ရှာရာပိုဗာခေတ်လွန်မှာ ပုရိသတွေရဲ့အသည်းနှလုံးကို သိမ်းပိုက်မယ့် US အိုးပင်းချန်ပီယံ ဗြိတိန်ဆယ်ကျော်သက်လှပျိုဖြူလေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တစ်ချိန်တုန်းက ရုရှားနိုင်ငံရဲ့ တင်းနစ်အကျော်အမော်တွေဖြစ်တဲ့ ကော်နီကိုဗာ၊ မာရီယာရှာရာပိုဗာတို့ဟာ တင်းနစ်ကွင်းထဲမှာသာမကဘဲ သူတို့ရဲ့အလှအပတွေနဲ့ ပုရိသတွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်ခဲ့ဖူးတယ်။

ကော်နီကိုဗာဆိုရင် ဂရင်းစလင်းတစ်ဦးချင်းပြိုင်ပွဲတွေမှာ ဘာမှမယ်မယ်ရရ အောင်မြင်မှုမရခဲ့တာတောင် သူမရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ပရိသတ်တွေက ကော်နီကိုဗာမှ ကော်နီကိုဗာဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။

ကော်နီကိုဗာနောက်ပိုင်း ပုရိသတွေရဲ့အာရုံက ရုရှားတင်းနင်လှပျိုဖြူလေး မာရီယာရှာရာပိုဗာဆီ ကျရောက်လာတော့တာပဲ။

ရှာရာပိုဗာရဲ့ ကွင်းတွင်းအောင်မြင်မှုက ကော်နီကိုဗာထက် အများကြီးသာခဲ့ပြီး သြစတြေးလျအိုးပင်း၊ ပြင်သစ်အိုးပင်း(၂၀၁၂၊ ၂၀၁၄)၊ ဝင်ဘယ်လ်ဒန်၊ US အိုးပင်းတွေမှာ ချန်ပီယံဖြစ်ခဲ့သလို ကွင်းပြင်ပမှာလည်း ရှာရာပိုဗာကို ‘ကြွေ’တဲ့သူတွေ အများကြီးရှိခဲ့တယ်။

ဒါပေမဲ့ မနှစ်က၊ ဖေဖော်ဝါရီမှာ တင်းနစ်လောက,ကနေ ရှာရာပိုဗာအနားယူသွားတဲ့နောက် ပုရိသတွေ ဝန်းရံရမယ့် အချောအလှလေးတွေ သိပ်မရှိတော့ဘဲ အသက်ကြီးနေပြီဖြစ်တဲ့ ဆရီနာဝီလျံစ်က နဂိုကတည်းက ယောကျ်ားတစ်ယောက်လို ဒေါင်းတည်မောင်းတည်ပုံစံနဲ့ဆိုတော့ အားပေးချင်စရာမဖြစ်ခဲ့ဘူး။

နောက်ပိုင်း တင်းနစ်မယ်တွေကလည်း ပြိုင်ပွဲတစ်ခုမှာ အောင်မြင်ပြီးရင် မကြာခင်မှာပဲ မြင်ကွင်းထဲကပျောက်ပျောက်သွားလေ့ရှိလို့ ရှာရာပိုဗာတို့လို ပုရိသတွေက နှစ်အကြာကြီး ဝန်းရံခံရတဲ့ တင်းနစ်မယ်သိပ်မရှိခဲ့ဘူး။

ဒါပေမဲ့ ဒီနှစ် US အိုးပင်းပြိုင်ပွဲမှာ ဘယ်သူမှမထင်မှတ်ထားလောက်အောင် ချန်ပီယံဖြစ်ခဲ့တဲ့ အသက်(၁၈)နှစ်အရွယ် ဗြိတိန်ဆယ်ကျော်သက်လှပျိုဖြူလေး အမ်မာရာဒူကာနူဆိုတဲ့ ကောင်မလေးတစ်ယောက်ပေါ်ထွက်လာခဲ့ပြီ။

ရာဒူကာနူဟာ US အိုးပင်းဗိုလ်လုပွဲမှာ ကနေဒါတင်းနစ်မယ် လိုင်လာဖာနန်ဒက်ဇ်ကို ၆-၄၊ ၆-၃ နဲ့ နှစ်ပွဲပြတ်အနိုင်ရခဲ့တာကြောင့် ၁၉၇၇ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲမှာ ဗာဂျီးနီးယားဝိတ်ဒ် ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း

ဂရင်းစလင်းချန်ပီယံဆုရရှိခဲ့တဲ့ ဗြိတိန်တင်းနစ်မယ်၊ US အိုးပင်းပြိုင်ပွဲမှာ (၅၃)နှစ်အကြာမှ ချန်ပီယံဆုပထမဆုံးရရှိခဲ့သူ ဗြိတိန်တင်းနစ်မယ်စတဲ့ စံချိန်ကောင်းတွေလည်း ပိုင်ဆိုင်ခဲ့တယ်။

ရာဒူကာနူရဲ့မျက်နှာပုံစံက Sexy ကျတဲ့ပုံမဟုတ်ဘဲ Innocent ဖြစ်တဲ့ရုပ်မျိုးဖြစ်ပြီး အခုမှ (၁၈)နှစ်ဆိုတော့ ငယ်ဂုဏ်လေးကလည်း ရှိနေပြန်တယ်။

ဘာပဲဖြစ်ဖြစ် အိုကြီးအိုမတင်းနစ်မယ်တွေ၊ အရွယ်တင်ရုပ်ကျဖြစ်နေတဲ့ တင်းနစ်မယ်တွေကြားမှာတော့ ရာဒူကာနူက ပုရိသတွေအတွက် ဝန်းရံချင်စရာကောင်းနေတယ်။

အဲဒါကြောင့် ရှာရာပိုဗာခေတ်လွန်မှာ ပုရိသတွေရဲ့အသည်းနှလုံးကို သိမ်းပိုက်နိုင်မယ့်သူက ရာဒူကာနူများဖြစ်လာမလားဆိုတာ စောင့်ကြည့်လိုက်ရအောင်လား..ပရိသတ်ကြီးရေ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရွာရာပိုဗာေခတ္လြန္မွာ ပုရိသေတြရဲ႕အသည္းႏွလုံးကို သိမ္းပိုက္မယ့္ US အိုးပင္းခ်န္ပီယံ ၿဗိတိန္ဆယ္ေက်ာ္သက္လွပ်ိဳျဖဴေလး

တစ္ခ်ိန္တုန္းက ႐ုရွားႏိုင္ငံရဲ႕ တင္းနစ္အေက်ာ္အေမာ္ေတြျဖစ္တဲ့ ေကာ္နီကိုဗာ၊ မာရီယာရွာရာပိုဗာတို႔ဟာ တင္းနစ္ကြင္းထဲမွာသာမကဘဲ သူတို႔ရဲ႕အလွအပေတြနဲ႔ ပုရိသေတြရဲ႕ အသည္းႏွလုံးကို သိမ္းပိုက္ခဲ့ဖူးတယ္။ ေကာ္နီကိုဗာဆိုရင္ ဂရင္းစလင္းတစ္ဦးခ်င္းၿပိဳင္ပြဲေတြမွာ ဘာမွမယ္မယ္ရရ ေအာင္ျမင္မႈမရခဲ့တာေတာင္ သူမရဲ႕ခ်စ္စရာေကာင္းတဲ့မ်က္ႏွာေလးနဲ႔ ပရိသတ္ေတြက ေကာ္နီကိုဗာမွ ေကာ္နီကိုဗာျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တယ္။ ေကာ္နီကိုဗာေနာက္ပိုင္း ပုရိသေတြရဲ႕အာ႐ုံက ႐ုရွားတင္းနင္လွပ်ိဳျဖဴေလး မာရီယာရွာရာပိုဗာဆီ က်ေရာက္လာေတာ့တာပဲ။

ရွာရာပိုဗာရဲ႕ ကြင္းတြင္းေအာင္ျမင္မႈက ေကာ္နီကိုဗာထက္ အမ်ားႀကီးသာခဲ့ၿပီး ၾသစေၾတးလ်အိုးပင္း၊ ျပင္သစ္အိုးပင္း(၂၀၁၂၊ ၂၀၁၄)၊ ဝင္ဘယ္လ္ဒန္၊ US အိုးပင္းေတြမွာ ခ်န္ပီယံျဖစ္ခဲ့သလို ကြင္းျပင္ပမွာလည္း ရွာရာပိုဗာကို ‘ေႂကြ’တဲ့သူေတြ အမ်ားႀကီးရွိခဲ့တယ္။ ဒါေပမဲ့ မႏွစ္က၊ ေဖေဖာ္ဝါရီမွာ တင္းနစ္ေလာက,ကေန ရွာရာပိုဗာအနားယူသြားတဲ့ေနာက္ ပုရိသေတြ ဝန္းရံရမယ့္ အေခ်ာအလွေလးေတြ သိပ္မရွိေတာ့ဘဲ အသက္ႀကီးေနၿပီျဖစ္တဲ့ ဆရီနာဝီလ်ံစ္က နဂိုကတည္းက ေယာက်္ားတစ္ေယာက္လို ေဒါင္းတည္ေမာင္းတည္ပုံစံနဲ႔ဆိုေတာ့ အားေပးခ်င္စရာမျဖစ္ခဲ့ဘူး။ေနာက္ပိုင္း တင္းနစ္မယ္ေတြကလည္း ၿပိဳင္ပြဲတစ္ခုမွာ ေအာင္ျမင္ၿပီးရင္ မၾကာခင္မွာပဲ ျမင္ကြင္းထဲကေပ်ာက္ေပ်ာက္သြားေလ့ရွိလို႔ ရွာရာပိုဗာတို႔လို ပုရိသေတြက ႏွစ္အၾကာႀကီး ဝန္းရံခံရတဲ့ တင္းနစ္မယ္သိပ္မရွိခဲ့ဘူး။

ဒါေပမဲ့ ဒီႏွစ္ US အိုးပင္းၿပိဳင္ပြဲမွာ ဘယ္သူမွမထင္မွတ္ထားေလာက္ေအာင္ ခ်န္ပီယံျဖစ္ခဲ့တဲ့ အသက္(၁၈)ႏွစ္အ႐ြယ္ ၿဗိတိန္ဆယ္ေက်ာ္သက္လွပ်ိဳျဖဴေလး အမ္မာရာဒူကာႏူဆိုတဲ့ ေကာင္မေလးတစ္ေယာက္ေပၚထြက္လာခဲ့ၿပီ။ ရာဒူကာႏူဟာ US အိုးပင္းဗိုလ္လုပြဲမွာ ကေနဒါတင္းနစ္မယ္ လိုင္လာဖာနန္ဒက္ဇ္ကို ၆-၄၊ ၆-၃ နဲ႔ ႏွစ္ပြဲျပတ္အႏိုင္ရခဲ့တာေၾကာင့္ ၁၉၇၇ ဝင္ဘယ္လ္ဒန္ၿပိဳင္ပြဲမွာ ဗာဂ်ီးနီးယားဝိတ္ဒ္ ဗိုလ္စြဲခဲ့ၿပီးေနာက္ပိုင္း ဂရင္းစလင္းခ်န္ပီယံဆုရရွိခဲ့တဲ့ ၿဗိတိန္တင္းနစ္မယ္၊ US အိုးပင္းၿပိဳင္ပြဲမွာ (၅၃)ႏွစ္အၾကာမွ ခ်န္ပီယံဆုပထမဆုံးရရွိခဲ့သူ ၿဗိတိန္တင္းနစ္မယ္စတဲ့ စံခ်ိန္ေကာင္းေတြလည္း ပိုင္ဆိုင္ခဲ့တယ္။

ရာဒူကာႏူရဲ႕မ်က္ႏွာပုံစံက Sexy က်တဲ့ပုံမဟုတ္ဘဲ Innocent ျဖစ္တဲ့႐ုပ္မ်ိဳးျဖစ္ၿပီး အခုမွ (၁၈)ႏွစ္ဆိုေတာ့ ငယ္ဂုဏ္ေလးကလည္း ရွိေနျပန္တယ္။ ဘာပဲျဖစ္ျဖစ္ အိုႀကီးအိုမတင္းနစ္မယ္ေတြ၊ အ႐ြယ္တင္႐ုပ္က်ျဖစ္ေနတဲ့ တင္းနစ္မယ္ေတြၾကားမွာေတာ့ ရာဒူကာႏူက ပုရိသေတြအတြက္ ဝန္းရံခ်င္စရာေကာင္းေနတယ္။ အဲဒါေၾကာင့္ ရွာရာပိုဗာေခတ္လြန္မွာ ပုရိသေတြရဲ႕အသည္းႏွလုံးကို သိမ္းပိုက္ႏိုင္မယ့္သူက ရာဒူကာႏူမ်ားျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္လိုက္ရေအာင္လား..ပရိသတ္ႀကီးေရ . .