ရွန်းနီ၊ ဖာဒီနန်တို့ ဖိနပ်တွေကို ခိုးရောင်းခဲ့တဲ့ မောရစ်ဆင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မောရစ်ဆင်ဟာ ပေါ့ဘာ၊ လင်ဂတ်တို့ နဲ့အတူ ယူနိုက်တက်လူငယ်အသင်းမှာ ကစားခဲ့သူဖြစ်ပါတယ်။ မောရစ်ဆင်က သူဟာအသင်းရဲ့ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ရွန်းနီ နဲ့ ဖာဒီနန်တို့ရဲ့ဖိနပ်တွေ ကို ခိုးယူရောင်းချကာမိသားစုရဲ့ ဝမ်းရေးအတွက် ဖြေရှင်းပေးခဲ့ဖူးတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

မောရစ်ဆင်က “အဲဒီတုန်းက ကျွန်တော်က စကော်လာ လစာပဲ ရသေးတယ်လေ။ ငယ်လည်းငယ်သေးတော့ ဘာဝင်ငွေမှမရှိခဲ့ဘူး။ သူတို့ဖိနပ်တစ်ရံက ပေါင် ၂၅၀ လောက်ဈေးရတယ်။ နှစ်ရံဆို ၅၀၀လောက်ပေါ့။ အဲဒါနဲ့ အိမ်ပြန်ရောက်ရင် မိသားစုအတွက် တစ်ခုခု ဝယ်စားနိုင်ဖို့ ကူညီပေးခဲ့ပါတယ်” “ကျွန်တော်ဒီလိုလုပ်တာက သူတို့ကို အခက်တွေ့စေချင်လို့ မဟုတ်ပါဘူး။ သူတို့မှာက ဖိနပ် အရံ ၃၀ လောက် ရှိတယ်လေ။

အဲဒါကြောင့် ဖိနပ်တစ်ရံ လောက် မရှိတာက ဘာပြဿနာမှ မဖြစ်လောက်ဘူး လို့ တွေးခဲ့တာပါ”ဆိုပြီး ပြောဆိုပါတယ်။ မောရစ်ဆင်ဟာ ဆာအဲလက်စ်ဖာဂူဆန်ကိုယ်တိုင်က မြင်တွေ့ဖူးသမျှထဲမှာ အရည်အသွေးအရှိဆုံး လူငယ် ကစားသမားတစ်ယောက်အဖြစ် ချီးကျူးခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ယူနိုက်တက် အသင်းကြီးမှာ ၂ ပွဲသာကစားနိုင်ခဲ့ပြီး အခြားအသင်းကို ပြောင်းရွှေ့ခဲ့ရပါတယ်။

တစ်ချိန်တုန်းက ရွန်းနီဟာ မော်ရစ်ဆင်ရဲ့ ဖုန်းကိုရိုက်ခွဲခဲ့ဖူးပါတယ်။ “တစ်ချိန်က ကျွန်တော် မော်ရစ်ဆင် ရဲ့ ဖုန်းကို ရိုက်ခွဲခဲ့ဖူးပါတယ်။ သူ အရန်အသင်းမှာ ရှိနေတုန်းက တစ်ရက် အသင်းကြီး အဝတ်လဲခန်းထဲ သူ ဝင်လာတယ်။ ကျွန်တော်က အခန်းထဲမှာ ဖုန်းအားသွင်းပြီး ထားခဲ့တာ သူက ကျွန်တော့်ဖုန်းကို ဖြုတ်ပြီး သူ့ဖုန်းအားသွင်းထားခဲ့တယ်”

“အရန်အသင်းက ကစားသမား တစ်ယောက် ပိုင်တဲ့ ဖုန်းမှန်း သိလိုက်တာနဲ့ ကျွန်တော် ဖုန်းကို ရိုက်ခွဲပစ်လိုက်တယ်။ မော်ရစ်ဆင် က ထရိန်နင်တွေ မှာ တကယ် ကောင်းတဲ့ ကစားသမားပါ သူ့မှာ ပြဿနာ တချို့ ရှိခဲ့ ပြီး အဲဒီအရာတွေက သူ့တိုးတက်မှုကို ရုတ်တရက် ရပ်တန့်သွားစေသလို ဖြစ်စေခဲ့ပါတယ်”ဆိုပြီး ရွန်းနီက ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

႐ြန္းနီ၊ ဖာဒီနန္တို႔ ဖိနပ္​ေတြကို ခိုး​ေရာင္းခဲ့တဲ့ ​ေမာရစ္ဆင္

ေမာရစ္ဆင္ဟာ ေပါ့ဘာ ၊လင္ဂတ္တို႔ နဲ႔ အတူယူႏိုက္တက္လူငယ္အသင္းမွာကစားခဲ့သူျဖစ္ပါတယ္။ ေမာရစ္ဆင္ကသူဟာအသင္းရဲ႕ နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ ႐ြန္းနီ နဲ႔ ဖာဒီနန္တို႔ရဲ႕ဖိနပ္ေတြ ကို ခိုးယူေရာင္းခ်ကာမိသားစုရဲ႕ ဝမ္းေရးအတြက္ ေျဖရွင္းေပးခဲ့ဖူးတယ္ လို႔ ေျပာဆိုလာခဲ့ပါတယ္။

ေမာရစ္ဆင္က “အဲဒီတုန္းကကြၽန္ေတာ္က စေကာ္လာ လစာပဲ ရေသးတယ္ေလ။ငယ္လည္းငယ္ေသးေတာ့ ဘာဝင္ေငြမွမရွိခဲ့ဘူး။သူတို႔ဖိနပ္တစ္ရံက ေပါင္ ၂၅၀​ေလာက္​ေစ်းရတယ္။ႏွစ္ရံဆို ၅၀၀​ေလာက္ေပါ့။ အဲဒါနဲ႔ အိမ္ျပန္ေရာက္ရင္ မိသားစုအတြက္ တစ္ခုခု ဝယ္စားႏိုင္ဖို႔ ကူညီေပးခဲ့ပါတယ္”

“ကြၽန္ေတာ္ဒီလိုလုပ္တာကသူတို႔ကို အခက္ေတြ႕ ေစခ်င္လို႔ မဟုတ္ပါဘူး။ သူတို႔မွာက ဖိနပ္ အရံ ၃၀ ေလာက္ ရွိတယ္​ေလ။အဲဒါ​ေၾကာင့္ဖိနပ္တစ္ရံ ေလာက္ မရွိတာက ဘာျပႆနာ မွ မျဖစ္ေလာက္ဘူး လို႔ ေတြးခဲ့တာပါ”ဆိုၿပီး ​ေျပာဆိုပါတယ္။ေမာရစ္ဆင္ဟာ ဆာအဲလက္စ္ဖာဂူဆန္ကိုယ္တိုင္က ျမင္ေတြ႕ ဖူးသမွ်ထဲမွာ အရည္အေသြးအရွိဆုံး လူငယ္ ကစားသမားတစ္​ေယာက္အျဖစ္ ခ်ီးက်ဴးခဲ့ဖူးသူ ျဖစ္ပါတယ္။ဒါေပမယ့္ သူဟာယူႏိုက္တက္ အသင္းႀကီးမွာ ၂ ပြဲသာကစားႏိုင္ခဲ့ၿပီး အျခားအသင္းကို ေျပာင္းေ႐ႊ႕ခဲ့ရ ပါတယ္။

တစ္ခ်ိန္တုန္းက ႐ြန္းနီဟာ​ေမာ္ရစ္ဆင္ရဲ႕ ဖုန္းကို႐ိုက္ခြဲခဲ့ဖူးပါတယ္။ “တစ္ခ်ိန္က ကြၽန္ေတာ္ ေမာ္ရစ္ဆင္ ရဲ႕ ဖုန္းကို ႐ိုက္ခြဲခဲ့ဖူးပါတယ္။ သူ အရန္အသင္းမွာ ရွိေနတုန္းက တစ္ရက္ အသင္းႀကီး အဝတ္လဲခန္းထဲ သူ ဝင္လာတယ္။ကြၽန္ေတာ္က အခန္းထဲမွာ ဖုန္းအားသြင္းၿပီး ထားခဲ့တာ သူ က ကြၽန္ေတာ့္ဖုန္းကို ျဖဳတ္ၿပီး သူ႔ဖုန္းအားသြင္းထားခဲ့တယ္”

“အရန္အသင္း က ကစားသမား တစ္ေယာက္ ပိုင္တဲ့ ဖုန္းမွန္း သိလိုက္တာနဲ႔ ကြၽန္ေတာ္ ဖုန္းကို ႐ိုက္ခြဲပစ္လိုက္တယ္။ေမာ္ရစ္ဆင္ က ထရိန္နင္ေတြ မွာ တကယ္ ေကာင္းတဲ့ ကစားသမားပါ သူ႔မွာ ျပႆနာ တခ်ိဳ႕ ရွိခဲ့ ၿပီးအဲ ဒီအရာေတြက သူ႔တိုးတက္မႈ ကို ႐ုတ္တရက္ ရပ္တန႔္သြားေစသလို ျဖစ္​ေစခဲ့ပါတယ္”ဆိုၿပီး႐ြန္းနီက​ေျပာဆိုပါတယ္။