ရွေးစရာအများကြီးထဲကမှ အရှူံးကို ရွေးခဲ့တဲ့ ဘာကာ ရဲ့ရင်နာစရာအဖြစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပိန်လာလီဂါပွဲကျန်အဖြစ် ဂရန်နာဒါနဲ့ အိမ်ကွင်းမှာကစားခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ မထင်မှတ်ဘဲ အရေးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ရောက်ရှိမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။

ပွဲစဉ် ၃၃ ပွဲကစားအပြီးမှာ အက်သလက်တီကိုက ရမှတ် ၇၃ မှတ်နဲ့ ဦးဆောင်နေပြီး ရီးရဲလ်နဲ့ ဘာကာတို့ကတော့ ၇၁ မှတ်စီနဲ့ ဖိအားပေးနေတာဖြစ်ပါတယ်။

ဘာစီလိုနာအနေနဲ့ အဲဒီပွဲကိုသေချာပေါက်အနိုင်ရမယ်လို့ အားလုံးက ထင်မှတ်ထားချိန်မှာ ဘာကာတို့ ချောက်ကမ်းပါးကနေ ခုန်ချခဲ့တာပါ။

ပထမပိုင်းမှာ ဘာစီလိုနာက ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၂၃ မိနစ်ဝန်းကျင်မှာ ဂရစ်ဇ်စမန်း – မက်ဆီ တွဲလုံးကနေ တစ်ဆင့် မက်ဆီကအပိုင်ကန်သွင်းပြီး အဖွင့်ဂိုးရခဲ့ပါတယ်။

ဒါပေမယ့် ဂိုးရအပြီးမှာ တိုက်စစ်ကစားအားကိုလျှော့ချလိုက်တာ ဘာစီလိုနာရဲ့ အမှားဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဘာစီလိုနာအသင်းဟာ အခွင့်အရေးတွေရှိခဲ့ပေမယ့် ပွဲကို ထိန်းကစားခဲ့သလိုဖြစ်ခဲ့တာကြောင့် ဂရန်နာဒါရဲ့ တန်ပြန်တိုက်စစ် ၂ ကြိမ်ကနေ ၂ ဂိုးထိပြန်ခွင့်ပြုပေးလိုက်ရကာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဂရန်နာဒါအသင်းအတွက် ဂိုးသွင်းသူများကတော့ မာချစ် (၆၃) မိနစ်၊ မိုလီနာ (၇၉) မိနစ် တို့ဖြစ်ပြီး၊ ဂရန်နာဒါအသင်းဘက်က အဝါကတ်ထိသူတွေကတော့ ဆိုလ်ဒါဒို (၂၀) မိနစ်၊ ပီရက်ဇ် (၄၃) မိနစ်၊ ဆန်းချက်ဇ် (၈၉) မိနစ်၊ မာရင် (၉၄) မိနစ် တို့ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ မက်ဆီတစ်ယောက် တော်တော်လေးစိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါတယ်။

ဂိုးသွင်းနိုင်ခဲ့ပေမယ့် မပျော်နိုင်တဲ့အဖြစ်ကို မက်ဆီပိုင်ဆိုင်ခဲ့ရတာပါ။ လက်ကျန်ပွဲစဉ်တွေကို ဘာကာတို့ ရုန်းကန်ကြိုးစားရပါအုံးမယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေ႐ြးစရာအမ်ားႀကီးထဲကမွ အရႉံးကို ေ႐ြးခဲ့တဲ့ ဘာကာ ရဲ႕ရင္နာစရာအျဖစ္

စပိန္လာလီဂါပြဲက်န္အျဖစ္ ဂရန္နာဒါနဲ႔ အိမ္ကြင္းမွာကစားခဲ့ရတဲ့ ဘာစီလိုနာအသင္းဟာ မထင္မွတ္ဘဲ အေရးနိမ့္ခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ေရာက္ရွိမယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရၿပီျဖစ္ပါတယ္။

ပြဲစဥ္ ၃၃ ပြဲကစားအၿပီးမွာ အက္သလက္တီကိုက ရမွတ္ ၇၃ မွတ္နဲ႔ ဦးေဆာင္ေနၿပီး ရီးရဲလ္နဲ႔ ဘာကာတို႔ကေတာ့ ၇၁ မွတ္စီနဲ႔ ဖိအားေပးေနတာျဖစ္ပါတယ္။ ဘာစီလိုနာအေနနဲ႔ အဲဒီပြဲကိုေသခ်ာေပါက္အႏိုင္ရမယ္လို႔ အားလုံးက ထင္မွတ္ထားခ်ိန္မွာ ဘာကာတို႔ ေခ်ာက္ကမ္းပါးကေန ခုန္ခ်ခဲ့တာပါ။

ပထမပိုင္းမွာ ဘာစီလိုနာက ပြဲကိုထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ၂၃ မိနစ္၀န္းက်င္မွာ ဂရစ္ဇ္စမန္း – မက္ဆီ တြဲလုံးကေန တစ္ဆင့္ မက္ဆီကအပိုင္ကန္သြင္းၿပီး အဖြင့္ဂိုးရခဲ့ပါတယ္။ ဒါေပမယ့္ ဂိုးရအၿပီးမွာ တိုက္စစ္ကစားအားကိုေလွ်ာ့ခ်လိုက္တာ ဘာစီလိုနာရဲ႕ အမွားျဖစ္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ဘာစီလိုနာအသင္းဟာ အခြင့္အေရးေတြရွိခဲ့ေပမယ့္ ပြဲကို ထိန္းကစားခဲ့သလိုျဖစ္ခဲ့တာေၾကာင့္ ဂရန္နာဒါရဲ႕ တန္ျပန္တိုက္စစ္ ၂ ႀကိမ္ကေန ၂ ဂိုးထိျပန္ခြင့္ျပဳေပးလိုက္ရကာ ရံႈးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဂရန္နာဒါအသင္းအတြက္ ဂိုးသြင္းသူမ်ားကေတာ့ မာခ်စ္ (၆၃) မိနစ္၊ မိုလီနာ (၇၉) မိနစ္ တို႔ျဖစ္ၿပီး၊ ဂရန္နာဒါအသင္းဘက္က အဝါကတ္ထိသူေတြကေတာ့ ဆိုလ္ဒါဒို (၂၀) မိနစ္၊ ပီရက္ဇ္ (၄၃) မိနစ္၊ ဆန္းခ်က္ဇ္ (၈၉) မိနစ္၊ မာရင္ (၉၄) မိနစ္ တို႔ျဖစ္ပါတယ္။

ပြဲအၿပီးမွာေတာ့ မက္ဆီတစ္ေယာက္ ေတာ္ေတာ္ေလးစိတ္ပ်က္လက္ပ်က္ျဖစ္ေနခဲ့ပါတယ္။ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ မေပ်ာ္ႏိုင္တဲ့အျဖစ္ကို မက္ဆီပိုင္ဆိုင္ခဲ့ရတာပါ။ လက္က်န္ပြဲစဥ္ေတြကို ဘာကာတို႔ ရုန္းကန္ႀကိဳးစားရပါအုံးမယ္။