ရှရူဘူရီနဲ့ပြန်ကန်မယ့်ပွဲကို သူကိုင်တွယ်မှာမဟုတ်ဘူးလို့ပြောလာတဲ့ လီဗာပူးနည်းပြ ယာဂန်ကလော့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ပရီးမီးယားလိဂ် winter break ကို လေးစားမှု ရှိတဲ့ အနေနဲ့ အက်ဖ်အေဖလား ပြန်ကန်ပွဲမှာ လီဗာပူးအသင်းကြီးကို ကစားစေမှာ မဟုတ်ဘဲ လူငယ် အသင်းကိုသာကစားစေမှာဖြစ်ကြောင်း ယာဂန်ကလော့က ပြောဆိုလာပါတယ်။ လီဗာပူးဟာ ရှရူဘူရီ ကို အဝေးကွင်းမှာ ၂-၂ ရလဒ်နဲ့သရေကျခဲ့တာကြောင့် အန်ဖီးမှာ ပြန်ကန်ပွဲ ကစားရမှာ ဖြစ်ပါတယ်။

photo internet

အန်ဖီးမှာ ကစားရမယ့် အက်ဖ်အေဖလား ပြန်ကန်ပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီလဆန်းပိုင်းမှာ ကစား သွားရမှာ ဖြစ်ပါတယ်။အဲဒီကာလဟာ ပရီးမီးယားလိဂ်က ပထမဦးဆုံး သတ်မှတ် ပေးခဲ့တဲ့ winter break ကာလနဲ့တိုက်ဆိုင်နေတာကြောင့် ယာဂန်ကလော့အနေနဲ့အနားယူတာဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာသာ လီဗာပူးအနေနဲ့ နော့ဝှစ်နဲ့ ပြန်ကစား ရမှာ ဖြစ်ပါတယ်။

photo internet

ကလော့က သူ့အနေနဲ့ ပရီးမီးယားလိဂ် ဘောလုံး အဖွဲ့ချုပ် ထံကနေ အဲဒီကာလအတွင်း ခြေစွမ်းပွဲတွေ မကစားဖို့နဲ့ ၊ competitive ပွဲတွေ မကစားဖို့ အကြောင်းကြားစာကို ရရှိထားခဲ့တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
“ပြီးခဲ့တဲ့ ၂ ပတ်လောက် ကတည်းက ကျွန်တော့် ကောင်လေး တွေကို winter break ပေးမယ် ဆိုတာ ပြောထား ခဲ့ပြီးသားပါ။ ဒ့ါကြောင့် ကျွန်တော်တို့ အဲဒီအချိန် ရှိနေမှာ မဟုတ်ပါဘူး။ အဲဒီပွဲကို ကလေးတွေကို ကစားခိုင်းမှာပါ။ အဲဒီပွဲအတွက် နေးလ်ခရစ်ချလေ ကိုင်တွယ် သွားမှာပါ” လို့ ကလော့ကပြောပါတယ်။

photo internet

ဒါ့အပြင် “winter break ဟာအရေးကြီးပါတယ်။ ကျွန်တော်တို့ ကစားသမား တွေရဲ့ ကောင်းကျိုးကို လေးစား ရပါမယ်။ သူတို့ အနားယူဖို့ လိုအပ်ပါတယ်။ သူတို့ စိတ်ပိုင်းဆိုင်ရာ နဲ့ရုပ်ပိုင်းဆိုင်ရာ အနားယူဖို့ လိုအပ်နေပါတယ် ။ ကစားသမားတွေအနေနဲ့ နားရက် တစ်ပတ် ရပါမယ်။ သူတို့ စိတ်လွတ်ကိုယ်လွတ် ကြီးတော့ အနားရမှာမဟုတ်ပါဘူး။ running နဲ့ fitness အစီအစဉ်တွေကိုတော့ ကိုယ့်ဘာသာကိုယ် လုပ်ခိုင်းမှာပါ။”ဆိုပြီးပြောပါသေးတယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ရွရူဘူရီနဲ႔ျပန္ကန္မယ့္ပြဲကို သူကိုင္တြယ္မွာမဟုတ္ဘူးလို႔ေျပာလာတဲ့ လီဗာပူးနည္းျပ ယာဂန္ကေလာ့

ပရီးမီးယားလိဂ္ winter break ကို ေလးစားမႈ ရွိတဲ့ အေနနဲ႔ အက္ဖ္ေအဖလား ျပန္ကန္ပြဲမွာ လီဗာပူးအသင္းႀကီးကို ကစားေစမွာ မဟုတ္ဘဲ လူငယ္ အသင္းကိုသာကစားေစမွာျဖစ္ေၾကာင္း ယာဂန္ကေလာ့က ေျပာဆိုလာပါတယ္။ လီဗာပူးဟာ ရွ႐ူဘူရီ ကို အေဝးကြင္းမွာ ၂-၂ ရလဒ္နဲ႔သေရက်ခဲ့တာေၾကာင့္ အန္ဖီးမွာ ျပန္ကန္ပြဲ ကစားရမွာ ျဖစ္ပါတယ္။

အန္ဖီးမွာ ကစားရမယ့္ အက္ဖ္ေအဖလား ျပန္ကန္ပြဲကိုေတာ့ လာမယ့္ ေဖေဖာ္ဝါရီလဆန္းပုိင္းမွာ ကစား သြားရမွာ ျဖစ္ပါတယ္။အဲဒီကာလဟာ ပရီးမီးယားလိဂ္က ပထမဦးဆုံး သတ္္မွတ္ ေပးခဲ့တဲ့ winter break ကာလနဲ႔တိုက္ဆိုင္ေနတာေၾကာင့္ ယာဂန္ကေလာ့အေနနဲ႔အနားယူတာျဖစ္ၿပီး၊ ေဖေဖာ္ဝါရီ ၁၆ ရက္ေန႔မွာသာ လီဗာပူးအေနနဲ႔ ေနာ့ဝွစ္နဲ႔ ျပန္ကစား ရမွာ ျဖစ္ပါတယ္။

ကေလာ့က သူ႔အေနနဲ႔ ပရီးမီးယားလိဂ္ ေဘာလုံး အဖြဲ႕ခ်ဳပ္ ထံကေန အဲဒီကာလအတြင္း ေျခစြမ္းပြဲေတြ မကစားဖို႔နဲ႔ ၊ competitive ပြဲေတြ မကစားဖို႔ အေၾကာင္းၾကားစာကို ရရွိထားခဲ့တယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။
“ၿပီးခဲ့တဲ့ ၂ ပတ္ေလာက္ ကတည္းက ကြၽန္ေတာ့္ ေကာင္ေလး ေတြကို winter break ေပးမယ္ ဆိုတာ ေျပာထား ခဲ့ၿပီးသားပါ။ ဒ့ါေၾကာင့္ ကြၽန္ေတာ္တို႔ အဲဒီအခ်ိန္ ရွိေနမွာ မဟုတ္ပါဘူး။ အဲဒီပြဲကို ကေလးေတြကို ကစားခိုင္းမွာပါ။ အဲဒီပြဲအတြက္ ေနးလ္ခရစ္ခ်ေလ ကိုင္တြယ္ သြားမွာပါ” လို႔ ကေလာ့ကေျပာပါတယ္။

ဒါ့အျပင္ “winter break ဟာအေရးႀကီးပါတယ္။ ကြၽန္ေတာ္တို႔ ကစားသမား ေတြရဲ႕ ေကာင္းက်ိဳးကို ေလးစား ရပါမယ္။ သူတို႔ အနားယူဖို႔ လိုအပ္ပါတယ္။ သူတို႔ စိတ္ပို္င္းဆိုင္ရာ နဲ႔ရုပ္ပိုင္းဆိုင္ရာ အနားယူဖို႔ လိုအပ္ေနပါတယ္ ။ ကစားသမားေတြအေနနဲ႔ နားရက္ တစ္ပတ္ ရပါမယ္။ သူတို႔ စိတ္လြတ္ကိုယ္လြတ္ ႀကီးေတာ့ အနားရမွာမဟုတ္ပါဘူး။ running နဲ႔ fitness အစီအစဥ္ေတြကိုေတာ့ ကိုယ့္ဘာသာကိုယ္ လုပ္ခိုင္းမွာပါ။”ဆိုၿပီးေျပာပါေသးတယ္။