ရွိုင်အိုလာကို အေးဂျင့်အဖြစ်လက်တွဲလိုက်ပြီး မန်ယူကို လင်ဂတ်သွေးတိုးစမ်း

Photo- Internet
Photo- Internet

မန်ယူအသင်း ကွင်းလယ်လူလင်ဂတ်ဟာ ပေါ့ဂ်ဘာရဲ့အေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာနဲ့ လက်တွဲလိုက်ပြီဖြစ်လို့ မန်ယူရဲ့ဒေါသကိုခံယူရဖို့ရှိနေကြောင်း သိရပါတယ်။ အခုလို လင်ဂတ်နဲ့လက်တွဲခြင်းဟာ အင်္ဂလိပ်ကစားသမားတွေနဲ့ ပိုမိုလက်တွဲလိုတဲ့ သူ့ရဲ့ကျယ်ပြန့်တဲ့ နည်းဗျူ ဟာကိုအကောင်အထည်ဖော် လိုက်ခြင်းလည်းဖြစ်ပါတယ်။

ရွိုင်အိုလာဟာ မကြာသေးခင်ကပေါ့ဂ်ဘာနဲ့ ပတ်သက်ပြီး မန်ယူကိုဝေဖန်ခဲ့သူဖြစ်လို့ ကလပ်နဲ့ဆက်ဆံရေးအဆင် မပြေတဲ့သူဖြစ်ပါတယ်။ မန်ယူအားကစားနဲ့ပတ်သက်တဲ့ ကောင်းမွန်တဲ့စီမံကိန်းမရှိလို့ တကယ့်အခြေအနေနဲ့ ကင်းကွာနေပြီး ပီလီ၊ မာရာဒိုနာနဲ့ မာလ်ဒီနီ တို့ရဲ့ကစားသမားဘဝတွေကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့အခြေအနေကိုရောက်နေတယ်လို့ ပြောသွားပါတယ်။

Photo- Internet

ရွိုင်အိုလာဟာ မန်ယူကအလိုရှိခဲ့တဲ့ ဟာလန်းကိုဒေါ့မန်ရောက်အောင် လုပ်ခဲ့တဲ့အပြင် ပေါ့ဂ်ဘာကိုလည်းမန်ယူကထွက်စေပြီး ရီးရဲလ်မက်ဒရစ်ဆီရောက်အောင် ကြိုးစားနေသူလည်းဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း လင်ဂတ်နဲ့လက်တွဲလိုက်တဲ့အတွက် ရွိုင်အိုလာ ကိုမန်ယူကပိုပြီးမကျေမနပ်ဖြစ်လာနိုင်သလို လင်ဂတ် ဟာလည်းမန်ယူနဲ့လမ်းခွဲရဖို့ နီးစပ်လာနိုင်ပါတယ်။

Photo- Internet

မန်ယူဟာ ကွင်းလယ်မှဖန်တီးနိုင်စွမ်းရှိသူလိုအပ်နေလို့ လက်စတာက ဂျိမ်းစ်မက်ဒီဆန်ကိုပေါင် ၄၅ သန်းအပြင် လင်ဂတ်ကိုပါအလိုက်ပေးပြီး ကမ်းလှမ်းမယ်လို့ သတင်းတွေထွက်နေတာပါ။ မက်ဒီဆန်ဟာဒီရာသီမှာလက်စတာအတွက် ၉ ဂိုးသွင်းယူပြီး ၃ ဂိုးဖန်တီးပေးကာ ခြေစွမ်းပြနေသူဖြစ်ပါတယ်။ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ကလည်း မန်ယူအနေနဲ့ ခံစစ်ကစားတဲ့အသင်းတွေကိုဖြိုခွင်းနိုင်ဖို့ ကွင်းလယ်မှာဖန်တီးနိုင်စွမ်းရှိသူလိုနေတယ်လို့ အကြံပြုထားပါတယ်။

Photo- Internet

စူပါအေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာဟာ ဖာဂူဆန်ခေတ်လွန်နောက်ပိုင်းမှာ မန်ယူနဲ့တန်ဖိုးကြီးမားတဲ့ လက်တွဲမှုတွေပြုလုပ်ခဲ့သူဖြစ်ပြီး ပေါ့ဂ်ဘာ၊ ခီတာယန်၊လူကာကူနဲ့ အီဘရာဟီမိုဗစ် တို့ကိုမန်ယူရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

Photo- Internet

Zawgyi

ရြိဳင္အိုလာကို ေအးဂ်င့္အျဖစ္လက္တြဲလုိက္ၿပီး မန္ယူကို လင္ဂတ္ေသြးတိုးစမ္း

မန္ယူအသင္း ကြင္းလယ္လူလင္ဂတ္ဟာ ေပါ့ဂ္ဘာရဲ႕ေအးဂ်င့္ျဖစ္တဲ႔ ရြိဳင္အိုလာနဲ႔ လက္တြဲလိုက္ၿပီျဖစ္လို႔ မန္ယူရဲ႕ေဒါသကိုခံယူရဖို႔ရွိေနေၾကာင္း သိရပါတယ္။ အခုလို လင္ဂတ္နဲ႔လက္တြဲျခင္းဟာ အဂၤလိပ္ကစားသမားေတြနဲ႔ ပိုမိုလက္တြဲလိုတဲ႔ သူ႔ရဲ႕က်ယ္ျပန္႔တဲ႔ နည္းဗ်ဴ ဟာကိုအေကာင္အထည္ေဖာ္ လိုက္ျခင္းလည္းျဖစ္ပါတယ္။

ရြိဳင္အိုလာဟာ မၾကာေသးခင္ကေပါ့ဂ္ဘာနဲ႔ ပတ္သက္ၿပီး မန္ယူကိုေ၀ဖန္ခဲ့သူျဖစ္လို႔ ကလပ္နဲ႔ဆက္ဆံေရးအဆင္ မေျပတဲ႔သူျဖစ္ပါတယ္။ မန္ယူအားကစားနဲ႔ပတ္သက္တဲ႔ ေကာင္းမြန္တဲ႔စီမံကိန္းမရွိလို႔ တကယ္႔အေျခအေနနဲ႔ ကင္းကြာေနၿပီး ပီလီ၊ မာရာဒိုနာနဲ႔ မာလ္ဒီနီ တို႔ရဲ႕ကစားသမားဘ၀ေတြကိုေတာင္ ဖ်က္ဆီးပစ္ႏိုင္တဲ႔အေျခအေနကိုေရာက္ေနတယ္လို႔ ေျပာသြားပါတယ္။

ရြိဳင္အိုလာဟာ မန္ယူကအလိုရွိခဲ့တဲ႔ ဟာလန္းကိုေဒါ့မန္ေရာက္ေအာင္ လုပ္ခဲ့တဲ႔အျပင္ ေပါ့ဂ္ဘာကိုလည္းမန္ယူကထြက္ေစၿပီး ရီးရဲလ္မက္ဒရစ္ဆီေရာက္ေအာင္ ႀကိဳးစားေနသူလည္းျဖစ္ပါတယ္။ အခုတစ္ခါမွာလည္း လင္ဂတ္နဲ႔လက္တြဲလိုက္တဲ႔အတြက္ ရြိဳင္အိုလာ ကိုမန္ယူကပိုၿပီးမေက်မနပ္ျဖစ္လာႏိုင္သလို လင္ဂတ္ ဟာလည္းမန္ယူနဲ႔လမ္းခြဲရဖို႔ နီးစပ္လာႏိုင္ပါတယ္။

မန္ယူဟာ ကြင္းလယ္မွဖန္တီးႏိုင္စြမ္းရွိသူလိုအပ္ေနလို႔ လက္စတာက ဂ်ိမ္းစ္မက္ဒီဆန္ကိုေပါင္ ၄၅ သန္းအျပင္ လင္ဂတ္ကိုပါအလိုက္ေပးၿပီး ကမ္းလွမ္းမယ္လို႔ သတင္းေတြထြက္ေနတာပါ။ မက္ဒီဆန္ဟာဒီရာသီမွာလက္စတာအတြက္ ၉ ဂိုးသြင္းယူၿပီး ၃ ဂိုးဖန္တီးေပးကာ ေျခစြမ္းျပေနသူျဖစ္ပါတယ္။ မန္ယူေနာက္ခံလူေဟာင္း ဖာဒီနန္ကလည္း မန္ယူအေနနဲ႔ ခံစစ္ကစားတဲ႔အသင္းေတြကိုၿဖိဳခြင္းႏိုင္ဖို႔ ကြင္းလယ္မွာဖန္တီးႏိုင္စြမ္းရွိသူလိုေနတယ္လို႔ အႀကံျပဳထားပါတယ္။

စူပါေအးဂ်င့့္ျဖစ္တဲ႔ ရြိဳင္အိုလာဟာ ဖာဂူဆန္ေခတ္လြန္ေနာက္ပိုင္းမွာ မန္ယူနဲ႔တန္ဖိုးႀကီးမားတဲ႔ လက္တြဲမႈေတြျပဳလုပ္ခဲ့သူျဖစ္ၿပီး ေပါ့ဂ္ဘာ၊ ခီတာယန္၊လူကာကူနဲ႔ အီဘရာဟီမိုဗစ္ တို႔ကိုမန္ယူေရာက္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။