ရွန်းနီ ဘာကြောင့် ၁၉ နှစ်သားလေးကို အသင်းခေါင်းဆောင်နေရာပေးတာလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကစားသမား/နည်းပြအဖြစ်ကနေ ယာယီနည်းပြ၊ အဲဒီကမှ အမြဲတမ်းနည်းပြအဖြစ် အဆင့်တွေပြောင်းလဲတာဝန်ယူခဲ့တဲ့ ရွန်းနီဟာ ဒါဘီအမြဲတမ်းနည်းပြဘဝမှာ ၂ပွဲဆက်တိုက်နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ရွန်းနီရဲ့ လုပ်ဆောင်ချက်ထဲမှာ ထူးထူးခြားခြားအနေနဲ့ လူငယ်ကစားသမားလေးတစ်ယောက်ကို အသင်း ခေါင်းဆောင်လက်ပတ်ပေးအပ် ထားပါတယ်။

၁၉ နှစ်အရွယ် အိုင်ယာလန်ကွင်းလယ်ကစားသမားလေးကို ဘာကြောင့် ခေါင်းဆောင်တာဝန်ပေးတာလဲဆိုရင် ဂျေဆင်နိုက်ဟာ သူငယ်ငယ်က အနေအထားနဲ့ တူတယ်လို့ ရွန်းနီက ယူဆလို့ပါ။ “ဂျေဆင်နိုက်က အရမ်း အသံကျယ်ပါတယ်။ သူကပွဲချိန်တစ်လျောက်လုံးမှာ တာဝန်ယူစိတ်အပြည့်နဲ့ ကစားနိုင်စွမ်းရှိပါတယ်။”

“ပြေးနိုင်စွမ်းရှိပြီး၊မခိုကပ်ပါဘူး။ သူက ကျွန်တော်ငယ်ငယ်တုန်းကနဲ့ တော်တော် တူတာပါ။ ကျွန်တော့်တုန်းကလည်း အသက် ၂၀ အရွယ်လောက် ကတည်းက ယူနိုက်တက် ရဲ့ အသင်းခေါင်းဆောင်ဖြစ်ချင်ခဲ့တာပါ။ ရိုးမား နဲ့ အဝေးကွင်းပွဲ မကစားခင်တုန်းက အသင်းခေါင်းဆောင် လုပ်ချင်တယ်လို့ ဆာအဲလက်စ်ကို ပြောခဲ့ဖူးပါတယ်။ အဲဒီတုန်းက နည်းပြကြီးကတစ်ခါတည်း ခွင့်ပြုပေးခဲ့ပါတယ်”

“ဒါကြောင့် ကျွန်တော်ကလည်း ဂျေဆင်နိုက်ကို အခွင့်အရေးပေးချင်တာပါ။ အဲဒီကောင်လေးကို မန်နေဂျာတိုင်းကနှစ်သက်ပါတယ်။ အသက်အရွယ်က အရေးမကြီးပါဘူး။ ၁၉ နှစ်ပဲဖြစ်ဖြစ် အသက် ၃၀ ပဲ ဖြစ်ဖြစ် အသင်းကို ဦးဆောင်နိုင်ပြီး၊ အသင်းသားတွေကို လှုံ့ဆော် နိုင်မယ်ဆိုရင် ကျွန်တော့်အတွက်တော့ အသင်း ခေါင်းဆောင်ပါပဲ”

“ကောင်လေးမှာ လိုအပ်ချက်တွေတော့ရှိပါသေးတယ်။ ဖြတ်တင်တာတွေ ၊ ဂိုးသွင်း တာနဲ့ ဂိုးဖန်တီးမှု အပိုင်းတွေ မှာ တိုးတက် အောင် လုပ်စရာတွေ ရှိနေ ပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓါတ်ပိုင်းတွေ ကတော့အသင်းခေါင်းဆောင်နေရာအတွက် သင့်တော် ပါတယ်”ဆိုပြီးရွန်းနီကပြောဆိုပါတယ်။

နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ ၂၀၀၇ ခုနှစ် ဧပြီ လတုန်းက ရိုးမား အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပထမအကျော့ ပွဲစဉ် မှာဝိန်းရွန်းနီကို အသင်းခေါင်းဆောင် တာဝန်ပေးအပ်ခဲ့ဖူးပါတယ်။ ရွန်းနီဟာ အဲဒီပွဲမှာယူနိုက်တက်အတွက်ဂိုးသွင်းယူ ပေးနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

႐ြန္းနီ ဘာေၾကာင့္ ၁၉ ႏွစ္သားေလးကို အသင္းေခါင္းေဆာင္ေနရာေပးတာလဲ

ကစားသမား/နည္းျပအျဖစ္ကေန ယာယီနည္းျပ၊ အဲဒီကမွ အၿမဲတမ္းနည္းျပအျဖစ္ အဆင့္​ေတြ​​ေျပာင္းလဲတာ၀န္ယူခဲ့တဲ့ ႐ြန္းနီဟာ ဒါဘီအၿမဲတမ္းနည္းျပဘဝမွာ ၂ပြဲဆက္တိုက္ႏိုင္ပြဲရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ႐ြန္းနီရဲ႕ လုပ္​ေဆာင္ခ်က္ထဲမွာ ထူးထူးျခားျခားအ​ေနနဲ႔ လူငယ္ကစားသမားေလးတစ္ေယာက္ကို အသင္း ေခါင္းေဆာင္လက္ပတ္ေပးအပ္ထားပါတယ္။

၁၉ ႏွစ္အ႐ြယ္ အိုင္ယာလန္ကြင္းလယ္ကစားသမားေလးကို ဘာ​ေၾကာင့္ ​ေခါင္း​​​ေဆာင္တာ၀န္​ေပးတာလဲဆိုရင္ ေဂ်ဆင္ႏိုက္ဟာ သူငယ္ငယ္က အ​ေနအထားနဲ႔ တူတယ္လို႔ ႐ြန္းနီက ယူဆလို႔ပါ။ “ေဂ်ဆင္ႏိုက္က အရမ္း အသံက်ယ္ပါတယ္။ သူကပြဲခ်ိန္တစ္ေလ်ာက္လုံးမွာ တာဝန္ယူစိတ္အျပည့္နဲ႔ ကစားႏိုင္စြမ္းရွိပါတယ္။”

“ေျပးႏိုင္စြမ္းရွိၿပီး၊မခိုကပ္ပါဘူး။ သူကကြၽန္ေတာ္ငယ္ငယ္တုန္းကနဲ႔ ေတာ္ေတာ္ တူတာပါ။ ကြၽန္ေတာ့္တုန္းကလည္း အသက္ ၂၀ အ႐ြယ္ေလာက္ ကတည္းက ယူႏိုက္တက္ရဲ႕ အသင္းေခါင္းေဆာင္ျဖစ္ခ်င္ခဲ့တာပါ။ ႐ိုးမားနဲ႔ အေဝးကြင္းပြဲ မကစားခင္တုန္းက အသင္း ေခါင္းေဆာင္ လုပ္ခ်င္တယ္လို႔ ဆာအဲလက္စ္ကို ေျပာခဲ့ဖူးပါတယ္။ အဲဒီတုန္းက နည္းျပႀကီးကတစ္ခါတည္း ခြင့္ျပဳ​ေပးခဲ့ပါတယ္”

“ဒါ​ေၾကာင့္ ကြၽန္​ေတာ္ကလည္း ေဂ်ဆင္ႏိုက္ကို အခြင့္အေရး​ေပးခ်င္တာပါ။ အဲဒီ​​ေကာင္​ေလးကို မန္ေနဂ်ာတိုင္းကႏွစ္သက္ပါတယ္။ အသက္အ႐ြယ္က အ​ေရးမႀကီးပါဘူး။ ၁၉ ႏွစ္ ပဲ ျဖစ္ျဖစ္ အသက္၃၀ ပဲ ျဖစ္ျဖစ္ အသင္းကို ဦးေဆာင္ ႏိုင္ၿပီး၊ အသင္းသားေတြကို လႈံ႕ေဆာ္ႏိုင္မယ္ဆိုရင္ ကြၽန္ေတာ့္ အတြက္​ေတာ့ အသင္း ေခါင္းေဆာင္ ပါပဲ”

“​​ေကာင္​ေလးမွာ လိုအပ္ခ်က္​​ေတြ​ေတာ့ရွိပါ​ေသးတယ္။ ျဖတ္တင္တာေတြ၊ ဂိုးသြင္းတာနဲ႔ ဂိုးဖန္တီးမႈ အပိုင္းေတြ မွာ တိုးတက္ ေအာင္ လုပ္စရာေတြ ရွိေနပါေသးတယ္ ။ ဒါေပမယ့္ သူ႔ရဲ႕ ႀကိဳးစားအားထုတ္မႈနဲ႔ စိတ္ဓါတ္ပိုင္းေတြ ကေတာ့အသင္း​ေခါင္း​ေဆာင္​ေနရာအတြက္ သင့္ေတာ္ ပါတယ္”ဆိုၿပီး႐ြန္းနီက​ေျပာဆိုပါတယ္။

နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ဟာ ၂၀၀၇ ခုႏွစ္ ဧၿပီ လတုန္းက ႐ိုးမား အသင္း နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ရႈံးထြက္ ပထမ အေက်ာ့ပြဲစဥ္မွာဝိန္း႐ြန္းနီကို အသင္း ေခါင္းေဆာင္ တာ၀န္ေပးအပ္ခဲ့ဖူးပါတယ္။ ႐ြန္းနီဟာ အဲဒီပြဲမွာယူႏိုက္တက္အတြက္ဂိုးသြင္းယူ ေပးႏိုင္ခဲ့ပါတယ္။