
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူရို ၂၀၂၀ ပြိုင်ပွဲကတော့တဖြည်းဖြည်း ဇာတ်ရှိန်တက်လာပြီး ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိဖို့ ဒီနေ့တစ်ရက်တည်းသာ လိုပါတော့တယ်။
လက်ရှိမှာ အီတလီအသင်းနဲ့ စပိန်အသင်းတို့ဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။
ဒီနေ့မှာတော့ အင်္ဂလန်-ယူကရိန်း၊ ချက်-ဒိန်းမတ်တို့ ဆက်လက်ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
အခုအချိန်အထိ ယူရိုပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုက ရပ်တည်နေပါတယ်။
ထိပ်တန်းကစားသမား ရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပေမယ့် သူက ၅ ဂိုးသွင်းယူကာ ရွှေဖိနပ် ရယူရေးပြိုင်ပွဲမှာ ထိပ်ဆုံးကရပ်တည်နေတာဖြစ်ပြီး ရော်နယ်ဒိုကိုအနီးကပ်ဆုံးဖိအားပေးနေသူကတော့ ချက်တိုက်စစ်မှူးရှရစ်ပဲဖြစ်ပါတယ်။
ရှရစ်က ၄ ဂိုးသွင်းယူထားပြီး ဆက်လက်ကာ ယူရိုပွဲကစားဖို့ရှိနေသေးတာကြောင့် ရော်နယ်ဒိုရဲ့ ဂိုးသွင်းနှုန်းကို ကျော်တက်နိုင်ခြေရှိနေပါတယ်။
ရှရစ်လို ၄ ဂိုးသွင်းယူထားတဲ့ အခြား ကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာ၊ လူကာကူ၊ ဖော့ဘာ့ဂျ်တို့ကတော့ ယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။
ဒါကြောင့် ရှရစ်က အနီးကပ်ဆုံး ဖိအားပေးနိုင်တဲ့သူပါ။
၃ဂိုးသွင်းထားပြီး စီရော်နယ်ဒိုကို ကျော်တက်နိုင်ခြေရှိတဲ့ ကစားသမားလည်း ရှိပါတယ်။
၃ ဂိုးသွင်းယူထားသူတွေထဲမှာတော့ စတာလင်တစ်ဦးတည်းသာ ဆက်လက်ကစားဖို့ ရှိနေတာဖြစ်ပါတယ်။
ရော်နယ်ဒိုအတွက် နည်းနည်းအားသာချက်ရှိပါသေးတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၅ ဂိုးသွင်းပြီး ဂိုး ၁ ကြိမ်ဖန်တီးပေးထားသူဖြစ်ပြီး ရှရစ် နဲ့ စတာလင်တို့ကတော့ ဂိုး ဖန်တီးပေးထားနိုင်ခြင်းမရှိလို့ ပေါ်တူဂီကြယ်ပွင့်အတွက် အနည်းငယ်တော့အလေးသာနေဆဲဖြစ်ပါတယ်။
ဒီနေ့ကစားမယ့်ပွဲတွေမှာသာ အဲဒီကစားသမားနှစ်ဦး ဂိုးမသွင်းနိုင်ခဲ့ပါက ရွှေဖိနပ်ဆုအတွက် ရော်နယ်ဒိုဟာ ပိုမိုအခွင့်အလမ်းသာမှာ ဖြစ်ပြီး ထိပ်ဆုံးက ကျွန်တော် အဖြစ် ဆက်လက်ရပ်တည် နိုင်ပါမယ်။
ယူရိုပွဲမှာ ဆုဖလား ဘယ်အသင်း ရမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းသလို၊ ရွှေဖိနပ်ဆုကလည်း ဘယ်ကစားသမားနဲ့ ထိုက်တန်မလဲဆိုတာ ရင်ခုန်စရာကောင်းပါတယ်။
Zawgyi
ေ႐ႊဖိနပ္လုပြဲမွာ ေရာ္နယ္ဒိုကို ေက်ာ္လႊားႏိုင္ေျခရွိသူ ၂ ေယာက္
ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကေတာ့တျဖည္းျဖည္း ဇာတ္ရွိန္တက္လာၿပီး ဆီမီးဖိုင္နယ္အဆင့္ကို ေရာက္ရွိဖို႔ ဒီေန႔တစ္ရက္တည္းသာ လိုပါေတာ့တယ္။ လက္ရွိမွာ အီတလီအသင္းနဲ႔ စပိန္အသင္းတို႔ဟာ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ခဲ့ၿပီျဖစ္ပါတယ္။
ဒီေန႔မွာေတာ့ အဂၤလန္-ယူကရိန္း၊ ခ်က္-ဒိန္းမတ္တို႔ ဆက္လက္ယွဥ္ၿပိဳင္ကစားမွာျဖစ္ပါတယ္။ အခုအခ်ိန္အထိ ယူ႐ိုၿပိဳင္ပြဲမွာ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ေပၚတူဂီတိုက္စစ္မႉးေရာ္နယ္ဒိုက ရပ္တည္ေနပါတယ္။
ထိပ္တန္းကစားသမား ေရာ္နယ္ဒိုဟာ ယူ႐ိုၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီ ျဖစ္ေပမယ့္ သူက ၅ ဂိုးသြင္းယူကာ ေ႐ႊဖိနပ္ ရယူေရးၿပိဳင္ပြဲမွာ ထိပ္ဆုံးကရပ္တည္ေနတာျဖစ္ၿပီး ေရာ္နယ္ဒိုကိုအနီးကပ္ဆုံးဖိအားေပးေနသူကေတာ့ ခ်က္တိုက္စစ္မႉးရွရစ္ပဲျဖစ္ပါတယ္။
ရွရစ္က ၄ ဂိုးသြင္းယူထားၿပီး ဆက္လက္ကာ ယူ႐ိုပြဲကစားဖို႔ရွိေနေသးတာေၾကာင့္ ေရာ္နယ္ဒိုရဲ႕ ဂိုးသြင္းႏႈန္းကို ေက်ာ္တက္ႏိုင္ေျခရွိေနပါတယ္။ ရွရစ္လို ၄ ဂိုးသြင္းယူထားတဲ့ အျခား ကစားသမားေတြျဖစ္တဲ့ ဘန္ဇီမာ၊ လူကာကူ၊ ေဖာ့ဘာ့ဂ်္တို႔ကေတာ့ ယူ႐ိုၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီျဖစ္ပါတယ္။ဒါေၾကာင့္ ရွရစ္က အနီးကပ္ဆုံး ဖိအားေပးႏိုင္တဲ့သူပါ။
၃ဂိုးသြင္းထားၿပီး စီေရာ္နယ္ဒိုကို ေက်ာ္တက္ႏိုင္ေျခရွိတဲ့ ကစားသမားလည္း ရွိပါတယ္။ ၃ ဂိုးသြင္းယူထားသူေတြထဲမွာေတာ့ စတာလင္တစ္ဦးတည္းသာ ဆက္လက္ကစားဖို႔ ရွိေနတာျဖစ္ပါတယ္။
ေရာ္နယ္ဒိုအတြက္ နည္းနည္းအားသာခ်က္ရွိပါေသးတယ္။ ေရာ္နယ္ဒိုဟာ ေပၚတူဂီအသင္းအတြက္ ၅ ဂိုးသြင္းၿပီး ဂိုး ၁ ႀကိမ္ဖန္တီးေပးထားသူျဖစ္ၿပီး ရွရစ္ နဲ႔ စတာလင္တို႔ကေတာ့ ဂိုး ဖန္တီးေပးထားႏိုင္ျခင္းမရွိလို႔ ေပၚတူဂီၾကယ္ပြင့္အတြက္ အနည္းငယ္ေတာ့အေလးသာေနဆဲျဖစ္ပါတယ္။
ဒီေန႔ကစားမယ့္ပြဲေတြမွာသာ အဲဒီကစားသမားႏွစ္ဦး ဂိုးမသြင္းႏိုင္ခဲ့ပါက ေ႐ႊဖိနပ္ဆုအတြက္ ေရာ္နယ္ဒိုဟာ ပိုမိုအခြင့္အလမ္းသာမွာ ျဖစ္ၿပီး ထိပ္ဆုံးက ကြၽန္ေတာ္ အျဖစ္ ဆက္လက္ရပ္တည္ ႏိုင္ပါမယ္။
ယူ႐ိုပြဲမွာ ဆုဖလား ဘယ္အသင္း ရမလဲဆိုတာ စိတ္၀င္စားဖို႔ ေကာင္းသလို၊ ေ႐ႊဖိနပ္ဆုကလည္း ဘယ္ကစားသမားနဲ႔ ထိုက္တန္မလဲဆိုတာ ရင္ခုန္စရာေကာင္းပါတယ္။