ရွှေဘောလုံးနဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဒ်

PC ; Internet

ကစားသမားတွေနဲ့ကလပ်အသင်းတွေဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တွန်းလှန်တားဆီးရေးလှုပ်ရှားမှုတွေမှာ ပိုပြီးတက်တက်ကြွကြွပါဝင်သင့်ပြီလို့ မန်ချက်စတာတက္ကသိုလ်က ပရော်ဖက်ဆာအန်ဒရူးဝဲလ်ဖလီက ပြောဆိုလိုက်ပါတယ်။သူဟာ ရာသီဥတုပြောင်းလဲမှုလေ့ လာစမ်းစစ်ရေးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။သိပ်မကြာခင်ကတွေ့ရှိထားတဲ့ စစ်တမ်းတစ်ရပ်အပေါ်အခြေခံပြီး အန်ဒရူးကတိုက်တွန်းလိုက်တာပါ။

PC ; Internet

၂၀၁၉ ရွှေဘောလုံးဆုဆန်ကာတင်စာရင်းမှာ ရွေးချယ်ခံထားရတဲ့ ကစားသမားအယောက် ၂၀ ရဲ့လေယဉ်ခရီးစဉ်တွေကနေ ဒီနှစ်ထွက်ပေါ်ခဲ့တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်(C02) ထုတ်လုပ်မှုပမာဏဟာ ၅၀၅ တန်ရှိနေတယ်လို့ တွေ့ရှိခဲ့ကြရလို့ပါပဲ။အထူးသဖြင့် ဥရောပအခြေစိုက်မဟုတ်တဲ့ ကစားသမားတွေဟာ သူတို့ရဲ့မိခင်နိုင်ငံအတွက်ကိုယ်စားပြုပေးပြီး ကလပ်အသင်းတွေဆီပြန်အလာမှာ လေယဉ်ခရီးစဉ်ကို ရှည်ကြာစွာအသုံးပြုခဲ့ရပါတယ်။

PC ; Internet

ဒီနေရာမှာ လေယဉ်အကြာဆုံး စီးခဲ့ရသူတွေကတော့ ပီအက်စ်ဂျီက ဘရာဇီးနောက်ခံလူမာကွင်ဟော့စ်၊လီဗာပူးတိုက်စစ်မှူးဖာမီနိုနဲ့စပါးတောင်ပံလူ ဆွန်ဟောင်မင်တို့ပါပဲ။မာကွင်ဟော့စ်က ၁၁၀၇၈၇ ကီလိုမီတာ၊ဖာမီနိုက ၉၇၉၀၇ ကီလိုမီတာ၊ဆွန်ဟောင်မင်က ၈၈၂၈၉ ကီလိုမီတာ ခရီးနှင်ခဲ့ကြရပါတယ်။

PC ; Internet

ရွှေဘောလုံးဆုအတွက် ဆန်ကာတင်စာရင်းထဲက ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ထုတ်လုပ်မှုပမာဏ အများဆုံးကစားသမားဟာ ၅၃.၅တန်ထုတ်လုပ်စေခဲ့တဲ့ မာကွင် ဟော့စ်ဖြစ်နေပါတယ်။ရွှေဘောလုံးဆုရဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ မက်ဆီက ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ၂၀.၉တန်၊ ဗန်ဒိုက်က ၁၆.၅တန်ထုတ်လုပ်ခဲ့ကြတယ်လို့ အဲဒီစစ်တမ်းကဖေါ်ပြထားပါတယ်။

(zawgyi)

ကစားသမားေတြနဲ႔ကလပ္အသင္းေတြဟာ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ တြန္းလွန္တားဆီးေရးလႈပ္ရွားမႈေတြမွာ ပိုၿပီးတက္တက္ၾကြၾကြပါဝင္သင့္ၿပီလို႔ မန္ခ်က္စတာတကၠသိုလ္က ပေရာ္ဖက္ဆာအန္ဒရူးဝဲလ္ဖလီက ေျပာဆိုလိုက္ပါတယ္။သူဟာ ရာသီဥတုေျပာင္းလဲမႈေလ့ လာစမ္းစစ္ေရးသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။သိပ္မၾကာခင္ကေတြ႔ရွိထားတဲ့ စစ္တမ္းတစ္ရပ္အေပၚအေျခခံၿပီး အန္ဒရူးကတိုက္တြန္းလိုက္တာပါ။၂၀၁၉ ေရႊေဘာလံုးဆုဆန္ကာတင္စာရင္းမွာ ေရြးခ်ယ္ခံထားရတဲ့ ကစားသမားအေယာက္ ၂၀ ရဲ႕ေလယဥ္ခရီးစဥ္ေတြကေန ဒီႏွစ္ထြက္ေပၚခဲ့တဲ့ ကာဗြန္ဒိုင္ေအာက္ဆိုက္ဒ္(C02) ထုတ္လုပ္မႈပမာဏဟာ ၅၀၅ တန္ရွိေနတယ္လို႔ ေတြ႔ရွိခဲ့ၾကရလို႔ပါပဲ။အထူးသျဖင့္ ဥေရာပအေျခစိုက္မဟုတ္တဲ့ ကစားသမားေတြဟာ သူတို႔ရဲ႕မိခင္ႏိုင္ငံအတြက္ကိုယ္စားျပဳေပးၿပီး ကလပ္အသင္းေတြဆီျပန္အလာမွာ ေလယဥ္ခရီးစဥ္ကို ရွည္ၾကာစြာအသံုးျပဳခဲ့ရပါတယ္။ဒီေနရာမွာ ေလယဥ္အၾကာဆံုး စီးခဲ့ရသူေတြကေတာ့ ပီအက္စ္ဂ်ီက ဘရာဇီးေနာက္ခံလူမာကြင္ေဟာ့စ္၊လီဗာပူးတိုက္စစ္မွဴးဖာမီႏိုနဲ႔စပါးေတာင္ပံလူ ဆြန္ေဟာင္မင္တို႔ပါပဲ။မာကြင္ေဟာ့စ္က ၁၁၀၇၈၇ ကီလိုမီတာ၊ဖာမီႏိုက ၉၇၉၀၇ ကီလိုမီတာ၊ဆြန္ေဟာင္မင္က ၈၈၂၈၉ ကီလိုမီတာ ခရီးႏွင္ခဲ့ၾကရပါတယ္။ေရႊေဘာလံုးဆုအတြက္ ဆန္ကာတင္စာရင္းထဲက ကာဗြန္ဒိုင္ေအာက္ဆိုက္ဒ္ထုတ္လုပ္မႈပမာဏ အမ်ားဆံုးကစားသမားဟာ ၅၃.၅တန္ထုတ္လုပ္ေစခဲ့တဲ့ မာကြင္ ေဟာ့စ္ျဖစ္ေနပါတယ္။ေရႊေဘာလံုးဆုရဖို႔ ေရပန္းအစားဆံုးျဖစ္ေနတဲ့ မက္ဆီက ကာဗြန္ဒိုင္ေအာက္ဆိုက္ဒ္ ၂၀.၉တန္၊ ဗန္ဒိုက္က ၁၆.၅တန္ထုတ္လုပ္ခဲ့ၾကတယ္လို႔ အဲဒီစစ္တမ္းကေဖၚျပထားပါတယ္။