘာမှမဖြစ်စေပါဘူး။ အဲဒါကပဲ တွန်းအားဖြစ်စေခဲ့ကာ လိုအပ်တဲ့အချိန်တိုင်း သူလုပ်ပြနိုင်ခဲ့တာပါ”လို့ အလန်ရှီးယားက ပြောပါတယ်။

photo-gettyimages

အီယန်ရိုက်

၁၀။ အလန်ရှီးယား

၉။ ဟန်ဒါဆန်

၈။ ဗီဒစ်

၇။ ဝက်စ်မော်ဂန်

၆။ ဗီအဲရာ

၅။ စတီဗင်ဂျရတ်

၄။ ကွန်ပနီ

၃။ တိုနီအဒမ်

၂။ ဂျွန်တယ်ရီ

၁။ ရွိုင်ကိန်း

”ကျွန်တော်ကတော့ ရွိုင်ကိန်းကိုကြိုက်တယ်။ သူဟာ မန်ယူလုံးဝစိုးမိုးနိုင်တဲ့အချိန်မှာ နှစ်ပေါင်းများစွာကြာအောင် အသင်းကို ဦးဆောင်ခဲ့တာပါ။ သူက ကပ္ပတိန်တစ်ယောက်အနေနဲ့ မင်းလိုအပ်တဲ့အတိအကျမဟုတ်ဘူး။ သူက အားလုံးကြိုက်တဲ့သူမျိုးလည်း မဟုတ်ဘူး။ ကွင်းထဲမှာ လုပ်စရာရှိတာလုပ်ပြီး သူဦးဆောင်ခဲ့တာပါ”လို့ အီယန်ရိုက်က ပြောပါတယ်။ တစ်နည်းအားဖြင့် ထိပ်ဆုံးနှစ်ယောက်က တယ်ရီနဲ့ရွိုင်ကိန်းတို့ပါ။ ဂယ်ရီလိုင်နီကာကတော့ အဲဒီအစဉ်အစဉ်မှာ ဒီ ၁၀ ယောက်ကို အဆင့်မသတ်မှတ်ခဲ့ပေမယ့် နံပါတ် ၁ အနေနဲ့ဆို တယ်ရီကိုပဲ ရွေးမယ်လို့ ဆိုပါတယ်။ ပရိသတ်ကြီးရဲ့ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကပ္ပတိန်ကရော ဘယ်သူပါလဲ။

[Zawgyi]

ရွီးယားနဲ႔ရိုက္တို႔အဆင့္သတ္မွတ္တဲ့ ပရီးမီးယားလိဂ္ရဲ႕အႀကီးက်ယ္ဆုံးကပၸတိန္ ၁၀ ေယာက္

ႀကီးက်ယ္တဲ့ပရီးမီးယားလိဂ္အသင္းတိုင္းမွာ ႀကီးက်ယ္တဲ့ကပၸတိန္တစ္ေယာက္ လုိအပ္ပါတယ္။ ပရီးမီးယားလိဂ္သမိုင္းမွာလည္း ကပၸတိန္လက္ပတ္၀တ္ဆင္ကစားခဲ့ၾကတဲ့ ဂႏၳ၀င္ကစားသမားအမ်ားအျပားရွိခဲ့ၾကပါတယ္။ ဒါေပမဲ့ ဘယ္သူက အႀကီးက်ယ္ဆုံးလဲ။ အဲဒါနဲ႔ပတ္သက္လုိ႔ ဘီဘီစီရဲ႕ေဘာလုံးအစီအစဥ္တစ္ခုမွာ ပရီးမီးယားလိဂ္ဂႏၳ၀င္ေတြျဖစ္ၾကတဲ့ အလန္ရွီးယားနဲ႔ အီယန္ရိုက္တို႔ဟာ အစီအစဥ္တင္ဆက္သူအဂၤလန္ဂႏၳ၀င္ဂယ္ရီလိုင္နီကာနဲ႔အတူ ဆန္ခါတင္ ၁၀ ေယာက္ေရြးထုတ္ခဲ့ၾကပါတယ္။ အဲဒီဆန္ခါတင္ကိုမွ အလန္ရွီးယားနဲ႔အီယန္ရိုက္တို႔ဟာ သူတို႔စိတ္ႀကိက္ ၁၀ ေယာက္ကို အဆင့္ျပန္စီခဲ့ၾကတာပါ။  ဘယ္သူက ဘယ္လုိစီထားသလဲဆိုတာ ဆက္ၾကည့္ရေအာင္။

အလန္ရွီးယား

၁၀။ အလန္ရွီးယား

၉။ ၀က္စ္ေမာ္ဂန္

၈။ ဗီဒစ္

၇။ ဟန္ဒါဆန္

၆။ ကြန္ပနီ

၅။ တိုနီအဒမ္

၄။ စတီဗင္ဂ်ရတ္

၃။ ဗီအဲရာ

၂။ ရြိဳင္းကိန္း

၁။ ဂၽြန္တယ္ရီ

”ကပၸတိန္တစ္ေယာက္မွာ မင္းလိုခ်င္တဲ့အားလုံး တယ္ဆီမွာ ရွိပါတယ္။ သူဟာ နညး္ျပေတြ၊ကစားသမားေတြနဲ႔ ပရိသတ္ေတြရဲ႕ေလးစားမႈကိုလည္း ရခဲ့တာပါ။ သူ႔ကို တျခားပရိသတ္ေတြက မႀကိဳက္ၾကေပမယ့္ အဲဒါက သူ႔ကို ဘာမွမျဖစ္ေစပါဘူး။ အဲဒါကပဲ တြန္းအားျဖစ္ေစခဲ့ကာ လိုအပ္တဲ့အခ်ိန္တိုင္း သူလုပ္ျပႏိုင္ခဲ့တာပါ”လို႔ အလန္ရွီးယားက ေျပာပါတယ္။

အီယန္ရိုက္

၁၀။ အလန္ရွီးယား

၉။ ဟန္ဒါဆန္

၈။ ဗီဒစ္

၇။ ၀က္စ္ေမာ္ဂန္

၆။ ဗီအဲရာ

၅။ စတီဗင္ဂ်ရတ္

၄။ ကြန္ပနီ

၃။ တုိနီအဒမ္

၂။ ဂၽြန္တယ္ရီ

၁။ ရြိဳင္ကိန္း

”ကၽြန္္ေတာ္ကေတာ့ ရြိဳင္ကိန္းကိုႀကိဳက္တယ္။ သူဟာ မန္ယူလုံး၀စိုးမိုးႏိုင္တဲ့အခ်ိန္မွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အသင္းကို ဦးေဆာင္ခဲ့တာပါ။ သူက ကပၸတိန္တစ္ေယာက္အေနနဲ႔ မင္းလိုအပ္တဲ့အတိအက်မဟုတ္ဘူး။ သူက အားလုံးႀကိဳက္တဲ့သူမ်ိဳးလည္း မဟုတ္ဘူး။ ကြင္းထဲမွာ လုပ္စရာရွိတာလုပ္ၿပီး သူဦးေဆာင္ခဲ့တာပါ”လို႔ အီယန္ရိုက္က ေျပာပါတယ္။ တစ္နည္းအားျဖင့္ ထိပ္ဆုံးႏွစ္ေယာက္က တယ္ရီနဲ႔ရြိဳင္ကိန္းတုိ႔ပါ။ ဂယ္ရီလိုင္နီကာကေတာ့ အဲဒီအစဥ္အစဥ္မွာ ဒီ ၁၀ ေယာက္ကို အဆင့္မသတ္မွတ္ခဲ့ေပမယ့္ နံပါတ္ ၁ အေနနဲ႔ဆုိ တယ္ရီကိုပဲ ေရြးမယ္လုိ႔ ဆုိပါတယ္။ ပရိသတ္ႀကီးရဲ႕ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးကပၸတိန္ကေရာ ဘယ္သူပါလဲ။