ရှိတဲ့ကစားသမားတွေနဲ့ ဒီထက်ပိုပြီးမစွမ်းနိုင်ဘူးလို့ ဘာကာဥက္ကဌကို ပြောလိုက်တဲ့ ကိုးမန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့အပတ်မှာ အက်သလက်တီကိုကို အရေးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာက ရော်နယ်ကိုးမန်းရဲ့အချိန်တွေဟာ အဆုံးသတ်ဖို့ ပိုပြီးနီးစပ်သွားသလိုပါပဲ။

အဲဒီနယ်သာလန်သားနည်းပြအတွက် ရာသီတာထွက်ကောင်းမဟုတ်ခဲ့ဘဲ ပြီးခဲ့တဲ့အပတ်ကြားရက်ချန်ပီယံလိဂ်မှာ ဘင်ဖီကာကို ၃ ဂိုးပြတ်နဲ့ရှုံးပြီးကတည်းက ပြင်းထန်တဲ့ဖိအားတွေနဲ့ ကြုံတွေ့နေရတာပါ။

အဲဒီနောက် ပြီးခဲ့တဲ့စနေ လာလီဂါမှာ အက်သလက်တီကိုကိုထပ်ရှုံးခဲ့ပြီး အသင်းတိုက်စစ်မှုဟောင်းဆွာရက်ဇ်ရဲ့ဂိုးသွင်းယူခြင်းကိုလည်း ခံခဲ့ရပါတယ်။

ဘာစီလိုနာရဲ့လက်ရှိအခြေအနေဆိုးအတွက် ဝေဖန်သူအများစုက ကိုမန်းကိုပြစ်တင်နေကြပြီး ကလပ်နည်းပြဖြစ်ဖို့ မထိုက်တန်ဘူးလို့ ဆိုနေကြတာပါ။

အခုလည်း ဘာစီလိုနာအခြေစိုက်ရုပ်သံတစ်ခုက လက်ရှိကစားသမားတွေနဲ့ သူဒီထက်ပိုပြီး မစွမ်းနိုင်ဘူးလို့ အသင်းဥက္ကဌလာပေါ်တာကို ကိုးမန်းက ပြောခဲ့ကြောင်း ဖော်ပြလိုက်ပါတယ်။

၅၈ နှစ်အရွယ် ကိုးမန်ဟာ မကြာသေးခင်ကလည်း အက်သလက်တီကိုရှုံးပွဲအတွက် သူပွဲထုတ်အသုံးပြုခဲ့တဲ့ဆယ်ကျော်သက်ကွင်းလယ်လူနီကိုဂွန်ဇာလက်ဇ်ကို ဝေဖန်ခဲ့ပါသေးတယ်။

အဲဒီလိုပဲ အသင်းခေါင်းဆောင် ၄ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဗဟိုနောက်ခံလူပီကေးကလည်း လာလီဂါမှာ ပထမဆုံးရှုံးပွဲကြုံအပြီးမှာ သူ့ရဲ့ကစားဖော်တွေကို ဝေန်ခဲ့ပါတယ်။

ဘာစီလိုနာဟာ ကိုးမန်းလက်ထက်မှာ မကြုံဖူးတဲ့မှတ်တမ်းဆိုးတွေကို တစ်ခုပြီးတစ်ခုရရှိနေတာလည်း ဖြစ်ပါတယ်။

ကိုးမန်းရောက်လာပြီးမှ ဘာစီလိုနာဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ပထမဆုံးအကြိမ်အဖြစ် ၂ ပွဲဆက်ရှုံးနိမ့်ခဲ့ပြီး အဲဒီလိုပဲ အက်သလက်တီကိုနည်းပြဆီမြွန်နီကလည်း ကိုးမန်းရောက်မလာခင်အချိန်ထိ လာလီဂါမှာ ဘာစီလိုနာကို မနိုင်ခဲ့ဖူးပါဘူး။

ဘာစီလိုနာဟာ လက်ရှိအချိန်မှာ ငွေကြေးသုံးစွဲနိုင်စွမ်းလည်းမရှိတာကြောင့် ထိပ်တန်းနည်းပြအတော်များများဟာ ကိုးမန်းနေရာအစားထိုးဖို့ စိတ်မဝင်စားဖြစ်နေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi






