ရွိုင်ကိန်း အပြောကြောင့် လီဗာပူးဖလားလိုချင်ရင် နောက်ထပ် နှစ်အကြာကြီး စောင့်ရမှာလား

မန်စီးတီးကို ရှုံးကာ အန်ဖီးလ်မှာ ၃ပွဲဆက် ရှုံးခဲ့တဲ့ လီဗာပူး အသင်းကို ရွိုင်ကိန်းက ပက်ပက်စက်စက်ဝေဖန်ထားပါတယ်။ လီဗာပူး အသင်းဟာ အဲဒီရှုံးပွဲကြောင့် မန်စီးတီး အသင်းထက် တစ်ပွဲပိုကစားထားပြီး (၁၀)မှတ်ကွာဟသွားပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆက်ထိန်းဖို့ မလွယ်ကူတော့ဘူးဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလား ၇ကြိမ် ဆွတ်ခူးခဲ့တဲ့ ရွိုင်ကိန်းက”မန်စီးတီးနဲ့ပွဲကိုပဲ ပြောတာမဟုတ်ပါဘူး။ ဒီအသင်းအကြောင်းကို ကျွန်တော်မသိနိုင်ပါဘူး။ ဘရိုက်တန်ဆို သူတို့ကို သက်သောင့် သက်သာ ကစားသွားပါတယ်။” “သူတို့က ဆင်ခြေအရမ်းပေးလွန်းပါတယ်။ ကျွန်တော့်အတွက်တော့ သူတို့က ချန်ပီယံဆိုးပါပဲ။

ကျွန်တော်ရဲ့စိတ်ထဲမှာတော့ ခင်ဗျားအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရပြီးပြီဆိုရင် နောက်ထပ်ထပ်ယူနိုင်မလားဆိုတဲ့ စိန်ခေါ်မှုက အမြဲတမ်းရှိနေမှာပါပဲ။ “ဘောလုံးပွဲ ၁ပွဲကို ရှုံးနိုင်ပေမယ့် သူတို့က လီဗာပူးလို အသင်းကြီးမှာ ကစားနေတာပါ။လူတွေက ကျွန်တော့်ကို လီဗာပူးက အရမ်းကောင်းတဲ့ အသင်း၊ကြီးမားတဲ့ အသင်းလို့ပြောကြပါတယ်။ အရမ်းကောင်းတာတွေ ကျွန်တော် မတွေ့ဘဲ သူတို့က ပြီးခဲ့တဲ့ ၁နှစ်၊ ၂နှစ်အတွင်း အရမ်းနာမည်ကြီးခဲ့တယ်လို့ ထင်ပါတယ်”

“လီဗာပူးကအတောင့်တင်းဆုံးအသင်းကို ပွဲထုတ်ခဲ့တာပါ။ ခံစစ်မှူး ၂ယောက် မပါတာ သိပေမယ့် သူတို့မှာ အကောင်းဆုံး တိုက်စစ်ကစားသမားတွေ၊ အကောင်းဆုံး ဂိုးသမားနဲ့ နိုင်ငံအသင်းမှာ ကစားနေတဲ့ ကစားသမားတွေ ကွင်းလယ်မှာ ရှိနေပါတယ်”

“ပွဲအပြီးမှာ ကလော့ပ်က ဂိုးသမားအကြောင်း ပြောသွားတာ မြင်ရပါတယ်။ ကျွန်တော် ပြောတာ လွန်ရင်လည်း လွန်နိုင်ပေမယ့် အဲဒီလို ပြောနေတာတွေက ဆင်ခြေတွေ ပေးနေတာပဲလို့ ပြောချင်ပါတယ်”လို့ပြောပါတယ်။ လီဗာပူးအသင်းဟာ အခုလာမယ့် အပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လက်စတာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

႐ြိဳင္ကိန္း အ​ေျပာ​ေၾကာင့္ လီဗာပူးဖလားလိုခ်င္ရင္ ​ေနာက္ထပ္ ႏွစ္အၾကာႀကီး ​ေစာင့္ရမွာလား

မန္စီးတီးကို ရႈံးကာ အန္ဖီးလ္မွာ ၃ပြဲဆက္ ရႈံးခဲ့တဲ့ လီဗာပူး အသင္းကို ႐ြိဳင္ကိန္းက ပက္ပက္စက္စက္​ေ၀ဖန္ထားပါတယ္။ လီဗာပူး အသင္းဟာ အဲဒီရႈံးပြဲေၾကာင့္ မန္စီးတီး အသင္းထက္ တစ္ပြဲပိုကစားထားၿပီး (၁၀)မွတ္ကြာဟသြားၿပီျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ဆက္ထိန္းဖို႔ မလြယ္ကူေတာ့ဘူးဆိုတဲ့ သုံးသပ္မႈေတြလည္းရွိေနပါတယ္။

ယူႏိုက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၇ႀကိမ္ ဆြတ္ခူးခဲ့တဲ့ ႐ြိဳင္ကိန္းက”မန္စီးတီးနဲ႔ပြဲကိုပဲ ေျပာတာမဟုတ္ပါဘူး။ ဒီအသင္းအေၾကာင္းကို ကြၽန္ေတာ္မသိႏိုင္ပါဘူး။ဘ႐ိုက္တန္ဆို သူတို႔ကို သက္ေသာင့္ သက္သာ ကစားသြားပါတယ္။” “သူတို႔က ဆင္ေျခအရမ္းေပးလြန္းပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ သူတို႔က ခ်န္ပီယံဆိုးပါပဲ။ကြၽန္ေတာ္ရဲ႕စိတ္ထဲမွာေတာ့ ခင္ဗ်ားအေနနဲ႔ ပရီးမီးယားလိဂ္ဖလားကို ရၿပီးၿပီဆိုရင္ ေနာက္ထပ္ထပ္ယူႏိုင္မလားဆိုတဲ့ စိန္ေခၚမႈက အၿမဲတမ္းရွိေနမွာပါပဲ။”

“ေဘာလုံးပြဲ ၁ပြဲကို ရႈံးႏိုင္ေပမယ့္ သူတို႔က လီဗာပူးလို အသင္းႀကီးမွာ ကစားေနတာပါ။လူေတြက ကြၽန္ေတာ့္ကို လီဗာပူးက အရမ္းေကာင္းတဲ့ အသင္း၊ႀကီးမားတဲ့ အသင္းလို႔ေျပာၾကပါတယ္။ ​အရမ္းေကာင္းတာေတြ ကြၽန္ေတာ္ မေတြ႕ဘဲ သူတို႔က ၿပီးခဲ့တဲ့ ၁ႏွစ္၊ ၂ႏွစ္အတြင္း အရမ္းနာမည္ႀကီးခဲ့တယ္လို႔ ထင္ပါတယ္” “လီဗာပူးကအေတာင့္တင္းဆုံးအသင္းကို ပြဲထုတ္ခဲ့တာပါ။ ခံစစ္မႉး ၂ေယာက္ မပါတာ သိေပမယ့္ သူတို႔မွာ အေကာင္းဆုံး တိုက္စစ္ကစားသမားေတြ၊ အေကာင္းဆုံး ဂိုးသမားနဲ႔ ႏိုင္ငံအသင္းမွာ ကစားေနတဲ့ ကစားသမားေတြ ကြင္းလယ္မွာ ရွိေနပါတယ္”

“ပြဲအၿပီးမွာ ကေလာ့ပ္က ဂိုးသမားအေၾကာင္း ေျပာသြားတာ ျမင္ရပါတယ္။ ကြၽန္ေတာ္ ေျပာတာ လြန္ရင္လည္း လြန္ႏိုင္ေပမယ့္ အဲဒီလို ေျပာေနတာေတြက ဆင္ေျခေတြ ေပးေနတာပဲလို႔ ေျပာခ်င္ပါတယ္”လို႔​​ေျပာပါတယ္။ လီဗာပူးအသင္းဟာ အခုလာမယ့္ အပတ္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ လက္စတာ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။