ရှရူးဘူရီနဲ့ ပြန်ကန်ပွဲမှာ ကလေးတွေကို ကစားခိုင်းမယ်လု့ိ အတည်ပြုခဲ့တဲ့ ကလော့ပ် ဝေဖန်ခံနေရ

Photo Credit

Photo Credit

ရှရူးဘူရီအသင်းနဲ့ကစားရမယ့် အက်ဖ်အေဖလားစတုတ္ထအဆင့် ပြန်ကန်ပွဲမှာ လူငယ်ကစားသမားတွေကို အသုံးပြုသွားမယ်လို့ လီဗာပူးနည်းပြ ကလော့ပ်က ဖွင့်ဟသွားပြီးနောက် အင်္ဂလိပ်တတိယတန်းကလပ် အက်ခရင်တန်အသင်းပိုင်ရှင်ဖြစ်သူ အန်ဒီဟော့တ်က လီဗာပူးအသင်းကို ပြင်းထန်စွာဝေဖန်လိုက်ပါတယ်။

Photo Credit

ကလော့ပ်က တနင်္ဂနွေနေ့မှာ ရှရူးဘူရီအသင်းနဲ့ ၂-၂ ဂိုးသရေကျခဲ့ပြီးနောက် အန်ဖီးလ်မှာ ကစားမယ့် ပြန်ကန်ပွဲမှာ ပထမအသင်းသားတွေ ပါဝင်ကစားမှာမဟုတ်ကြောင်းနဲ့ အဓိကအချက်ကတော့ အသင်းသားတွေ ဆောင်းရာသီအားလပ်ရက်ရရှိစေဖို့အတွက်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ လီဗာပူးယူ-၂၃ အသင်းနည်းပြ နေးလ်ခရစ်ချ်လေက အဆိုပါပွဲကို နည်းပြချုပ်အဖြစ် တာဝန်ယူမှာဖြစ်ပြီး ပြန်ကန်ပွဲကို ၂ပတ်ကြာနားရမယ့်ကာလအတွင်း ကျင်းပမှာဖြစ်ပါတယ်။

Photo Credit

ဒီကိစ္စနဲ့ပတ်သက်လို့ အန်ဒီဟော့တ်က လီဗာပူးရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)နဲ့ အင်္ဂလိပ်ဘောလုံးလိဂ်တို့က ထိရောက်စွာ အရေးယူသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။ ”အက်ဖ်အေက သေချာပေါက်အနိုင်ရမှဖြစ်မယ့် အားပြိုင်မှုဖြစ်ပြီး ဒီလိုမှမဟုတ်ရင် သူတု့ိရဲ့သိက္ခာအကြီးမားဆုံးပြိုင်ပွဲက တန်ဖိုးလျော့သွားမှာဖြစ်ပါတယ်”

Photo Credit

”လီဗာပူးကို ပြင်းပြင်းထန်ထန်သတိပေးပြီး ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်သင့်ပါတယ်။ ဒါက သူတို့ရဲ့ဘောလုံးပြိုင်ပွဲမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးရဲ့ပြိုင်ပွဲဖြစ်ပါတယ်”လို့ ဟော့တ်က သူ့ရဲ့တွစ်တာအကောင့်ကနေ ရေးသားခဲ့ပါတယ်။
ခရစ်ချ်လေဟာ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲအဖြစ် အက်စ်တွန်ဗီလာကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲမှာ လူငယ်ကစားသမားတွေနဲ့အတူ အသင်းကို ကိုင်တွယ်ခဲ့ပြီး အဲဒီအချိန်တုန်းက နည်းပြကလော့ပ်ဦးဆောင်တဲ့ပထမအသင်းက ကာတာနိုင်ငံမှာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကစားနေခဲ့တာပါ။

Photo Credit

”ပြီးခဲ့တဲ့ဧပြီလက ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဆီကနေ စာတစ်စောင်လက်ခံရရှိခဲ့ပါတယ်။ ကစားသမားတွေအတွက် ဆောင်းရာသီအားလပ်ရက်ကို လေးစားဖို့အကြောင်းပါ။ အဲဒီကာလအတွင်း နိုင်ငံတကာခြေစမ်းပွဲတွေ၊ ပြိုင်ပွဲအသွင်ပွဲတွေ ကျင်းပခွင့်မပြုထားပါဘူး။ ဒါကိုလည်း ကျွန်တော်တို့လေးစားရပါမယ်။ ကျွန်တော်ကိုယ်တိုင်လည်း အသင်းသားတွေကို တစ်ပတ်နားရက်ရမယ်လု့ အစောကြီးကတည်းက ပြောထားပြီးသားပါ”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

Photo Credit

Zawgyi

ရွ႐ူးဘူရီနဲ႔ ျပန္ကန္ပြဲမွာ ကေလးေတြကို ကစားခုိင္းမယ္လု႔ိ အတည္ျပဳခဲ့တဲ့ ကေလာ့ပ္ ေ၀ဖန္ခံေနရ

ရွ႐ူးဘူရီအသင္းနဲ႔ကစားရမယ့္ အက္ဖ္ေအဖလားစတုတၳအဆင့္ ျပန္ကန္ပြဲမွာ လူငယ္ကစားသမားေတြကို အသုံးျပဳသြားမယ္လုိ႔ လီဗာပူးနည္းျပ ကေလာ့ပ္က ဖြင့္ဟသြားၿပီးေနာက္ အဂၤလိပ္တတိယတန္းကလပ္ အက္ခရင္တန္အသင္းပိုင္ရွင္ျဖစ္သူ အန္ဒီေဟာ့တ္က လီဗာပူးအသင္းကို ျပင္းထန္စြာေ၀ဖန္လုိက္ပါတယ္။
ကေလာ့ပ္က တနဂၤေႏြေန႔မွာ ရွ႐ူးဘူရီအသင္းနဲ႔ ၂-၂ ဂိုးသေရက်ခဲ့ၿပီးေနာက္ အန္ဖီးလ္မွာ ကစားမယ့္ ျပန္ကန္ပြဲမွာ ပထမအသင္းသားေတြ ပါ၀င္ကစားမွာမဟုတ္ေၾကာင္းနဲ႔ အဓိကအခ်က္ကေတာ့ အသင္းသားေတြ ေဆာင္းရာသီအားလပ္ရက္ရရွိေစဖုိ႔အတြက္ျဖစ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။ လီဗာပူးယူ-၂၃ အသင္းနည္းျပ ေနးလ္ခရစ္ခ်္ေလက အဆုိပါပြဲကို နည္းျပခ်ဳပ္အျဖစ္ တာ၀န္ယူမွာျဖစ္ၿပီး ျပန္ကန္ပြဲကို ၂ပတ္ၾကာနားရမယ့္ကာလအတြင္း က်င္းပမွာျဖစ္ပါတယ္။
ဒီကိစၥနဲ႔ပတ္သက္လုိ႔ အန္ဒီေဟာ့တ္က လီဗာပူးရဲ႕ဆုံးျဖတ္ခ်က္ကို ေ၀ဖန္ခဲ့ၿပီး အဂၤလန္ေဘာလုံးအဖဲြ႕ခ်ဳပ္(အက္ဖ္ေအ)နဲ႔ အဂၤလိပ္ေဘာလံုးလိဂ္တုိ႔က ထိေရာက္စြာ အေရးယူသင့္ေၾကာင္း တုိက္တြန္းခဲ့ပါတယ္။ ”အက္ဖ္ေအက ေသခ်ာေပါက္အႏိုင္ရမွျဖစ္မယ့္ အားၿပိဳင္မႈျဖစ္ၿပီး ဒီလုိမွမဟုတ္ရင္ သူတု႔ိရဲ႕သိကၡာအႀကီးမားဆုံးၿပိဳင္ပဲြက တန္ဖိုးေလ်ာ့သြားမွာျဖစ္ပါတယ္”
”လီဗာပူးကို ျပင္းျပင္းထန္ထန္သတိေပးၿပီး ႀကီးေလးတဲ့ျပစ္ဒဏ္ခ်မွတ္သင့္ပါတယ္။ ဒါက သူတုိ႔ရဲ႕ေဘာလုံးၿပိဳင္ပြဲမဟုတ္ပါဘူး။ ကၽြန္ေတာ္တုိ႔အားလုံးရဲ႕ၿပိဳင္ပြဲျဖစ္ပါတယ္”လုိ႔ ေဟာ့တ္က သူ႕ရဲ႕တြစ္တာအေကာင့္ကေန ေရးသားခဲ့ပါတယ္။
ခရစ္ခ်္ေလဟာ ကာရာေဘာင္ဖလား ကြာတားဖိုင္နယ္ပြဲအျဖစ္ အက္စ္တြန္ဗီလာကို ဂိုးျပတ္အေရးနိမ့္ခဲ့တဲ့ပြဲမွာ လူငယ္ကစားသမားေတြနဲ႔အတူ အသင္းကို ကုိင္တြယ္ခဲ့ၿပီး အဲဒီအခ်ိန္တုန္းက နည္းျပကေလာ့ပ္ဦးေဆာင္တဲ့ပထမအသင္းက ကာတာႏိုင္ငံမွာ ဖီဖာကလပ္ကမၻာ့ဖလားၿပိဳင္ပြဲကစားေနခဲ့တာပါ။
”ၿပီးခဲ့တဲ့ဧၿပီလက ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ဆီကေန စာတစ္ေစာင္လက္ခံရရွိခဲ့ပါတယ္။ ကစားသမားေတြအတြက္ ေဆာင္းရာသီအားလပ္ရက္ကို ေလးစားဖို႔အေၾကာင္းပါ။ အဲဒီကာလအတြင္း ႏိုင္ငံတကာေျခစမ္းပြဲေတြ၊ ၿပိဳင္ပဲြအသြင္ပြဲေတြ က်င္းပခြင့္မျပဳထားပါဘူး။ ဒါကိုလည္း ကၽြန္ေတာ္တို႔ေလးစားရပါမယ္။ ကၽြန္ေတာ္ကိုယ္တုိင္လည္း အသင္းသားေတြကို တစ္ပတ္နားရက္ရမယ္လု႔ အေစာႀကီးကတည္းက ေျပာထားၿပီးသားပါ”လုိ႔ ကေလာ့ပ္က ေျပာၾကားခဲ့ပါတယ္။