ရှမိုက်ကယ်ရဲ့မျက်နှာကို လေဆာနဲ့ ထိုးခဲ့တဲ့ပရိသတ်လုပ်ရပ်ကြောင့် အင်္ဂလန် စွဲချက်တင်ခံထားရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒိန်းမတ်နဲ့ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ အင်္ဂလန်အသင်းတိုက်စစ်မှူးဟယ်ရီကိန်း ပယ်နယ်တီမကန်ခင် ဒိန်းမတ်ဂိုးသမားကက်စ်ပါရှမိုက်ကယ်ရဲ့ မျက်နှာကို

“Laser Pointer”နဲ့ထိုးပြီး အနှောင့်အယှက်ပေးခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ UEFA က စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းက (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ စတာလင်ကြောင့်ရခဲ့တဲ့ အငြင်းပွားစရာပယ်နယ်တီကနေ ဟယ်ရီကိန်း ကန်သွင်းဖို့ပြင်ဆင်နေတုန်းမှာ ပရိသတ်တစ်ဦးက ရှမိုက်ကယ်ရဲ့မျက်နှာကို “Laser Pointer”နဲ့ထိုးပြီးအနှောင့်အယှက်ပေးခဲ့တာပါ။

ရှမိုက်ကယ်ဟာ ဟယ်ရီကိန်းရဲ့ ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့ပေမယ့် ဘောလုံးက ဟယ်ရီကိန်းရှေ့ပြန်ရောက်သွားတာကြောင့် နောက်တစ်ကြိမ်မကာကွယ်နိုင်တော့ဘဲ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

အချိန်ပိုမိနစ်(၃၀)မစခင်ကတည်းက ကွင်းလယ်ဒိုင်ဖြစ်တဲ့ မက်ခီလီက ပွဲကြည့်စင်ထဲမှာ “Laser Pointer”အသုံးပြုနေတာနဲ့ပတ်သက်ပြီး ကျန်တဲ့ဒိုင်လူကြီးအဖွဲ့ဝင်တွေကို အသိပေးခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်။

အင်္ဂလန်နာမည်ကျော်ကစားသမားဟောင်း ကော်လီမိုးက အင်္ဂလန်ပရိသတ်တွေရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး အဲဒီလုပ်ရပ်ကျူးလွန်သူကို ဘောလုံးပွဲကြည့်ခွင့်ရာသက်ပန်ပိတ်သင့်တယ်လို့ သူ့ရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။

UEFA ဟာ ရှမိုက်ကယ်ရဲ့မျက်နှာကို “Laser Pointer”နဲ့ထိုးခဲ့တဲ့ဖြစ်ရပ်အပြင် ပွဲမစခင် ဒိန်းမတ်အသင်းနိုင်ငံတော်သီချင်းသီဆိုနေတုန်းမှာ

အင်္ဂလန်ပရိသတ်တွေက အော်ဟစ်လှောင်ပြောင်ခဲ့ကြသလို မီးရှူးမီးပန်းတွေပစ်ဖောက်ခဲ့တဲ့လုပ်ရပ်တွေကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ကို စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

UEFA အနေနဲ့ အဲဒီအဖြစ်အပျက်တွေအပေါ် စစ်ဆေးမှုပြုလုပ်သွားမှာဖြစ်ပြီး ဘယ်လိုပြစ်ဒဏ်မျိုးချမှတ်မလဲဆိုတာ မသိရသေးပေမယ့် အနည်းဆုံးပြစ်ဒဏ်အဖြစ် ဒဏ်ငွေချမှတ်သွားဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရွမိုက္ကယ္ရဲ႕မ်က္ႏွာကို ေလဆာနဲ႔ ထိုးခဲ့တဲ့ပရိသတ္လုပ္ရပ္ေၾကာင့္ အဂၤလန္ စြဲခ်က္တင္ခံထားရ

ဒိန္းမတ္နဲ႔ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲမွာ အဂၤလန္အသင္းတိုက္စစ္မႉးဟယ္ရီကိန္း ပယ္နယ္တီမကန္ခင္ ဒိန္းမတ္ဂိုးသမားကက္စ္ပါရွမိုက္ကယ္ရဲ႕ မ်က္ႏွာကို “Laser Pointer”နဲ႔ထိုးၿပီး အေႏွာင့္အယွက္ေပးခဲ့တဲ့ ပရိသတ္တစ္ဦးရဲ႕လုပ္ရပ္နဲ႔ပတ္သက္လို႔ UEFA က စစ္ေဆးမႈေတြျပဳလုပ္သြားမွာျဖစ္ပါတယ္။ အဂၤလန္အသင္းက (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ စတာလင္ေၾကာင့္ရခဲ့တဲ့ အျငင္းပြားစရာပယ္နယ္တီကေန ဟယ္ရီကိန္း ကန္သြင္းဖို႔ျပင္ဆင္ေနတုန္းမွာ ပရိသတ္တစ္ဦးက ရွမိုက္ကယ္ရဲ႕မ်က္ႏွာကို “Laser Pointer”နဲ႔ထိုးၿပီးအေႏွာင့္အယွက္ေပးခဲ့တာပါ။ ရွမိုက္ကယ္ဟာ ဟယ္ရီကိန္းရဲ႕ ပယ္နယ္တီကို ကာကြယ္ႏိုင္ခဲ့ေပမယ့္ ေဘာလုံးက ဟယ္ရီကိန္းေရွ႕ျပန္ေရာက္သြားတာေၾကာင့္ ေနာက္တစ္ႀကိမ္မကာကြယ္ႏိုင္ေတာ့ဘဲ ဂိုးေပးလိုက္ရတာျဖစ္ပါတယ္။

အခ်ိန္ပိုမိနစ္(၃၀)မစခင္ကတည္းက ကြင္းလယ္ဒိုင္ျဖစ္တဲ့ မက္ခီလီက ပြဲၾကည့္စင္ထဲမွာ “Laser Pointer”အသုံးျပဳေနတာနဲ႔ပတ္သက္ၿပီး က်န္တဲ့ဒိုင္လူႀကီးအဖြဲ႕ဝင္ေတြကို အသိေပးခဲ့တာကိုလည္းေတြ႕ခဲ့ရပါတယ္။ အဂၤလန္နာမည္ေက်ာ္ကစားသမားေဟာင္း ေကာ္လီမိုးက အဂၤလန္ပရိသတ္ေတြရဲ႕လုပ္ရပ္ကို ေဝဖန္ခဲ့ၿပီး အဲဒီလုပ္ရပ္က်ဴးလြန္သူကို ေဘာလုံးပြဲၾကည့္ခြင့္ရာသက္ပန္ပိတ္သင့္တယ္လို႔ သူ႔ရဲ႕ Twitter မွာ ေရးသားခဲ့ပါတယ္။

UEFA ဟာ ရွမိုက္ကယ္ရဲ႕မ်က္ႏွာကို “Laser Pointer”နဲ႔ထိုးခဲ့တဲ့ျဖစ္ရပ္အျပင္ ပြဲမစခင္ ဒိန္းမတ္အသင္းႏိုင္ငံေတာ္သီခ်င္းသီဆိုေနတုန္းမွာ အဂၤလန္ပရိသတ္ေတြက ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၾကသလို မီးရႉးမီးပန္းေတြပစ္ေဖာက္ခဲ့တဲ့လုပ္ရပ္ေတြေၾကာင့္ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္(FA)ကို စြဲခ်က္တင္ခဲ့တာျဖစ္ပါတယ္။ UEFA အေနနဲ႔ အဲဒီအျဖစ္အပ်က္ေတြအေပၚ စစ္ေဆးမႈျပဳလုပ္သြားမွာျဖစ္ၿပီး ဘယ္လိုျပစ္ဒဏ္မ်ိဳးခ်မွတ္မလဲဆိုတာ မသိရေသးေပမယ့္ အနည္းဆုံးျပစ္ဒဏ္အျဖစ္ ဒဏ္ေငြခ်မွတ္သြားဖို႔ရွိေနပါၿပီ။