ရွာကာကိုေလွာင္ေျပာင္တဲ့ အာဆင္နယ္ပရိသတ္ေတြကို အမ္မရီသတိေပး

PC ; Reuters

အသင္းေခါင္းေဆာင္ရွာကာကို ေလွာင္ေျပာင္ခဲ့ၾကတဲ့ အာဆင္နယ္ပရိသတ္ေတြကို နည္းျပအူႏိုင္းအမ္မရီက ဒီကြင္းလယ္လူဟာ သူ႔အတြက္ သိပ္အေရးပါတဲ့ကစားသမားပါလို႔ တံု႔ျပန္သတိေပးလိုက္ပါတယ္။အက္စ္တြန္ဗီလာကို ၃-၂ဂိုးနဲ႔အႏိုင္ရတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ရွာကာဟာ ပြဲၿပီးဖို႔ ၁၈မိနစ္အလိုမွာ ဂ်ိဳး၀ီေလာ့နဲ႔လူစားလဲခံခဲ့ရပါတယ္။အဲဒီအခ်ိန္မွာ အိမ္ရွင္ပရိသတ္ေတြဟာ ဆြစ္ဇာလန္သားကိုေလွာင္ေျပာင္ခဲ့ၾကသလို အရန္ခံုျပန္ေရာက္တဲ့အထိ မရပ္ခဲ့ၾကပါဘူး။

PC ; Getty

ဒါေပမဲ့ အမ္မရီကေတာ့ “ ကၽြန္ေတာ္တို႔ရဲ႕ပရိသတ္ေတြကို ကၽြန္ေတာ္တို႔လိုအပ္ပါတယ္။ကစားသမားတစ္ဦးခ်င္းစီအတြက္လည္း သူတို႔ရဲ႕အကူအညီလိုအပ္ပါတယ္။ဒါ ကၽြန္ေတာ္တို႔ရဲ႕အလုပ္နဲ႔ပတ္သက္ၿပီး ထုတ္ျပန္ရမယ့္ ကၽြန္ေတာ္တို႔တာ၀န္ပါ။ရွာကာဟာ ဒါကိုလုပ္ေနပါတယ္။သူဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ဖရန္႔ဖတ္နဲ႔ပြဲမွာ သိပ္ေကာင္းခဲ့ပါတယ္။၀က္ဖို႔ဒ္နဲ႔ပြဲတုန္းကလည္း ဒီအတိုင္းပါပဲ။ဒီေန႔ပြဲမွာ သူ႔ကိုကၽြန္ေတာ္ လူစားလဲတယ္ဆိုတာ ၾကာသပေတးေန႔တုန္းက ပြဲခ်ိန္ျပည့္ကစားထားလို႔ပါ။လန္းဆန္းေနတဲ့ ကစားသမားေတြနဲ႔ အစားထိုးခ်င္လို႔ပါ။ဒါေပမဲ့ သူဟာ ကၽြန္ေတာ္တို႔အတြက္ သိပ္ကိုအေရးပါတဲ့ ကစားသမားတစ္ေယာက္ပါ။သူ႔ကို အားေပးၾကပါလို႔ ပရိသတ္ေတြကို ကၽြန္ေတာ္မေျပာခ်င္ပါဘူး။ဒါေပမဲ့ သူ႔ကိုအားေပးရင္ သူ႔ရဲ႕အေကာင္းဆံုးစြမ္းေဆာင္မႈေတြကိုလည္း ရလိမ့္မယ္ဆိုတာေတာ့ ကၽြန္ေတာ္ အခိုင္အမာေျပာခ်င္ပါတယ္ ” ကာကြယ္ေျပာဆိုလိုက္ပါတယ္။

PC ; Reuters

အဲဒီပြဲမွာ အာဆင္နယ္ဟာ ပြဲခ်ိန္ ၄၁မိနစ္မွာ ကစားသမားတစ္ေယာက္ အထုတ္ခံရေပမယ့္ အက္စ္တြန္ဗီလာကို ၃ဂိုးသြင္းၿပီး အႏိုင္ရေအာင္ ကစားႏိုင္ခဲ့တာပါ။

(unicode)

အသင်းခေါင်းဆောင်ရှာကာကို လှောင်ပြောင်ခဲ့ကြတဲ့ အာဆင်နယ်ပရိသတ်တွေကို နည်းပြအူနိုင်းအမ်မရီက ဒီကွင်းလယ်လူဟာ သူ့အတွက် သိပ်အရေးပါတဲ့ကစားသမားပါလို့ တုံ့ပြန်သတိပေးလိုက်ပါတယ်။အက်စ်တွန်ဗီလာကို ၃-၂ဂိုးနဲ့အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရှာကာဟာ ပွဲပြီးဖို့ ၁၈မိနစ်အလိုမှာ ဂျိုးဝီလော့နဲ့လူစားလဲခံခဲ့ရပါတယ်။အဲဒီအချိန်မှာ အိမ်ရှင်ပရိသတ်တွေဟာ ဆွစ်ဇာလန်သားကိုလှောင်ပြောင်ခဲ့ကြသလို အရန်ခုံပြန်ရောက်တဲ့အထိ မရပ်ခဲ့ကြပါဘူး။ဒါပေမဲ့ အမ်မရီကတော့ “ ကျွန်တော်တို့ရဲ့ပရိသတ်တွေကို ကျွန်တော်တို့လိုအပ်ပါတယ်။ကစားသမားတစ်ဦးချင်းစီအတွက်လည်း သူတို့ရဲ့အကူအညီလိုအပ်ပါတယ်။ဒါ ကျွန်တော်တို့ရဲ့အလုပ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ရမယ့် ကျွန်တော်တို့တာဝန်ပါ။ရှာကာဟာ ဒါကိုလုပ်နေပါတယ်။သူဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖရန့်ဖတ်နဲ့ပွဲမှာ သိပ်ကောင်းခဲ့ပါတယ်။ဝက်ဖို့ဒ်နဲ့ပွဲတုန်းကလည်း ဒီအတိုင်းပါပဲ။ဒီနေ့ပွဲမှာ သူ့ကိုကျွန်တော် လူစားလဲတယ်ဆိုတာ ကြာသပတေးနေ့တုန်းက ပွဲချိန်ပြည့်ကစားထားလို့ပါ။လန်းဆန်းနေတဲ့ ကစားသမားတွေနဲ့ အစားထိုးချင်လို့ပါ။ဒါပေမဲ့ သူဟာ ကျွန်တော်တို့အတွက် သိပ်ကိုအရေးပါတဲ့ ကစားသမားတစ်ယောက်ပါ။သူ့ကို အားပေးကြပါလို့ ပရိသတ်တွေကို ကျွန်တော်မပြောချင်ပါဘူး။ဒါပေမဲ့ သူ့ကိုအားပေးရင် သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်မှုတွေကိုလည်း ရလိမ့်မယ်ဆိုတာတော့ ကျွန်တော် အခိုင်အမာပြောချင်ပါတယ် ” ကာကွယ်ပြောဆိုလိုက်ပါတယ်။အဲဒီပွဲမှာ အာဆင်နယ်ဟာ ပွဲချိန် ၄၁မိနစ်မှာ ကစားသမားတစ်ယောက် အထုတ်ခံရပေမယ့် အက်စ်တွန်ဗီလာကို ၃ဂိုးသွင်းပြီး အနိုင်ရအောင် ကစားနိုင်ခဲ့တာပါ။