ရွန်နေး၊အချိန်ပို ၄ဂိုးနဲ့ မေဂျာလိဂ်ကစားသမားဘ၀ စိတ်ပျက်စရာအဆုံးသတ်

D.C. United forward Wayne Rooney walks off the pitch for the last time in his MLS career, an Eastern Conference first-round playoff soccer match against Toronto FC in Toronto on Saturday, Oct. 19, 2019. (Frank Gunn/The Canadian Press via AP)
PC ; AP

အင်္ဂလန်တိုက်စစ်မှူးဟောင်းဝိန်းရွန်နေးရဲ့ အမေရိကန်စွန့်စားခန်းခရီးရှည်ကတော့ ဆိုးရွားတဲ့ပုံစံမျိုးနဲ့ အဆုံးသတ်ခဲ့ရပါတယ်။အကြောင်းကတော့ သူ့ရဲ့အသင်း ဒီစီယူနိုက်တက်ဟာ ကနေဒါမှာကစားတဲ့ MLS ပလေးအော့ဖ်ပွဲစဉ်မှာ တိုရွန်တိုအက်ဖ်ဟီကို ၅-၁ဂိုးနဲ့အရှုံးပေးခဲ့ရလို့ပါပဲ။မန်ယူတိုက်စစ်မှူးဟောင်းဟာ ဒါဘီကောင်တီရဲ့ ကစားသမားနည်းပြအဖြစ် အင်္ဂလန်ကိုပြည်တော်ပြန်ဝင်လာဖို့ စီစဉ်ထားသူပါ။

PC ; Internet

ဒီပွဲမှာ သူဟာ ပြဇာတ်ဆန်တဲ့နောက်ကျချေပဂိုးကြောင့် ဒီစီယူနိုက်တက်အသင်း အချိန်ပိုအထိခရီးဆက်ရအောင် အသင်းဖော်တွေနဲ့အတူ စွမ်းသလောက်ယူညီပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ ရိုဒရီဂွက်ဇ်ရဲ့နောက်ကျချေပဂိုးဟာလည်း အချည်းနှီးပဲဆိုတာ သူတို့နောက်မှသိခဲ့ကြရပါတယ်။တိုရွန်တိုအတွက် လာရီရာက အချိန်ပိုဆက်ကစားလို့ ၃မိနစ်မှာ ဦးဆောင်ဂိုး၊အိုဆိုရီယိုက နောက်ထပ် ၂ဂိုး၊ဒီလီယွန်က ပွဲသိမ်းဂိုးသွင်းလိုက်ချိန်မှာ ဒီစီယူနိုက်တက်ရဲ့အရှုံးက ပြတ်သားသွားခဲ့ရပါပြီ။

PC ; Internet

ရွန်နေးကတော့ ပွဲချိန် ၁၀၅မိနစ်မှာ ဂျာရာနဲ့လူစားလဲပြီး သူ့ရဲ့မေဂျာလိဂ်ကစားသမားဘဝကို အသင်းရဲ့ဆိုးရွားတဲ့အခြေအနေကို စိတ်မသက်သာစွာကြည့်ရှုရင်းနဲ့ အဆုံးသတ်ခဲ့ရတာပါ။သူ့အနေနဲ့ လက်ရှိအချိန်မှာ အားလပ်ရက်ရရှိသွားပြီဖြစ်သလို လာမယ့်ဇန်နဝါရီမှာတော့ ဒါဘီကောင်တီသင်းနဲ့အတူ မြင်ကြရတော့မှာပါ။

(zawgyi)

အဂၤလန္တိုက္စစ္မွဴးေဟာင္း၀ိန္းရြန္ေနးရဲ႕ အေမရိကန္စြန္႔စားခန္းခရီးရွည္ကေတာ့ ဆိုးရြားတဲ့ပံုစံမ်ိဳးနဲ႔ အဆံုးသတ္ခဲ့ရပါတယ္။အေၾကာင္းကေတာ့ သူ႔ရဲ႕အသင္း ဒီစီယူႏိုက္တက္ဟာ ကေနဒါမွာကစားတဲ့ MLS ပေလးေအာ့ဖ္ပြဲစဥ္မွာ တိုရြန္တိုအက္ဖ္ဟီကို ၅-၁ဂိုးနဲ႔အရံႈးေပးခဲ့ရလို႔ပါပဲ။မန္ယူတိုက္စစ္မွဴးေဟာင္းဟာ ဒါဘီေကာင္တီရဲ႕ ကစားသမားနည္းျပအျဖစ္ အဂၤလန္ကိုျပည္ေတာ္ျပန္၀င္လာဖို႔ စီစဥ္ထားသူပါ။ဒီပြဲမွာ သူဟာ ျပဇာတ္ဆန္တဲ႔ေနာက္က်ေခ်ပဂိုးေၾကာင့္ ဒီစီယူႏိုက္တက္အသင္း အခ်ိန္ပိုအထိခရီးဆက္ရေအာင္ အသင္းေဖာ္ေတြနဲ႔အတူ စြမ္းသေလာက္ယူညီေပးႏိုင္ခဲ့ပါတယ္။ဒါေပမဲ့ ရိုဒရီဂြက္ဇ္ရဲ႕ေနာက္က်ေခ်ပဂိုးဟာလည္း အခ်ည္းႏွီးပဲဆိုတာ သူတို႔ေနာက္မွသိခဲ့ၾကရပါတယ္။တိုရြန္တိုအတြက္ လာရီရာက အခ်ိန္ပိုဆက္ကစားလို႔ ၃မိနစ္မွာ ဦးေဆာင္ဂိုး၊အိုဆိုရီယိုက ေနာက္ထပ္ ၂ဂိုး၊ဒီလီယြန္က ပြဲသိမ္းဂိုးသြင္းလိုက္ခ်ိန္မွာ ဒီစီယူႏိုက္တက္ရဲ႕အရံႈးက ျပတ္သားသြားခဲ့ရပါၿပီ။ရြန္ေနးကေတာ့ ပြဲခ်ိန္ ၁၀၅မိနစ္မွာ ဂ်ာရာနဲ႔လူစားလဲၿပီး သူ႔ရဲ႕ေမဂ်ာလိဂ္ကစားသမားဘ၀ကို အသင္းရဲ႕ဆိုးရြားတဲ့အေျခအေနကို စိတ္မသက္သာစြာၾကည့္ရႈရင္းနဲ႔ အဆံုးသတ္ခဲ့ရတာပါ။သူ႔အေနနဲ႔ လက္ရွိအခ်ိန္မွာ အားလပ္ရက္ရရွိသြားၿပီျဖစ္သလို လာမယ့္ဇန္န၀ါရီမွာေတာ့ ဒါဘီေကာင္တီသင္းနဲ႔အတူ ျမင္ၾကရေတာ့မွာပါ။