၂ပွဲဆက် တည်ကန်ဘောတွေကို တားဆီးနိုင်ခြင်းမရှိတဲ့ ဒီဂီယာက နံပါတ်၁ဂိုးသမားနေရာ အဆုံးသတ်ခြင်းရဲ့ အစပိုင်းကို ရောက်နေပြီလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီဂီယာအတွက်တော့ ယခုအချိန်က နံပါတ် ၁ဂိုးသမား အဆုံးသတ်ချိန်ရဲ့ အစလို့ ပြောရမှာပါ။ အမှားတွေ ဆက်တိုက်ကျူးလွန်ပြီး မလိုချင်တဲ့ မှတ်တမ်းတွေ ရနေတာက ကမ္ဘာ့အကောင်းဆုံး ဂိုးသမားစာရင်းကနေ ဖယ်ထုတ်ခံရဖို့ထိ နီးစပ်လာပါပြီ။

ဆောက်သမ်တန်နဲ့ပွဲမှာလည်း ဝက်စ်ပရောက်ရဲ့ တည်ကန်ဘောတွေကို တားဆီးနိုင်ခဲ့ခြင်း မရှိဘဲ ပထမပိုင်းမှာတင် ဂိုးတွေ ပေးခဲ့ရပါတယ်။ ထောင့်ကန်ဘောကနေ ဘက်နာရက်ရဲ့ ခေါင်းတိုက်ဂိုးကို တားဆီးနိုင်ခဲ့သင့်သလို ဝက်စ်ပရောက်ရဲ့ ဖရီးကစ်ကိုလည်း ကာကွယ်နိုင်ခဲ့သင့်ပါတယ်။

အရင်တုန်းကတော့ အစားထိုးမယ့် ဂိုးသမား မရှိမှုကြောင့် ဒီဂီယာကိုသာ အလုံးစုံ ယုံမှတ်ပြီး ပုံအပ်ခဲ့ကြရပေမဲ့ ကံကောင်းစွာပဲ နောက်ဆုံးမှာ ယူနိုက်တက်ကို ထိခိုက်ခဲ့ခြင်း မရှိပါဘူး။

လက်ရှိ အချိန်မှာ ကွာသွာတာကတော့ သူ့ရဲ့နေရာကို ယူဖို့ အသင့်စောင့်နေတဲ့ ဒင်းဟန်ဒါဆန် အသင့်ရှိနေတာ ဖြစ်ပြီး မနေ့ညကလည်း စပိန်သား ဒဏ်ရာရချိန် ဂိုးပေါက်ကို တာဝန်ယူသွားခဲ့ပါတယ်။

ဒီဂီယာကတော့ ဒုတိယပိုင်းကို သုန်မှုန်ပြီး ပွဲကြည့်စင်ပေါ်က ကြည့်နေတာ မြင်တွေ့ခဲ့ရပေမဲ့ ဟန်ဒါဆန်အတွက်တော့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပါဝင်ဖို့ မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့ပြီ ဖြစ်ပါတယ်။

ပွဲမတိုင်ခင် စပိန်သားကို ဝေဖန်ခဲ့တဲ့ ရွိုင်ကိန်းရဲ့ မှတ်ချက်စကားကလည်း ပွဲကစားချိန်မှာ တစ်ကယ် မှန်ကန်နေခဲ့ပါတယ်။ ရွိုင်ကိန်းက “ဒီဂီယာရဲ့စွမ်းဆောင်ရည်က ဒီနှစ်မှာ ပိုကောင်းလာပါပြီ။ အဲ့ဒါက ဒင်းဟန်ဒါဆန် အသင်းကို ပြန်လာတာကြောင့် ဖြစ်နိုင်ပြီး အခု ပြိုင်ဆိုင်မှု ပြင်းထန်နေပါတယ်။ သူတို့ လေ့ကျင့်ခန်းဆင်းတဲ့အခါ အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သူ အမှားလုပ်ခဲ့ရင် ဟန်ဒါဆန် ဝင်လာမယ်ဆိုတာ သိတဲ့အသိ ဝင်စေပါတယ်။ ဒါပေမဲ့ ကျွန်တော် သူ့ပရိသတ် မဟုတ်သေးဘဲ ကျွန်တော့်အတွက်တော့ သူ လုံးလောက်တဲ့ လက်စွမ်း မပြနိုင်သေးပါဘူး”

“သူကအသင်းနဲ့ ကြီးမားတဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပေမဲ့ ကြီးမားတဲ့ အမှားတစ်ချို့ ကျူးလွန်ခဲ့ပြီး အဲ့ဒါက ယူနိုက်တက်ကို ရမှတ်တွေ ဆုံးရှုံးစေခ့ပါတယ်။ သူ လိဂ်တစ်ခုထဲမှာ ၁၀နှစ်ကြာ ကစားခဲ့ပြီး ဒါက ကောင်းမွန်တဲ့ ရာသီအစ မဟုတ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ကိန်းက “သူက ကောင်းမွန်ဲ့ shot-stopper တစ်ဦးလို့ လူတွေက ပြောကြပြီး အဲ့ဒါက သူ့အလုပ်ပါ။ အခြားအပိုင်းတွေဖြစ်တဲ့ သူ့နေရာကနေ ညွှန်ကြားတာ၊ ဆက်သွယ်တာနဲ့ ပတ်သက်ပြီး ပိုတည်ငြိမ်ဖို့ လိုပါသေးတယ်။ ဒီနေ့ သူ ကာကွယ်မှု အများကြီး ပြုလုပ်ခဲ့ရင် ကျွန်တော်က ထိပ်ဆုံးကနေ အသိအမှတ် ပြုမှာ ဖြစ်ပေမဲ့ သူ အမှားအများကြီး လုပ်ခဲ့ပြီးတော့ အချက်အလက်တွေက အဲ့ဒါကို ဖော်ပြနေပါတယ်”လို့ ဆက်ပြောပါတယ်။

ပထမပိုင်းအပြီး ဟန်ဒါဆန် လူစားဝင်လာခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဆောက်သမ်တန်ကို မဖြစ်နိုင်တဲ့ အနေအထားကနေ ပြန်လည် တိုက်ပွဲဝင်ကာ ၃-၂ ရလဒ်နဲ့ အဖိုးတန် အဝေးကွင်း နိုင်ပွဲကို ရှာဖွေသွားနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂ပြဲဆက္ တည္ကန္ေဘာေတြကို တားဆီးႏိုင္ျခင္းမရွိတဲ့ ဒီဂီယာက နံပါတ္၁ဂိုးသမားေနရာ အဆုံးသတ္ျခင္းရဲ႕ အစပိုင္းကို ေရာက္ေနၿပီလား?

ဒီဂီယာအတြက္ေတာ့ ယခုအခ်ိန္က နံပါတ္ ၁ဂိုးသမား အဆုံးသတ္ခ်ိန္ရဲ႕ အစလို႔ ေျပာရမွာပါ။ အမွားေတြ ဆက္တိုက္က်ဴးလြန္ၿပီး မလိုခ်င္တဲ့ မွတ္တမ္းေတြ ရေနတာက ကမာၻ႔အေကာင္းဆုံး ဂိုးသမားစာရင္းကေန ဖယ္ထုတ္ခံရဖို႔ထိ နီးစပ္လာပါၿပီ။

ေဆာက္သမ္တန္နဲ႔ပြဲမွာလည္း ဝက္စ္ပ ေရာက္ရဲ႕ တည္ကန္ေဘာေတြကို တားဆီးႏိုင္ခဲ့ျခင္း မရွိဘဲ ပထမပိုင္းမွာတင္ ဂိုးေတြ ေပးခဲ့ရပါတယ္။ ေထာင့္ကန္ေဘာကေန ဘက္နာရက္ရဲ႕ ေခါင္းတိုက္ဂိုးကို တားဆီးႏိုင္ခဲ့သင့္သလို ဝက္စ္ပေရာက္ရဲ႕ ဖရီးကစ္ကိုလည္း ကာကြယ္ႏိုင္ခဲ့သင့္ပါတယ္။

အရင္တုန္းကေတာ့ အစားထိုးမယ့္ ဂိုးသမား မရွိမႈေၾကာင့္ ဒီဂီယာကိုသာ အလုံးစုံ ယုံမွတ္ၿပီး ပုံအပ္ခဲ့ၾကရေပမဲ့ ကံေကာင္းစြာပဲ ေနာက္ဆုံးမွာ ယူႏိုက္တက္ကို ထိခိုက္ခဲ့ျခင္း မရွိပါဘူး။

လက္ရွိ အခ်ိန္မွာ ကြာသြာတာကေတာ့ သူ႔ရဲ႕ေနရာကို ယူဖို႔ အသင့္ေစာင့္ေနတဲ့ ဒင္းဟန္ဒါဆန္ အသင့္ရွိေနတာ ျဖစ္ၿပီး မေန႔ညကလည္း စပိန္သား ဒဏ္ရာရခ်ိန္ ဂိုးေပါက္ကို တာဝန္ယူသြားခဲ့ပါတယ္။

ဒီဂီယာကေတာ့ ဒုတိယပိုင္းကို သုန္မႈန္ၿပီး ပြဲၾကည့္စင္ေပၚက ၾကည့္ေနတာ ျမင္ေတြ႕ခဲ့ရေပမဲ့ ဟန္ဒါဆန္အတြက္ေတာ့ လာမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ပါဝင္ဖို႔ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ သန္းလာခဲ့ၿပီ ျဖစ္ပါတယ္။

ပြဲမတိုင္ခင္ စပိန္သားကို ေဝဖန္ခဲ့တဲ့ ႐ြိဳင္ကိန္းရဲ႕ မွတ္ခ်က္စကားကလည္း ပြဲကစားခ်ိန္မွာ တစ္ကယ္ မွန္ကန္ေနခဲ့ပါတယ္။ ႐ြိဳင္ကိန္းက “ဒီဂီယာရဲ႕စြမ္းေဆာင္ရည္က ဒီႏွစ္မွာ ပိုေကာင္းလာပါၿပီ။ အဲ့ဒါက ဒင္းဟန္ဒါဆန္ အသင္းကို ျပန္လာတာေၾကာင့္ ျဖစ္ႏိုင္ၿပီး အခု ၿပိဳင္ဆိုင္မႈ ျပင္းထန္ေနပါတယ္။ သူတို႔ ေလ့က်င့္ခန္းဆင္းတဲ့အခါ အခ်င္းခ်င္း တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး သူ အမွားလုပ္ခဲ့ရင္ ဟန္ဒါဆန္ ဝင္လာမယ္ဆိုတာ သိတဲ့အသိ ဝင္ေစပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ သူ႔ပရိသတ္ မဟုတ္ေသးဘဲ ကြၽန္ေတာ့္အတြက္ေတာ့ သူ လုံးေလာက္တဲ့ လက္စြမ္း မျပႏိုင္ေသးပါဘူး”

“သူကအသင္းနဲ႔ ႀကီးမားတဲ့ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ေပမဲ့ ႀကီးမားတဲ့ အမွားတစ္ခ်ိဳ႕ က်ဴးလြန္ခဲ့ၿပီး အဲ့ဒါက ယူႏိုက္တက္ကို ရမွတ္ေတြ ဆုံးရႈံးေစခ့ပါတယ္။ သူ လိဂ္တစ္ခုထဲမွာ ၁၀ႏွစ္ၾကာ ကစားခဲ့ၿပီး ဒါက ေကာင္းမြန္တဲ့ ရာသီအစ မဟုတ္ပါဘူး”လို႔ ဆိုခဲ့ပါတယ္။

ဆက္လက္ၿပီး ကိန္းက “သူက ေကာင္းမြန္ဲ့ shot-stopper တစ္ဦးလို႔ လူေတြက ေျပာၾကၿပီး အဲ့ဒါက သူ႔အလုပ္ပါ။ အျခားအပိုင္းေတြျဖစ္တဲ့ သူ႔ေနရာကေန ၫႊန္ၾကားတာ၊ ဆက္သြယ္တာနဲ႔ ပတ္သက္ၿပီး ပိုတည္ၿငိမ္ဖို႔ လိုပါေသးတယ္။ ဒီေန႔ သူ ကာကြယ္မႈ အမ်ားႀကီး ျပဳလုပ္ခဲ့ရင္ ကြၽန္ေတာ္က ထိပ္ဆုံးကေန အသိအမွတ္ ျပဳမွာ ျဖစ္ေပမဲ့ သူ အမွားအမ်ားႀကီး လုပ္ခဲ့ၿပီးေတာ့ အခ်က္အလက္ေတြက အဲ့ဒါကို ေဖာ္ျပေနပါတယ္”လို႔ ဆက္ေျပာပါတယ္။

ပထမပိုင္းအၿပီး ဟန္ဒါဆန္ လူစားဝင္လာခဲ့ၿပီးေနာက္ ယူႏိုက္တက္ဟာ ေဆာက္သမ္တန္ကို မျဖစ္ႏိုင္တဲ့ အေနအထားကေန ျပန္လည္ တိုက္ပြဲဝင္ကာ ၃-၂ ရလဒ္နဲ႔ အဖိုးတန္ အေဝးကြင္း ႏိုင္ပြဲကို ရွာေဖြသြားႏိုင္ခဲ့ပါတယ္။