

ဒီတစ်ပတ် ရှက်ဖီးယူနိုက်တက်နဲ့ကစားရမယ့် မန်ယူအသင်းအတွက် သတင်းကောင်းတွေ ထွက်ပေါ်လာတယ်လို့ ဗြိတန်မီဒီယာတွေက ရေးသားနေကြပါတယ်။ပထမဆုံး အကြောင်းအရာကတော့ တန်းတက်ရှက်ဖီးအတွက် လက်စွမ်းပြနေတဲ့ ဂိုးသမားဟန်ဒါဆန်ပါဝင်နိုင်မှာမဟုတ်တာပါပဲ။ဟန်ဒါဆန်ဟာ မန်ယူကနေ ရှက်ဖီးမှာ မနှစ်ကတည်းက အငှားနဲ့သွားကစားပြီး လက်စွမ်းပြနေသူဖြစ်ပါတယ်။သူ့ရဲ့ဒီရာသီ စွမ်းဆောင်မှုဟာ မန်ယူဂိုးသမားဒီဂီယာထက်တောင် ပိုကောင်းနေတယ်လို့ အချက်အလက်တွေက ဖေါ်ပြထားပါတယ်။

ဟန်ဒါဆန်ဟာ ဂိုးမပေးရတဲ့ပွဲ (clean sheet ) ၅ပွဲရအောင်စွမ်းဆောင်ထားပြီး ပရီးမီးယားလိဂ်မှာ သူ့ထက်စွမ်းဆောင်မှုပိုကောင်းတဲ့ဂိုးသမားဆိုလို့ မန်စီးတီးက အီဒါဆင်နဲ့လက်စတာကရှမိုက်ကယ်တို့ပဲရှိပါတော့တယ်။စုစုပေါင်း ဂိုးကာကွယ်မှုမှာ ၃၄ ကြိမ်နဲ့ ဒီဂီယာ(၃၃ကြိမ်)ထက်ပိုကောင်းနေတဲ့ ဟန်ဒါဆန်မပါဝင်နိုင်တဲ့အကြောင်းရင်းကတော့ အင်္ဂလန်ယူ-၂၁ အသင်းအတွက် ကစားပေးခဲ့လို့ပါပဲ။ပရီးမီးယားလိဂ်စည်းမျဉ်းအရ အင်္ဂလန်ယူ-၂၁ကစားသမားတွေဟာ မိခင်ကလပ်နဲ့ပွဲစဉ်တွေမှာ ပါဝင်ခွင့်မရှိပါဘူး။

မန်ယူအတွက် နောက်ထပ်သတင်းကောင်းတွေကတော့ လုခ်ရှော၊တူအန်ဇီဘီနဲ့မာတစ်တို့ ပြန်ကစားနိုင်ဖို့ရှိနေတာပါပဲ။လုခ်ရှောဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေခဲ့ရသူဖြစ်ပါတယ်။တူအန်ဇီဘီကတော့ လီဗာပူးနဲ့ပွဲမတိုင်ခင် လေ့ကျင့်ရေးအစီအစဉ်မှာ ပခုံးဒဏ်ရာရခဲ့သူပါ။မာတစ်ကလည်း အောက်တိုဘာလကတည်းက အသင်းရဲ့ပွဲစဉ်တွေနဲ့လွဲချော်ခဲ့ရသူဖြစ်ပါတယ်။

လက်ရှိမန်ယူအသင်းမှာ ဘိုင်လီ၊မန်ဆက်၊ဒါလော့နဲ့ပေါ့ဘာတို့ ဒဏ်ရာစာရင်းထဲရောက်နေတာကြောင့် အခုလို ကစားသမား ၃ယောက် လေ့ကျင့်ရေးပြန်ဆင်းနိုင်တာဟာ သတင်းကောင်းတစ်ရပ်ပါပဲ။ဒါ့အပြင် ပွဲပယ်ပြစ်ဒဏ်စေ့သွားပြီဖြစ်တဲ့ အသင်းခေါင်းဆောင်အက်ရှ်လေယန်းလည်း ရှက်ဖီးနဲ့ပွဲမှာ ပြန်လည်ပါဝင်လာဖို့ရှိနေပါတယ်။
(zawgyi)
ဒီတစ္ပတ္ ရွက္ဖီးယူႏိုက္တက္နဲ႔ကစားရမယ့္ မန္ယူအသင္းအတြက္ သတင္းေကာင္းေတြ ထြက္ေပၚလာတယ္လို႔ ၿဗိတန္မီဒီယာေတြက ေရးသားေနၾကပါတယ္။ပထမဆံုး အေၾကာင္းအရာကေတာ့ တန္းတက္ရွက္ဖီးအတြက္ လက္စြမ္းျပေနတဲ့ ဂိုးသမားဟန္ဒါဆန္ပါ၀င္ႏိုင္မွာမဟုတ္တာပါပဲ။ဟန္ဒါဆန္ဟာ မန္ယူကေန ရွက္ဖီးမွာ မႏွစ္ကတည္းက အငွားနဲ႔သြားကစားၿပီး လက္စြမ္းျပေနသူျဖစ္ပါတယ္။သူ႔ရဲ႕ဒီရာသီ စြမ္းေဆာင္မႈဟာ မန္ယူဂိုးသမားဒီဂီယာထက္ေတာင္ ပိုေကာင္းေနတယ္လို႔ အခ်က္အလက္ေတြက ေဖၚျပထားပါတယ္။ဟန္ဒါဆန္ဟာ ဂိုးမေပးရတဲ့ပြဲ (clean sheet ) ၅ပြဲရေအာင္စြမ္းေဆာင္ထားၿပီး ပရီးမီးယားလိဂ္မွာ သူ႔ထက္စြမ္းေဆာင္မႈပိုေကာင္းတဲ့ဂိုးသမားဆိုလို႔ မန္စီးတီးက အီဒါဆင္နဲ႔လက္စတာကရွမိုက္ကယ္တို႔ပဲရွိပါေတာ့တယ္။စုစုေပါင္း ဂိုးကာကြယ္မႈမွာ ၃၄ ႀကိမ္နဲ႔ ဒီဂီယာ(၃၃ႀကိမ္)ထက္ပိုေကာင္းေနတဲ့ ဟန္ဒါဆန္မပါ၀င္ႏိုင္တဲ့အေၾကာင္းရင္းကေတာ့ အဂၤလန္ယူ-၂၁ အသင္းအတြက္ ကစားေပးခဲ့လို႔ပါပဲ။ပရီးမီးယားလိဂ္စည္းမ်ဥ္းအရ အဂၤလန္ယူ-၂၁ကစားသမားေတြဟာ မိခင္ကလပ္နဲ႔ပြဲစဥ္ေတြမွာ ပါ၀င္ခြင့္မရွိပါဘူး။မန္ယူအတြက္ ေနာက္ထပ္သတင္းေကာင္းေတြကေတာ့ လုခ္ေရွာ၊တူအန္ဇီဘီနဲ႔မာတစ္တို႔ ျပန္ကစားႏိုင္ဖို႔ရွိေနတာပါပဲ။လုခ္ေရွာဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလကတည္းက တံေကာက္ေၾကာဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရသူျဖစ္ပါတယ္။တူအန္ဇီဘီကေတာ့ လီဗာပူးနဲ႔ပြဲမတိုင္ခင္ ေလ့က်င့္ေရးအစီအစဥ္မွာ ပခံုးဒဏ္ရာရခဲ့သူပါ။မာတစ္ကလည္း ေအာက္တိုဘာလကတည္းက အသင္းရဲ႕ပြဲစဥ္ေတြနဲ႔လြဲေခ်ာ္ခဲ့ရသူျဖစ္ပါတယ္။လက္ရွိမန္ယူအသင္းမွာ ဘိုင္လီ၊မန္ဆက္၊ဒါေလာ့နဲ႔ေပါ့ဘာတို႔ ဒဏ္ရာစာရင္းထဲေရာက္ေနတာေၾကာင့္ အခုလို ကစားသမား ၃ေယာက္ ေလ့က်င့္ေရးျပန္ဆင္းႏိုင္တာဟာ သတင္းေကာင္းတစ္ရပ္ပါပဲ။ဒါ့အျပင္ ပြဲပယ္ျပစ္ဒဏ္ေစ့သြားၿပီျဖစ္တဲ့ အသင္းေခါင္းေဆာင္အက္ရွ္ေလယန္းလည္း ရွက္ဖီးနဲ႔ပြဲမွာ ျပန္လည္ပါ၀င္လာဖို႔ရွိေနပါတယ္။