ရွန်နီဟာ အနာဂါတ်ရဲ့မန်ယူနည်းပြတစ်ယောက်လို့ ဆိုလိုက်တဲ့ ဆိုးလ်ရှား

photo-gettyimages

photo-gettyimages

ဝိန်းရွန်နီဟာ အနာဂါတ်မှာ မန်ယူနည်းပြဖြစ်လာလိမ့်မယ်လို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။ မန်ယူဟာ ကြာသပတေးညမှာ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်အဖြစ် ချန်ပီယံရှစ်ကလပ်ဒါဘီနဲ့ အဝေးကွင်းသွားကစားရမှာဖြစ်ပြီး အဲဒီမှာ သူတို့ဟာ အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်၊အသင်းသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းထားသူလည်းဖြစ်တဲ့ ရွန်နီနဲ့ရင်ဆိုင်ရမှာပါ။

photo-gettyimages

၃၄ နှစ်ရှိပြီဖြစ်တဲ့ရွန်နီဟာ ပြီးခဲ့တဲ့ဇန်နဝါရီ ၁ ရက်နေ့မှာ ဒါဘီကိုရောက်လာပြီး သူ့ရဲ့နည်းပြဘဝကို စတင်လိုက်တာပါ။ သူဟာ ဒါဘီမှာ နယ်သာလန်သားနည်းပြဖိလစ်ကိုကူးရဲ့လက်အောက် ကစားသမားနည်းပြတစ်ယောက်အဖြစ် ရှိနေတာပါ။ သူ့ရဲ့ရင့်ကျက်တဲ့အတွေ့အကြုံကြောင့် ဒါဘီအသင်းခေါင်းဆောင်တာဝန်ကိုလည်းယူထားပြီး ပွဲတိုင်းပါဝင်ကစားပေးနေပေမယ့် တစ်ဖက်တစ်လမ်းမှာလည်း ရွန်နီဟာ နည်းပြပိုင်းနဲ့ပတ်သက်လို့ လေ့လာသင်ယူနေကာ အတွေ့အကြုံရှာနေတာပါ။ ဒါကြောင့်လည်း ဆိုးလ်ရှားက ရွန်နီဟာ သူ့ခြေရာကိုနင်းပြီး မန်ယူနည်းပြဖြစ်လာလိမ့်မယ်လို့ ပြောကြားလိုက်တာပါ။

photo-gettyimages

sky sports သတင်းဌာနဲ့အင်တာဗျူးမှာ မန်ယူကို ရွန်နီနည်းပြနိုင်တဲ့ အခြေအနေအထိရောက်လာမယ်လို့  မြင်သလားလို့မေးမြန်းတော့ ဆိုးလ်ရှား”ဟုတ်ကဲ့(ရယ်လျက်)။ ဒီအလုပ်မှာ ကိုယ်ဘယ်လောက်ဝမ်းစာပြည့်နေပြီလဲဆိုတာနဲ့ ကိုယ်ဘယ်လောက်စိတ်ဆန္ဒရှိသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက ခင်ဗျားရဲ့ဘဝဖြစ်သွားမှာပါ။ ကစားသမားဘဝကုန်လွန်သွားပြီးနောက်မှာ အဲဒါဟာ အကောင်းဆုံးဒုတိယအလုပ်ပါပဲ။ ကျွန်တော့်အလုပ်ကိုလိုချင်တဲ့ကစားသမားဟောင်းတွေနဲ့ နည်းပြတွေ အများကြီးရှိတယ်ဆိုတာ သေချာပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

[Zawgyi]

ရြန္နီဟာ အနာဂါတ္ရဲ႕မန္ယူနည္းျပတစ္ေယာက္လုိ႔ ဆိုလိုက္တဲ့ ဆုိးလ္ရွား

၀ိန္းရြန္နီဟာ အနာဂါတ္မွာ မန္ယူနညး္ျပျဖစ္လာလိမ့္မယ္လို႔ ဆိုးလ္ရွားက ယုံၾကည္ေနပါတယ္။ မန္ယူဟာ ၾကာသပေတးညမွာ အက္ဖ္ေအဖလားပဥၥမအဆင့္ပြဲစဥ္အျဖစ္ ခ်န္ပီယံရွစ္ကလပ္ဒါဘီနဲ႔ အေ၀းကြင္းသြားကစားရမွာျဖစ္ၿပီး အဲဒီမွာ သူတို႔ဟာ အသင္းေခါင္းေဆာင္ေဟာင္းလည္းျဖစ္၊အသင္းသမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းထားသူလည္းျဖစ္တဲ့ ရြန္နီနဲ႔ရင္ဆိုင္ရမွာပါ။

၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ရြန္နီဟာ ၿပီးခဲ့တဲ့ဇန္န၀ါရီ ၁ ရက္ေန႔မွာ ဒါဘီကိုေရာက္လာၿပီး သူ႔ရဲ႕နည္းျပဘ၀ကို စတင္လိုက္တာပါ။ သူဟာ ဒါဘီမွာ နယ္သာလန္သားနည္းျပဖိလစ္ကုိကူးရဲ႕လက္ေအာက္ ကစားသမားနည္းျပတစ္ေယာက္အျဖစ္ ရွိေနတာပါ။ သူ႔ရဲ႕ရင့္က်က္တဲ့အေတြ႕အႀကဳံေၾကာင့္ ဒါဘီအသင္းေခါင္းေဆာင္တာ၀န္ကိုလည္းယူထားၿပီး ပြဲတိုင္းပါ၀င္ကစားေပးေနေပမယ့္ တစ္ဖက္တစ္လမ္းမွာလည္း ရြန္နီဟာ နည္းျပပိုင္းနဲ႔ပတ္သက္လို႔ ေလ့လာသင္ယူေနကာ အေတြ႕အႀကဳံရွာေနတာပါ။ ဒါေၾကာင့္လည္း ဆုိးလ္ရွားက ရြန္နီဟာ သူ႔ေျခရာကိုနင္းၿပီး မန္ယူနည္းျပျဖစ္လာလိမ့္မယ္လုိ႔ ေျပာၾကားလုိက္တာပါ။

sky sports သတင္းဌာနဲ႔အင္တာဗ်ဴးမွာ မန္ယူကို ရြန္နီနည္းျပႏိုင္တဲ့ အေျခအေနအထိေရာက္လာမယ္လို႔  ျမင္သလားလို႔ေမးျမန္းေတာ့ ဆုိးလ္ရွား”ဟုတ္ကဲ့(ရယ္လ်က္)။ ဒီအလုပ္မွာ ကိုယ္ဘယ္ေလာက္၀မ္းစာျပည့္ေနၿပီလဲဆုိတာနဲ႔ ကိုယ္ဘယ္ေလာက္စိတ္ဆႏၵရွိသလဲဆိုတဲ့အေပၚမွာ မူတည္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒါက ခင္ဗ်ားရဲ႕ဘ၀ျဖစ္သြားမွာပါ။ ကစားသမားဘ၀ကုန္လြန္သြားၿပီးေနာက္မွာ အဲဒါဟာ အေကာင္းဆုံးဒုတိယအလုပ္ပါပဲ။ ကၽြန္ေတာ့္အလုပ္ကိုလိုခ်င္တဲ့ကစားသမားေဟာင္းေတြနဲ႔ နည္းျပေတြ အမ်ားႀကီးရွိတယ္ဆိုတာ ေသခ်ာပါတယ္”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။