ရွန်းနီရဲ့ အသင်း အမှတ်တွေ အနုတ်ခံရပြီး တန်းဆင်းရဖို့ နီးစပ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝိန်းရွန်းနီ ကိုင်တွယ်နေတဲ့ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းဟာ ငွေကြေး အရှုပ်အရှင်း ကိစ္စတွေကြောင့် ထပ်တိုး အမှတ်လျော့ ပြစ်ဒဏ်တွေ ထပ်မံ ကျခံရဖို့ ရှိနေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဒါဘီအသင်းဟာ ဝိန်းရွန်းနီရဲ့ ဦးဆောင်မှုနဲ့ အတူ ယခုနှစ် ဘောလုံးရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၁၇ပွဲ ကစား ၃ပွဲနိုင် ၉ပွဲသရေ ၅ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ ရမှတ် ၁၈မှတ် အထိ စုဆောင်းနိုင်ခဲ့ပေမယ့်

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေရဲ့ ၁၂မှတ်လျှော့ ပြစ်ဒဏ်ကို ကျခံထားရတာကြောင့် ရမှတ်၆မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အောက်ဆုံးကို ရောက်ရှိနေပါတယ်။

အက်ဖ်အေရဲ့ ဒါဘီအသင်း အပေါ် အရေးယူမှုတွေဟာ ရပ်တန့်ခြင်း မရှိသေးဘဲ ဒါဘီအသင်းရဲ့ ဝင်ငွေ ၊ ထွက်ငွေတွေကို

စစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်ခဲ့ရာ ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်ကြောင်း ထပ်မံ တွေ့ရှိတာကြောင့် နောက်ထပ် ရမှတ် ၉မှတ်လျှော့ ပြစ်ဒဏ်ကို ချမှတ်ဖို့ စီစဉ်နေကြောင်း သတင်းတွေက ဆိုပါတယ်။

တကယ်လို့ အဲဒီသတင်းသာ မှန်ကန်မှု ရှိခဲ့ပါက ဒါဘီအသင်းဟာ လက်ရှိအချိန်မှာ သူတို့ ရရှိထားတဲ့ ရမှတ် ၆မှတ်စလုံးကို လက်လွှတ် ဆုံးရှုံးရဖို့ ရှိနေသလို

-၃ ဖြစ်သွားတဲ့ အခြေအနေကြောင့် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆက်လက် ကစားခွင့် ရဖို့ မလွယ်ကူတော့ဘဲ တန်းဆင်းရဖို့ အခွင့်အလမ်း များပြားနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

႐ြန္းနီရဲ႕ အသင္း အမွတ္​ေတြ အႏုတ္ခံရၿပီး တန္းဆင္းရဖို႔ နီးစပ္ေန

ဝိန္း႐ြန္းနီ ကိုင္တြယ္ေနတဲ့ ခ်န္ပီယံရွစ္ကလပ္ ဒါဘီအသင္းဟာ ေငြေၾကး အရႈပ္အရွင္း ကိစၥေတြေၾကာင့္ ထပ္တိုး အမွတ္ေလ်ာ့ ျပစ္ဒဏ္ေတြ ထပ္မံ က်ခံရဖို႔ ရွိေနေၾကာင္း ၿဗိတိန္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

ဒါဘီအသင္းဟာ ဝိန္း႐ြန္းနီရဲ႕ ဦးေဆာင္မႈနဲ႔ အတူ ယခုႏွစ္ ေဘာလုံးရာသီ ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ၁၇ပြဲ ကစား ၃ပြဲႏိုင္ ၉ပြဲသေရ ၅ပြဲရႈံး ဆိုတဲ့ ရလဒ္နဲ႔ ရမွတ္ ၁၈မွတ္ အထိ စုေဆာင္းႏိုင္ခဲ့ေပမယ့္ အဂၤလန္ ေဘာလုံးအဖြဲ႕ခ်ဳပ္ အက္ဖ္ေအရဲ႕ ၁၂မွတ္ေလွ်ာ့ ျပစ္ဒဏ္ကို က်ခံထားရတာေၾကာင့္ ရမွတ္၆မွတ္နဲ႔ အမွတ္ေပးဇယားရဲ႕ ေအာက္ဆုံးကို ေရာက္ရွိေနပါတယ္။

အက္ဖ္ေအရဲ႕ ဒါဘီအသင္း အေပၚ အေရးယူမႈေတြဟာ ရပ္တန႔္ျခင္း မရွိေသးဘဲ ဒါဘီအသင္းရဲ႕ ဝင္ေငြ ၊ ထြက္ေငြေတြကို စစ္ေဆးမႈေတြ ဆက္လက္ ျပဳလုပ္ခဲ့ရာ ဘ႑ာေရး စည္းမ်ဥ္း ခ်ိဳးေဖာက္မႈေတြ ရွိေနဆဲ ျဖစ္ေၾကာင္း ထပ္မံ ေတြ႕ရွိတာေၾကာင့္ ေနာက္ထပ္ ရမွတ္ ၉မွတ္ေလွ်ာ့ ျပစ္ဒဏ္ကို ခ်မွတ္ဖို႔ စီစဥ္ေနေၾကာင္း သတင္းေတြက ဆိုပါတယ္။

တကယ္လို႔ အဲဒီသတင္းသာ မွန္ကန္မႈ ရွိခဲ့ပါက ဒါဘီအသင္းဟာ လက္ရွိအခ်ိန္မွာ သူတို႔ ရရွိထားတဲ့ ရမွတ္ ၆မွတ္စလုံးကို လက္လႊတ္ ဆုံးရႈံးရဖို႔ ရွိေနသလို -၃ ျဖစ္သြားတဲ့ အေျခအေနေၾကာင့္ ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ဆက္လက္ ကစားခြင့္ ရဖို႔ မလြယ္ကူေတာ့ဘဲ တန္းဆင္းရဖို႔ အခြင့္အလမ္း မ်ားျပားေနပါတယ္။