ရွန်နီ၊ အီတူး၊ တောရက်စ်တို့ထက် ဟက်ထရစ်အကြိမ်ပိုများတဲ့ ဟာလန်း တစ်ပွဲတစ်ဂိုးနှုန်းသာသွင်းနိုင်လို့ မကျေမနပ်ဖြစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နော်ဝေလူငယ်ကြယ်ပွင့်တိုက်စစ်မှူးဟာလန်းဟာ အခုလက်ရှိသူ့ရဲ့စွမ်းဆောင်ရည်အပေါ် အားမလိုအားမရဖြစ်နေပြီး သူက ကစားတဲ့ပွဲအရေအတွက်ထက် ဂိုးတွေအများကြီးပိုသွင်းနိုင်သင့်တယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။

အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ ဟာလန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဂျီဘရော်လ်တာအသင်းကို (၅-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပြီး နိုင်ငံအသင်းအတွက် (၁၅)ပွဲကစား၊ (၁၂)ဂိုးအထိသွင်းယူခဲ့ပြီးဖြ်စပါတယ်။

အဲဒီဟက်ထရစ်က ဟာလန်းရဲ့ကစားသမားဘဝတစ်လျှောက် ကလပ်နဲ့နိုင်ငံနှစ်သင်းပေါင်းမှာ (၁၁)ကြိမ်မြောက်ဟက်ထရစ်ဖြစ်ခဲ့ပြီး ဒါက ဘောလုံးလောကရဲ့နာမည်ကျော်ကစားသမားဟောင်းတွေဖြစ်တဲ့ ရွန်နီ၊ အီတူး၊ ဖာနန်ဒိုတောရက်စ်တို့ထက် ပိုများတဲ့အရေအတွက်ဖြစ်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးရွန်နီဟာ ကစားသမားဘဝတစ်လျှောက် ဟက်ထရစ်(၁၀)ကြိမ်သွင်းယူခဲ့ပြီး အီတူးက စုစုပေါင်း(၉)ကြိမ်၊ စပိန်နဲ့လီဗာပူးလ်ဂန္ထဝင်တိုက်စစ်မှူးတောရက်စ်က (၈)ကြိမ်သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့လည်း ဟာလန်းဟာ တစ်ပွဲတစ်ဂိုးနှုန်းသွင်းယူနိုင်တာနဲ့ မကျေနပ်ဘဲ ကစားတဲ့ပွဲအရေအတွက်ထက် ဂိုးတွေပိုသွင်းနိုင်ဖို့ ဆန္ဒပြင်းပြနေတာလည်းဖြစ်ပါတယ်။

ဟာလန်းက “ကျွန်တော်ဟာ ဖြစ်သင့်တဲ့ ဂိုးအရေအတွက်ရရှိအောင် မသွင်းနိုင်သေးပါဘူး။

ပျမ်းမျှတွက်ကြည့်ရင် ကျွန်တော့်ရဲ့သွင်းဂိုးမှတ်တမ်းက တစ်ပွဲတစ်ဂိုးနှုန်းလောက်ပဲရှိပါသေးတယ်။

တစ်ဦးတည်းခံစားချက်အရ ကစားတဲ့ပွဲရေအတွက်ထက်ကို ကျွန်တော် ဂိုးတွေပိုသွင်းနိုင်သ့င်တယ်လို့ ထင်ပါတယ်”ဆိုပြီး ပြောကြားခဲ့ပါတယ်။

မီဒီယာတွေက နော်ဝေအသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားဂျော်ဂျင်ဂျူဗီရဲ့ (၃၃)ဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်လားလို့ မေးမြန်းခဲ့တော့ ဟာလန်းက “အဲဒီစံချိန်ကို ချိုးဖျက်နိုင်ဖို့က ကျွန်တော့်ရဲ့ပစ်မှတ်ပဲဆိုတာ ခင်ဗျားတို့ ခန့်မှန်းနိုင်လောက်မှာပါ”လို့ ဖြေကြားခဲ့ပါတယ်။

ဟာလန်းအနေနဲ့ သူ့ရဲ့သွင်းဂိုးစွမ်းဆောင်ရည်မှတ်တမ်းအပေါ် အားမရဖြစ်နေပေမယ့် သူ့သွင်းဂိုးတွေကြောင့် နော်ဝေအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုတွင်းမှာ ထိပ်ဆုံးကနယ်သာလန်အသင်းနဲ့(၁၃)မှတ်စီတူညီသွားပြီဖြစ်လို့ ခြေစစ်ပွဲအောင်ဖို့အခြေအနေကောင်းနေပြီး

၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ ပထမဆုံးအကြိမ်ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်ချက်ရှိနေပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

႐ြန္နီ၊ အီတူး၊ ေတာရက္စ္တို႔ထက္ ဟက္ထရစ္အႀကိမ္ပိုမ်ားတဲ့ ဟာလန္း တစ္ပြဲတစ္ဂိုးႏႈန္းသာသြင္းႏိုင္လို႔ မေက်မနပ္ျဖစ္

ေနာ္ေဝလူငယ္ၾကယ္ပြင့္တိုက္စစ္မႉးဟာလန္းဟာ အခုလက္ရွိသူ႔ရဲ႕စြမ္းေဆာင္ရည္အေပၚ အားမလိုအားမရျဖစ္ေနၿပီး သူက ကစားတဲ့ပြဲအေရအတြက္ထက္ ဂိုးေတြအမ်ားႀကီးပိုသြင္းႏိုင္သင့္တယ္လို႔ ႀကဳံးဝါးေျပာဆိုခဲ့ပါတယ္။ အသက္(၂၁)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဟာလန္းဟာ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ဂ်ီဘေရာ္လ္တာအသင္းကို (၅-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့ၿပီး ႏိုင္ငံအသင္းအတြက္ (၁၅)ပြဲကစား၊ (၁၂)ဂိုးအထိသြင္းယူခဲ့ၿပီးျဖ္စပါတယ္။

အဲဒီဟက္ထရစ္က ဟာလန္းရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ ကလပ္နဲ႔ႏိုင္ငံႏွစ္သင္းေပါင္းမွာ (၁၁)ႀကိမ္ေျမာက္ဟက္ထရစ္ျဖစ္ခဲ့ၿပီး ဒါက ေဘာလုံးေလာကရဲ႕နာမည္ေက်ာ္ကစားသမားေဟာင္းေတြျဖစ္တဲ့ ႐ြန္နီ၊ အီတူး၊ ဖာနန္ဒိုေတာရက္စ္တို႔ထက္ ပိုမ်ားတဲ့အေရအတြက္ျဖစ္ခဲ့တာပါ။ မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီဟာ ကစားသမားဘဝတစ္ေလွ်ာက္ ဟက္ထရစ္(၁၀)ႀကိမ္သြင္းယူခဲ့ၿပီး အီတူးက စုစုေပါင္း(၉)ႀကိမ္၊ စပိန္နဲ႔လီဗာပူးလ္ဂႏၴဝင္တိုက္စစ္မႉးေတာရက္စ္က (၈)ႀကိမ္သြင္းယူခဲ့ပါတယ္။ ဒါေပမဲ့လည္း ဟာလန္းဟာ တစ္ပြဲတစ္ဂိုးႏႈန္းသြင္းယူႏိုင္တာနဲ႔ မေက်နပ္ဘဲ ကစားတဲ့ပြဲအေရအတြက္ထက္ ဂိုးေတြပိုသြင္းႏိုင္ဖို႔ ဆႏၵျပင္းျပေနတာလည္းျဖစ္ပါတယ္။

ဟာလန္းက “ကြၽန္ေတာ္ဟာ ျဖစ္သင့္တဲ့ ဂိုးအေရအတြက္ရရွိေအာင္ မသြင္းႏိုင္ေသးပါဘူး။ ပ်မ္းမွ်တြက္ၾကည့္ရင္ ကြၽန္ေတာ့္ရဲ႕သြင္းဂိုးမွတ္တမ္းက တစ္ပြဲတစ္ဂိုးႏႈန္းေလာက္ပဲရွိပါေသးတယ္။ တစ္ဦးတည္းခံစားခ်က္အရ ကစားတဲ့ပြဲေရအတြက္ထက္ကို ကြၽန္ေတာ္ ဂိုးေတြပိုသြင္းႏိုင္သ့င္တယ္လို႔ ထင္ပါတယ္”ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။ မီဒီယာေတြက ေနာ္ေဝအသင္းသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမားေဂ်ာ္ဂ်င္ဂ်ဴဗီရဲ႕ (၃၃)ဂိုးအေရအတြက္ကို ေက်ာ္ျဖတ္ႏိုင္မယ္လို႔ ယုံၾကည္လားလို႔ ေမးျမန္းခဲ့ေတာ့ ဟာလန္းက “အဲဒီစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖို႔က ကြၽန္ေတာ့္ရဲ႕ပစ္မွတ္ပဲဆိုတာ ခင္ဗ်ားတို႔ ခန႔္မွန္းႏိုင္ေလာက္မွာပါ”လို႔ ေျဖၾကားခဲ့ပါတယ္။

ဟာလန္းအေနနဲ႔ သူ႔ရဲ႕သြင္းဂိုးစြမ္းေဆာင္ရည္မွတ္တမ္းအေပၚ အားမရျဖစ္ေနေပမယ့္ သူ႔သြင္းဂိုးေတြေၾကာင့္ ေနာ္ေဝအသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအုပ္စုတြင္းမွာ ထိပ္ဆုံးကနယ္သာလန္အသင္းနဲ႔(၁၃)မွတ္စီတူညီသြားၿပီျဖစ္လို႔ ေျခစစ္ပြဲေအာင္ဖို႔အေျခအေနေကာင္းေနၿပီး ၁၉၉၈ ကမာၻ႔ဖလားေနာက္ပိုင္း အဓိကႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ ပထမဆုံးအႀကိမ္ပါဝင္ကစားခြင့္ရဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနၿပီျဖစ္ပါတယ္။