ရွှေဘောလုံးဆုကို ဗန်ဒိုက်ပဲရသင့်တယ်လို့ ဂျာဂင်ကလော့ပ်တစ်ပေး

PC ; Internet

ဒီဇင်ဘာ ၂ရက်နေ့မှာ ပေးအပ်ချီးမြှင့်မယ့် ဥရောပရွှေဘောလုံးဆု(Ballon d’Or )ပေးပွဲမှာ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီကို ဗန်ဒိုက်ကျော်ဖြတ်အနိုင်ရလိမ့်မယ်လို့ လီဗာပူးနည်းပြ ကလော့ပ်က ထောက်ခံပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလမှာ ဆန်ခါတင်ကစားသမား ၃၀ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီးတဲ့နောက် ဒီဆုအတွက် မက်ဆီနဲ့ ဗန်ဒိုက်တို့ရေပန်းအစားဆုံးဖြစ်နေသလို ပြီးခဲ့တဲ့ရာသီစွမ်းဆောင်ရည်အတိုင်းရွေးချယ်မယ်ဆိုရင် ဗန်ဒိုက်သာအနိုင်ရလိမ့်မယ်လို့ လီဗာပူးနည်းပြက ဆိုခဲ့တာပါ။

PC ; Internet

ဆန်ခါတင်စာရင်းမှာ လီဗာပူးကစားသမားတွေဖြစ်တဲ့ မာနေး၊ ဆာလက်၊ အလစ်ဆန်၊ ဝစ်ရှ်နယ်ဒန်နဲ့ ဖာမီနိုတို့ပါဝင်နေပေမယ့် ၂၀၁၉ခုနှစ်အတွက်အဓိကရွေးချယ်တဲ့ ဒီဆုကို ဗန်ဒိုက်သာရသင့်တယ်လို့ ကလော့ပ်ကထင်ကြေးပေးလိုက်ပါတယ်။

PC ; Internet

“ တကယ်လို့ Ballon d’Or ဆုကို လက်ရှိမျိုးဆက်ရဲ့အကောင်းဆုံးကစားသမားကိုသာပေးမယ်ဆိုရင် မက်ဆီပဲအမြဲတမ်းရနေမှာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီအတွင်း အကောင်းဆုံးကစားသမားကိုပေးမယ်ဆိုရင်တော့ ဒါဟာဗန်ဒိုက်အတွက်ဖြစ်လာမှာပါ။ သူတို့ဘယ်လိုရွေးချယ်ကြမယ်ဆိုတာကို အတိအကျမသိလို့ ဘာတွေဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမှာပါ။ အားလုံးထဲက အကောင်းဆုံးဆိုရင်တော့ မက်ဆီ၊ ပြီးခဲ့တဲ့ရာသီအတွက်အကောင်းဆုံးဆိုရင်တော့ ဗန်ဒိုက်ပါ။ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့ ” လို့ဆိုခဲ့ပါတယ်။

PC ; Internet

Ballon d’Or ဆုအတွက် ဘွတ်ကီဒိုင်တွေရဲ့အလေးပေးချက်မှာ ဗန်ဒိုက်ကထိပ်ဆုံးမှာရှိနေပြီး မက်ဆီနဲ့ စီရော်နယ်ဒိုတို့က အစဉ်လိုက်ရပ်တည်နေသလို သူတို့ ၃ဦးရဲ့နောက်မှာ မာနေးနဲ့စတာလင်းတို့လိုကစားသမားတွေရှိနေပါတယ်။

(zawgyi)

ဒီဇင္ဘာ ၂ရက္ေန႔မွာ ေပးအပ္ခ်ီးျမွင့္မယ့္ ဥေရာပေရႊေဘာလံုးဆု(Ballon d’Or )ေပးပြဲမွာ ဘာစီလိုနာတိုက္စစ္မွဴးမက္ဆီကို ဗန္ဒိုက္ေက်ာ္ျဖတ္အႏိုင္ရလိမ့္မယ္လို႔ လီဗာပူးနည္းျပ ကေလာ့ပ္က ေထာက္ခံေပးလိုက္ပါတယ္။ ျပီးခဲ့တဲ့ေအာက္တိုဘာလမွာ ဆန္ခါတင္ကစားသမား ၃၀ဦးစာရင္းကို ထုတ္ျပန္ေၾကညာခဲ့ျပီးတဲ့ေနာက္ ဒီဆုအတြက္ မက္ဆီနဲ႔ ဗန္ဒိုက္တို႔ေရပန္းအစားဆံုးျဖစ္ေနသလို ျပီးခဲ့တဲ့ရာသီစြမ္းေဆာင္ရည္အတိုင္းေရြးခ်ယ္မယ္ဆိုရင္ ဗန္ဒိုက္သာအႏိုင္ရလိမ့္မယ္လို႔ လီဗာပူးနည္းျပက ဆိုခဲ့တာပါ။ ဆန္ခါတင္စာရင္းမွာ လီဗာပူးကစားသမားေတြျဖစ္တဲ့ မာေနး၊ ဆာလက္၊ အလစ္ဆန္၊ ၀စ္ရွ္နယ္ဒန္နဲ႔ ဖာမီႏိုတို႔ပါ၀င္ေနေပမယ့္ ၂၀၁၉ခုႏွစ္အတြက္အဓိကေရြးခ်ယ္တဲ့ ဒီဆုကို ဗန္ဒိုက္သာရသင့္တယ္လို႔ ကေလာ့ပ္ကထင္ေၾကးေပးလိုက္ပါတယ္။ “ တကယ္လို႔ Ballon d’Or ဆုကို လက္ရွိမ်ိဳးဆက္ရဲ႕အေကာင္းဆံုးကစားသမားကိုသာေပးမယ္ဆိုရင္ မက္ဆီပဲအၿမဲတမ္းရေနမွာပါ။ ဒါေပမယ့္ ျပီးခဲ့တဲ့ရာသီအတြင္း အေကာင္းဆံုးကစားသမားကိုေပးမယ္ဆိုရင္ေတာ့ ဒါဟာဗန္ဒိုက္အတြက္ျဖစ္လာမွာပါ။ သူတို႔ဘယ္လိုေရြးခ်ယ္ၾကမယ္ဆိုတာကို အတိအက်မသိလို႔ ဘာေတြျဖစ္လာမလဲဆိုတာေစာင့္ၾကည့္ရမွာပါ။ အားလံုးထဲက အေကာင္းဆံုးဆိုရင္ေတာ့ မက္ဆီ၊ ျပီးခဲ့တဲ့ရာသီအတြက္အေကာင္းဆံုးဆိုရင္ေတာ့ ဗန္ဒိုက္ပါ။ ကၽြန္ေတာ္တို႔ ေစာင့္ၾကည့့္ၾကတာေပါ့ ” လို႔ဆိုခဲ့ပါတယ္။ Ballon d’Or ဆုအတြက္ ဘြတ္ကီဒိုင္ေတြရဲ႔အေလးေပးခ်က္မွာ ဗန္ဒိုက္ကထိပ္ဆံုးမွာရွိေနျပီး မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔က အစဥ္လိုက္ရပ္တည္ေနသလို သူတို႔ ၃ဦးရဲ႕ေနာက္မွာ မာေနးနဲ႔စတာလင္းတို႔လိုကစားသမားေတြရွိေနပါတယ္။