”ရွန်းနီလား..ဂရင်းဝုဒ်ကတော့ တွေ့ဖူးသမျှထဲ အကောင်းဆုံးပါ” – ဆိုးလ်ရှား

photo-daily mail

photo-PA

မန်ယူရဲ့ယူရိုပါလိဂ်နိုင်ပွဲမှာ ဆယ်ကျော်သက်တိုက်စစ်မှုးလေးဂရင်းဝုဒ်တစ်ယောက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီးနောက် နည်းပြဆိုးလ်ရှားဟာ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူဖြစ်တဲ့ ဝိန်းရွန်နီ ငယ်ငယ်တုန်းကနဲ့အတူတူပဲလု့ိဆိုခဲ့ပေမယ့် သူ့တွေ့ဖူးသမျှထဲမှာတော့ အကောင်းဆုံးတွေထဲက တစ်ယောက်ပါလို့ ချီးကျူးလိုက်ပါတယ်။ နောက်တစ်ဆင့်သေချာပြီးသားဖြစ်ပေမယ့်လညး မန်ယူဟာ အယ်ခမာနဲ့အိမ်ကွင်းပွဲမှာ အကောင်းဆုံးမစတင်နိုင်ခဲ့ဘဲ ပထမပိုင်းဂိုးမရှိသရေကျခဲ့ကာ ဒုတိယပိုင်းရောက်မှသာ ဂိုးမိုးရွာနိုင်ခဲ့ကာ ဂရင်းဝုဒ်ကြောင့် ဂိုးမိုးရွာနိုင်ခဲ့တာပါ။

photo-gettyimages

အဲဒီမန်ယူအကယ်ဒမီထွက်ကစားသမားလေးဟာ ၂ ဂိုးသွင်းယူခဲ့သလို ကွင်းလယ်လူမာတာသွင်းယူတဲ့ပင်နယ်တီကလည်း သူ့ကြောင့်သာ ရရှိခဲ့တာပါ။ အယ်ခမာနဲ့ အဲဒီပွဲက သွင်းဂိုး ၂ ဂိုးကြောင့် ၁၈ နှစ်အရွယ် ဂရင်းဝုဒ်ဟာ အဓိကဥရောပပြိုင်ပွဲကြီးမှာ မန်ယူအတွက် ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ အသ်က်အငယ်ဆုံးမန်ယူကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီဥရောပအဆင့်မှာ မန်ယူရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာခဲ့ပြီး မန်ယူအတွက် ပြိုင်ပွဲအရပ်ရပ်မှာလည်း သူ့ထက်ဂိုးသွင်းများတာဆိုလို့ ရက်ရှ်ဖို့ဒ် တစ်ယောက်သာ ရှိပါတော့တယ်။

photo-PA

ဒါကြောင့်လည်း နည်းပြဆိုးလ်ရှားဟာ ပွဲအပြီးမှာ ဂရင်းဝုဒ်ရဲ့အဆုံးသတ်ပိုင်းနဲ့ပတ်သက်လို့ အထူးချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။ ဒီအလိုအသက်အရွယ်မှာ ဂရင်းဝုဒ်လိုကောင်းတဲ့သူကို တွေ့ဖူးလားလို့ မေးမြန်းတော့ ဆိုးလ်ရှားက”ကောင်းတဲ့လူငယ်ကစားသမားအချို့ကို ကျွန်တေ်မြင်ဖူးပါတယ်။ ရွန်းနီနဲ့လည်း ကျွန်တော်ကစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ မွေးရာပါအဆုံးသတ်ပိုင်းမှာတော့ ဂရင်းဝုဒ်ဟာ ကျွန်တော်တွေ့ဖူးသမျှအကောင်းဆုံးတွေထဲက တစ်ယောက်ပါပဲ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလကမှ အသက် ၁၈ နှစ်ပြည့်ခဲ့တာပါ။

[Zawgyi]

”ရြန္းနီလား..ဂရင္း၀ုဒ္ကေတာ့ ေတြ႕ဖူးသမွ်ထဲ အေကာင္းဆုံးပါ” – ဆုိးလ္ရွား

မန္ယူရဲ႕ယူရိုပါလိဂ္ႏိုင္ပြဲမွာ ဆယ္ေက်ာ္သက္တိုက္စစ္မႈးေလးဂရင္း၀ုဒ္တစ္ေယာက္ အေကာင္းဆုံးေျခစြမ္းျပႏုိင္ခဲ့ၿပီးေနာက္ နည္းျပဆိုးလ္ရွားဟာ အသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူျဖစ္တဲ့ ၀ိန္းရြန္နီ ငယ္ငယ္တုန္းကနဲ႔အတူတူပဲလု႔ိဆိုခဲ့ေပမယ့္ သူ႔ေတြ႕ဖူးသမွ်ထဲမွာေတာ့ အေကာင္းဆုံးေတြထဲက တစ္ေယာက္ပါလုိ႔ ခ်ီးက်ဴးလုိက္ပါတယ္။ ေနာက္တစ္ဆင့္ေသခ်ာၿပီးသားျဖစ္ေပမယ့္လညး မန္ယူဟာ အယ္ခမာနဲ႔အိမ္ကြင္းပြဲမွာ အေကာင္းဆုံးမစတင္ႏိုင္ခဲ့ဘဲ ပထမပိုင္းဂိုးမရွိသေရက်ခဲ့ကာ ဒုတိယပိုင္းေရာက္မွသာ ဂိုးမိုးရြာႏုိင္ခဲ့ကာ ဂရင္း၀ုဒ္ေၾကာင့္ ဂိုးမိုးရြာႏိုင္ခဲ့တာပါ။

အဲဒီမန္ယူအကယ္ဒမီထြက္ကစားသမားေလးဟာ ၂ ဂိုးသြင္းယူခဲ့သလို ကြင္းလယ္လူမာတာသြင္းယူတဲ့ပင္နယ္တီကလည္း သူ႔ေၾကာင့္သာ ရရွိခဲ့တာပါ။ အယ္ခမာနဲ႔ အဲဒီပြဲက သြင္းဂိုး ၂ ဂိုးေၾကာင့္ ၁၈ ႏွစ္အရြယ္ ဂရင္း၀ုဒ္ဟာ အဓိကဥေရာပၿပိဳင္ပြဲႀကီးမွာ မန္ယူအတြက္ ၂ ဂိုးသြင္းႏိုင္ခဲ့တဲ့ အသ္က္အငယ္ဆုံးမန္ယူကစားသမားျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ ဒီရာသီဥေရာပအဆင့္မွာ မန္ယူရဲ႕ထိပ္တန္းဂိုးသြင္းရွင္ျဖစ္လာခဲ့ၿပီး မန္ယူအတြက္ ၿပိဳင္ပြဲအရပ္ရပ္မွာလည္း သူ႔ထက္ဂိုးသြင္းမ်ားတာဆုိလို႔ ရက္ရွ္ဖို႔ဒ္ တစ္ေယာက္သာ ရွိပါေတာ့တယ္။

ဒါေၾကာင့္လည္း နည္းျပဆိုးလ္ရွားဟာ ပြဲအၿပီးမွာ ဂရင္း၀ုဒ္ရဲ႕အဆုံးသတ္ပိုင္းနဲ႔ပတ္သက္လို႔ အထူးခ်ီးက်ဴးမႈျပဳလုပ္ခဲ့ပါတယ္။ ဒီအလိုအသက္အရြယ္မွာ ဂရင္း၀ုဒ္လိုေကာင္းတဲ့သူကို ေတြ႕ဖူးလားလုိ႔ ေမးျမန္းေတာ့ ဆုိးလ္ရွားက”ေကာင္းတဲ့လူငယ္ကစားသမားအခ်ိဳ႕ကို ကၽြန္ေတ္ျမင္ဖူးပါတယ္။ ရြန္းနီနဲ႔လည္း ကၽြန္ေတာ္ကစားခဲ့ဖူးပါတယ္။ ဒါေပမဲ့ ေမြးရာပါအဆုံးသတ္ပိုင္းမွာေတာ့ ဂရင္း၀ုဒ္ဟာ ကၽြန္ေတာ္ေတြ႕ဖူးသမွ်အေကာင္းဆုံးေတြထဲက တစ္ေယာက္ပါပဲ”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ဂရင္း၀ုဒ္ဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလကမွ အသက္ ၁၈ ႏွစ္ျပည့္ခဲ့တာပါ။