ရွှေဘောလုံးဆု ဆန်ခါတင်စာရင်းမှာ ပါဝင်နိုင်ပေမယ့် မက်ဆီနဲ့စီရော်နယ်ဒိုကိုမီဖို့ ကြိုးစားရဦးမယ်လို့ စတာလင်းဖွင့်

PC ; Getty

ရွှေဘောလုံးဆု(Ballon d’Or)ဆန်ခါတင် ၃၀ဦး စာရင်းမှာ ပါဝင်နိုင်ခဲ့ပေမယ့် ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊စီရော်နယ်ဒိုတို့နဲ့တန်းတူဖြစ်ဖို့တော့ အလှမ်းကွာလွန်းနေသေးတယ်လို့ မန်စီးတီးတိုက်စစ်မှူးစတာလင်းက ဝန်ခံလိုက်ပါတယ်။အင်္ဂလန်တိုက်စစ်မှူးက သူ့အနေနဲ့ဂိုးပေါက်ရှေ့မှာ ဒီထက်အဆုံးသတ်ပိုကောင်းဖို့ကြိုးစားရဦးမှာဖြစ်သလို လာမယ့် ၁၅နှစ်အတွင်းလောက်မှာ တစ်ရာသီကို ဂိုး ၅၀၊၆၀ လောက်သွင်းနိုင်မှသာ အာဂျင်တီးနားသား၊ပေါ်တူဂီအသင်းခေါင်းဆောင်တို့နဲ့ ခိုင်းနှိုင်းခံရလိမ့်မယ်လို့ ယုံကြည်နေတာပါ။

PC ; Internet

မန်စီးတီးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ်မှာ ကလပ်နဲ့နိုင်ငံအသင်းအတွက် ဂိုးပေါင်း ၃၂ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့နောက် ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးတွေနဲ့ နှိုင်းယှဉ်ချီးကျူးတာမျိုးခံလာခဲ့ရပါတယ်။ဒါပေမဲ့ ကာယကံရှင်ကတော့ “ တကယ်လို့ကျွန်တော်ဟာ လာမယ့် ၁၅နှစ်အတွင်းမှာ တစ်နှစ်ကို ဂိုး၅၀ကနေ ၆၀အထိသွင်းနိုင်ပြီဆိုရင် ခင်ဗျားတို့ဘက်က ဒီအကြောင်းကိုပြောလို့ရပါပြီ။ အခုအချိန်မှာတော့ မက်ဆီ၊ စီရော်နယ်ဒိုတို့ကို ကျွန်တော်နဲ့နှိုင်းယှဉ်ပြောလို့မရသေးပါဘူး။ ကျွန်တော့်ဘက်ကလည်း ဒါကိုမကြားချင်ပါဘူး။

PC ; Getty

ကျွန်တော့်ရဲ့တန်ဖိုး ဘယ်လောက်ရှိတယ်ဆိုတာကိုမသိသလို ပြောလည်းမပြောချင်ပါဘူး။ သူတို့ နှစ်ယောက်ကတော့ ၁၅နှစ်အတွင်းမှာ အရာအားလုံးလုပ်ပြပြီးသားဖြစ်နေပါပြီ။ အဲ့ဒီလိုဖြစ်ဖို့ ကာလရှည်ဆက်သွားရဦးမှာပါ။ ဒါပေမယ့် ကျွန်တော့်ဘက်ကတိုးတက်မှုတွေရှိနေသလို နှစ်တိုင်းမှာ ကျွန်တော့်ရဲ့ကိန်းဂဏန်းတွေ ပိုကောင်းလာဖို့ကိုအလိုရှိနေပါတယ်။ တကယ်လို့ ၁၀နှစ်ကနေ ၁၅နှစ်အတွင်း အဲ့ဒီလိုပုံစံလုပ်နိုင်ပြီဆိုရင်တော့ အဆင်ပြေသွားပါပြီ။ အခုကတော့အစောပိုင်းနေ့ရက်တွေမှာပဲရှိပါသေးတယ် ” လို့ ဖွင့်ဟသွားတာပါ။

(zawgyi)

ေရႊေဘာလံုးဆု(Ballon d’Or)ဆန္ခါတင္ ၃၀ဦး စာရင္းမွာ ပါ၀င္ႏိုင္ခဲ့ေပမယ့္ ၾကယ္ပြင့္ကစားသမားေတြျဖစ္တဲ့ မက္ဆီ၊စီေရာ္နယ္ဒိုတုိ႔နဲ႔တန္းတူျဖစ္ဖို႔ေတာ့ အလွမ္းကြာလြန္းေနေသးတယ္လို႔ မန္စီးတီးတိုက္စစ္မွဴးစတာလင္းက ၀န္ခံလိုက္ပါတယ္။အဂၤလန္တိုက္စစ္မွဴးက သူ႔အေနနဲ႔ဂိုးေပါက္ေရွ႔မွာ ဒီထက္အဆံုးသတ္ပိုေကာင္းဖို႔ႀကိဳးစားရဦးမွာျဖစ္သလို လာမယ့္ ၁၅ႏွစ္အတြင္းေလာက္မွာ တစ္ရာသီကို ဂိုး ၅၀၊၆၀ ေလာက္သြင္းႏိုင္မွသာ အာဂ်င္တီးနားသား၊ေပၚတူဂီအသင္းေခါင္းေဆာင္တို႔နဲ႔ ခိုင္းႏိႈင္းခံရလိမ့္မယ္လို႔ ယံုၾကည္ေနတာပါ။မန္စီးတီးတိုက္စစ္မွဴးဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ကလပ္နဲ႔ႏိုင္ငံအသင္းအတြက္ ဂိုးေပါင္း ၃၂ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တဲ့ေနာက္ ကမာၻ႔ထိပ္တန္းတိုက္စစ္မွဴးေတြနဲ႔ ႏႈိင္းယွဥ္ခ်ီးက်ဴးတာမ်ိဳးခံလာခဲ့ရပါတယ္။ဒါေပမဲ့ ကာယကံရွင္ကေတာ့ “ တကယ္လို႔ကၽြန္ေတာ္ဟာ လာမယ့္ ၁၅ႏွစ္အတြင္းမွာ တစ္ႏွစ္ကို ဂိုး၅၀ကေန ၆၀အထိသြင္းႏိုင္ျပီဆိုရင္ ခင္ဗ်ားတို႔ဘက္က ဒီအေၾကာင္းကိုေျပာလို႔ရပါျပီ။ အခုအခ်ိန္မွာေတာ့ မက္ဆီ၊ စီေရာ္နယ္ဒိုတို႔ကို ကၽြန္ေတာ္နဲ႔ႏိႈင္းယွဥ္ေျပာလို႔မရေသးပါဘူး။ ကၽြန္ေတာ့္ဘက္ကလည္း ဒါကိုမၾကားခ်င္ပါဘူး။ ကၽြန္ေတာ့္ရဲ႔တန္ဖိုး ဘယ္ေလာက္ရွိတယ္ဆိုတာကိုမသိသလို ေျပာလည္းမေျပာခ်င္ပါဘူး။ သူတို႔ ႏွစ္ေယာက္ကေတာ့ ၁၅ႏွစ္အတြင္းမွာ အရာအားလံုးလုပ္ျပျပီးသားျဖစ္ေနပါျပီ။ အဲ့ဒီလိုျဖစ္ဖို႔ ကာလရွည္ဆက္သြားရဦးမွာပါ။ ဒါေပမယ့္ ကၽြန္ေတာ့္ဘက္ကတိုးတက္မႈေတြရွိေနသလို ႏွစ္တိုင္းမွာ ကၽြန္ေတာ့္ရဲ႔ကိန္းဂဏန္းေတြ ပိုေကာင္းလာဖို႔ကိုအလိုရွိေနပါတယ္။ တကယ္လို႔ ၁၀ႏွစ္ကေန ၁၅ႏွစ္အတြင္း အဲ့ဒီလိုပံုစံလုပ္ႏိုင္ျပီဆိုရင္ေတာ့ အဆင္ေျပသြားပါျပီ။ အခုကေတာ ့အေစာပိုင္းေန႔ရက္ေတြမွာပဲရွိပါေသးတယ္ ” လို႔ ဖြင့္ဟသြားတာပါ။