ရှက်ဖီးလ်နဲ့ပွဲမှာ ဂိုးသွင်းပြီး ကွင်းထဲမှာ လက်၃ချောင်း ထောင်ပြခဲ့တဲ့ ဂါရတ်ဘေးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းရဲ့ တောင်ပံတိုက်စစ်မှုး ဂါရတ်ဘေးလ်ဟာ တန်းဆင်းသွားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြပြီး ဟက်ထရစ် ၃ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

၂၀၁၂ခုနှစ်တုန်းက စပါးအတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီးနောက်ပိုင်း ၉ နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ဘေးလ်က ပရီးမီးယားလိဂ်မှာ ဟက်ထရစ် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၄ ဂိုးပြတ် အနိုင်ရခဲ့တဲ့ စပါးအတွက် နောက်ထပ်တစ်ဂိုးကိုတော့ ဆွန်ဟောင်မင်က သွင်းယူခဲ့ပြီး ဒီပွဲမှာ နည်းပြရိုင်ယန်မေဆင်က တိုက်စစ်မှာ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ ဘေးလ်၊ အလီ နဲ့ လိုဆယ်ဆိုတို့ကို ထားရှိကစားသွားခဲ့ပါတယ်။

နည်းပြမော်ရင်ဟိုကို ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း စပါးဟာ ပရီးမီးယားလိဂ်မှာ ၂ပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး အဆင့်၅ နေရာကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် နောက်ဆုံးပွဲစဉ်အထိ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် မျှော်လင့်နေနိုင်ဖို့ရှိလာမှာပါ။

ဂါရတ်ဘေးလ်က “ကျွန်တော်တို့ ရှေ့ကို ပိုပြီးလှမ်းနိုင်ခဲ့တာပါ၊ ကျွန်တော်တို့ရည်မှန်းချက်နဲ့ ပိုပြီးနီးကပ်လာနေပြီး ဂိုးတွေလည်း အများကြီးသွင်းယူနိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့က တော့တင်ဟမ်စပါးအသင်းရဲ့နည်းလမ်းအတိုင်း ကစားသွားခဲ့တာပါ” လို့ ပွဲအပြီးမှာပြောဆိုခဲ့ပါတယ်။

ဂါရတ်ဘေးလ်ပြောတဲ့ တော့တင်ဟမ်စပါးအသင်းရဲ့ နည်းလမ်းအတိုင်း ကစားသွားတာပါဆိုတဲ့ စကားဟာ နည်းပြဟောင်းမော်ရင်ဟိုလက်ထက်မှာ တိုက်စစ်ကို စိတ်ကြိုက်ကစားခွင့်မရခဲ့တဲ့ အခြေအနေကို ဘေးလ်က ရည်ရွယ်ပြောဆိုခဲ့တာဖြစ်ပြီး

အမှတ်ပေးပွဲနောက်ဆုံး ၂ပွဲမှာ ၆ဂိုးအထိ စပါးက သွင်းယူနိုင်ခဲ့ပြီး မော်ရင်ဟိုလက်ထက် နောက်ဆုံး ၃ပွဲပေါင်း သွင်းဂိုးတွေထက် ၁ဂိုးပိုများနေခဲ့တာဖြစ်ပါတယ်။

ထူးခြားချက်ကတော့ ရိုင်ယန်မေဆင်လက်ထက်မှာ စပါးအတွက် ဂိုးသွင်းပေးထားသူက နှစ်ဦးတည်းသာရှိထားပြီး ဆောက်သမ်တန်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာတုန်းကလည်း ဘေးလ်နဲ့ ဆွန်ဟောင်မင်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာလည်း သူတို့နှစ်ဦးတည်းသာ ဂိုးသွင်းယူခဲ့မှုဖြစ်ပြီး ဟယ်ရီကိန်း ဂိုးမသွင်းနိုင်သေးပါဘူး။

ဒီရာသီကုန်မှာ စပါးနဲ့အငှားစာချုပ်ပြည့်တော့မှာဖြစ်တဲ့ ဂါရတ်ဘေးလ်ကို ဆက်လက်ခေါ်ယူမှာလား၊ ရီးရဲလ်ကို ပြန်သွားရမှာလားဆိုတာကိုတော့ နည်းပြ ရိုင်ယန်မေဆင်က ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရွက္ဖီးလ္နဲ႔ပြဲမွာ ဂိုးသြင္းၿပီး ကြင္းထဲမွာ လက္၃ေခ်ာင္း ေထာင္ျပခဲ့တဲ့ ဂါရတ္ေဘးလ္

စပါးအသင္းရဲ႕ ေတာင္ပံတိုက္စစ္မႈး ဂါရတ္ေဘးလ္ဟာ တန္းဆင္းသြားခဲ့တဲ့ ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲစဥ္မွာ အသင္းအတြက္ ေျခစြမ္းျပၿပီး ဟက္ထရစ္ ၃ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။
၂၀၁၂ခုႏွစ္တုန္းက စပါးအတြက္ ဟက္ထရစ္ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ပိုင္း ၉ ႏွစ္အၾကာမွာ ပထမဆုံးအႀကိမ္အျဖစ္ ေဘးလ္က ပရီးမီးယားလိဂ္မွာ ဟက္ထရစ္ ရယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

၄ဂိုးျပတ္ အႏိုင္ရခဲ့တဲ့ စပါးအတြက္ ေနာက္ထပ္တစ္ဂိုးကိုေတာ့ ဆြန္ေဟာင္မင္က သြင္းယူခဲ့ၿပီး ဒီပြဲမွာ နည္းျပ႐ိုင္ယန္ေမဆင္က တိုက္စစ္မွာ ဟယ္ရီကိန္း၊ ဆြန္ေဟာင္မင္၊ ေဘးလ္၊ အလီ နဲ႔ လိုဆယ္ဆိုတို႔ကို ထားရွိကစားသြားခဲ့ပါတယ္။

နည္းျပေမာ္ရင္ဟိုကို ထုတ္ပယ္ခဲ့ၿပီးေနာက္ပိုင္း စပါးဟာ ပရီးမီးယားလိဂ္မွာ ၂ပြဲဆက္တိုက္ႏိုင္ပြဲရရွိခဲ့တာျဖစ္ၿပီး အဆင့္၅ ေနရာကို တက္လွမ္းႏိုင္ခဲ့တဲ့အတြက္ ေနာက္ဆုံးပြဲစဥ္အထိ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာအတြက္ ေမွ်ာ္လင့္ေနႏိုင္ဖို႔ရွိလာမွာပါ။

ဂါရတ္ေဘးလ္က “ကြၽန္ေတာ္တို႔ ေရွ႕ကို ပိုၿပီးလွမ္းႏိုင္ခဲ့တာပါ၊ ကြၽန္ေတာ္တို႔ရည္မွန္းခ်က္နဲ႔ ပိုၿပီးနီးကပ္လာေနၿပီး ဂိုးေတြလည္း အမ်ားႀကီးသြင္းယူႏိုင္ခဲ့ပါတယ္၊ ကြၽန္ေတာ္တို႔က ေတာ့တင္ဟမ္စပါးအသင္းရဲ႕နည္းလမ္းအတိုင္း ကစားသြားခဲ့တာပါ” လို႔ ပြဲအၿပီးမွာေျပာဆိုခဲ့ပါတယ္။

ဂါရတ္ေဘးလ္ေျပာတဲ့ ေတာ့တင္ဟမ္စပါးအသင္းရဲ႕ နည္းလမ္းအတိုင္း ကစားသြားတာပါဆိုတဲ့ စကားဟာ နည္းျပေဟာင္းေမာ္ရင္ဟိုလက္ထက္မွာ တိုက္စစ္ကို စိတ္ႀကိဳက္ကစားခြင့္မရခဲ့တဲ့ အေျခအေနကို ေဘးလ္က ရည္႐ြယ္ေျပာဆိုခဲ့တာျဖစ္ၿပီး အမွတ္ေပးပြဲေနာက္ဆုံး ၂ပြဲမွာ ၆ဂိုးအထိ စပါးက သြင္းယူႏိုင္ခဲ့ၿပီး ေမာ္ရင္ဟိုလက္ထက္ ေနာက္ဆုံး ၃ပြဲေပါင္း သြင္းဂိုးေတြထက္ ၁ဂိုးပိုမ်ားေနခဲ့တာျဖစ္ပါတယ္။

ထူးျခားခ်က္ကေတာ့ ႐ိုင္ယန္ေမဆင္လက္ထက္မွာ စပါးအတြက္ ဂိုးသြင္းေပးထားသူက ႏွစ္ဦးတည္းသာရွိထားၿပီး ေဆာက္သမ္တန္ကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာတုန္းကလည္း ေဘးလ္နဲ႔ ဆြန္ေဟာင္မင္တို႔က တစ္ဂိုးစီသြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာလည္း သူတို႔ႏွစ္ဦးတည္းသာ ဂိုးသြင္းယူခဲ့မႈျဖစ္ၿပီး ဟယ္ရီကိန္း ဂိုးမသြင္းႏိုင္ေသးပါဘူး။

ဒီရာသီကုန္မွာ စပါးနဲ႔အငွားစာခ်ဳပ္ျပည့္ေတာ့မွာျဖစ္တဲ့ ဂါရတ္ေဘးလ္ကို ဆက္လက္ေခၚယူမွာလား၊ ရီးရဲလ္ကို ျပန္သြားရမွာလားဆိုတာကိုေတာ့ နည္းျပ ႐ိုင္ယန္ေမဆင္က ေျပာဆိုဖို႔ ျငင္းဆန္ခဲ့ပါတယ္။